“ကရင်အမျိုးသား နှစ်သစ်ကူးနေ့”

ကရင်နှစ်သစ်ကူးနေ့ (သလေလဆန်း ၁ ရက်) က ကရင်အမျိုးသားတို့ရဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ်အဆက် ထိန်းသိမ်းလာတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသား လူမျိုးတို့ရဲ့ သမိုင်းဝင် နှစ်သစ်ကူးနေ့ဟာ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများ မပေါ်ပေါက်ခင် ၁၈၈၁ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဒေါကလု အသင်းကြီးရဲ့ ဦးဆောင်မှုကနေ စတင်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ပထမဆုံး အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက် ဖြစ်လာခဲ့ပါတယ်။

ကရင်လူမျိုးတို့ မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့တာ ဘီစီ ၇၃၉ ခုနှစ် ဖြစ်တဲ့အတွက် ထိုနှစ်က စတင်ပြီး ကရင်သက္ကရာဇ်အဖြစ် စတင်ရေတွက်ခဲ့ပါတယ်။ ထိုအချိန်က လွှတ်တော်အမတ် စောဂျွန်ဆင်ဒီဖိုးမင်းဟာ အားလုံးရဲ့ သဘောတူညီမှုကို ရယူခဲ့ပြီး သလေလဆန်း ၁ ရက်ကို ကရင်နှစ်သစ်ကူးအဖြစ် လွှတ်တော် တင်သွင်းခဲ့ပါတယ်။ နှစ်သစ်ကူးနေ့ကို ကရင်တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးခဲ့တဲ့ သမိုင်းဝင် အမွေအနှစ်နေ့အဖြစ် ဂုဏ်ယူကြပါတယ်။

နှစ်သစ်မင်္ဂလာပွဲ ရိုးရာအတီးအမှုတ်များ၊ သက်ကြီးဝါကြီး ဂါရဝပြုခြင်းနဲ့ ကောက်သစ်စားခြင်း ဓလေ့တို့ ပါဝင်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ဆုတောင်းမေတ္တာ ပို့သခြင်းတို့ ပြုလုပ်ကြတဲ့ ချစ်မြတ်နိုးဖွယ်ရာ ရိုးရာ အစဉ်အလာ ဖြစ်ပါတယ်။

နှစ်သစ်ကူးအခါသမယမှစ ကရင်အမျိုးသားတို့ စိတ်သစ်ကိုယ်သစ်၊ အားမာန်သစ်များနဲ့ ပိုမိုလှပ ငြိမ်းချမ်းသော အနာဂတ်ကို ကြိုးပမ်းဖော်ဆောင်နိုင်ကြပါစေလို့ ဇာတ်လမ်း Z-Lann မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

#ZLann #ZLann_Podcast #ဇာတ်လမ်း #KarenNewYear #ကရင်နှစ်သစ်ကူး # ကရင်အမျိုးသားနှစ်သစ်ကူးနေ့ #မြန့်မာ့ရိုးရာ

More Interesting Blogs from Zlann