“ဂန္ထဝင်နန်းတော်များ”

တစ်ချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ တခမ်းတနား စံမြန်းအုပ်စိုးခဲ့ကြဖူးတဲ့ နိုင်ငံအသီးသီးမှာ ရှေးခေတ်ဘုရင်တွေ အခိုင်အမာတည်ဆောက်ခဲ့ကြတဲ့ နန်းတော်ကြီးတွေရှိကြပါတယ်။ ဒီနေ့အချိန်ထိ ဘုရင်စနစ်ကိုလက်ခံကျင့်သုံးနေကြတဲ့ တချို့နိုင်ငံတွေမှာဆိုရင် ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုတွေဟာ အဆိုပါနန်းတော်ကြီးတွေမှာနေထိုင်ကြလျက်ရှိပြီး ဘုရင်စနစ်ဖျက်သိမ်းထားတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အဲဒီလိုနန်းတော်ကြီးတွေကို နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂရုတစိုက်ထိန်းသိမ်းထားလျက်ရှိနေတာကိုတွေ့ရပါတယ်။ ကမ္လာတစ်ဝှမ်းမှ ဒီလိုကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်ကြီးတွေရဲ့ အကြောင်းကိုတော့ Z-Lann ကနေတင်ဆက်ပေးထားတဲ့ “ဂန္ထဝင်နန်းတော်များ” ဆိုတဲ့ကဏ္ဍလေးမှာ နားဆင်ခံစားနိုင်ပါတယ်။

ကမ္ဘောဇသာဒီ နန်းတော်

အရှေ့တောင်အာရှတစ်ခွင်မှာ အထင်ရှားဆုံးဧကရာဇ်တစ်ပါးဖြစ်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအကြောင်းပဲဖြစ်ပါတယ်။ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဟာဆိုရင် မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှတစ်ခွင်မှာလည်း ထင်ရှားကျော်ကြားတဲ့ နန်းတော်ကြီးတစ်ခုဖြစ်ခဲ့ပြီး မျက်မှောက်ခေတ်ကာလမှာတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေထဲက တစ်ခုအဖြစ်နဲ့တည်ရှိလို့နေပါတယ်။ ဒါဆိုရင် ဒီနန်းတော်ကြီးနဲ့ပတ်သက်တဲ့ နောက်ထပ်စိတ်ဝင်စားစရာသမိုင်းအကြောင်းတွေကိုတော့ အောက်ကဗီဒီယိုလေးထဲမှာ ဆက်ပြီးလေ့လာရှုစားလိုက်ကြပါဦးနော်။

ဗာဆိုင်း နန်းတော်

၁၁ရာစုလောက်က ကျေးရွာလေးတစ်ရွာအဖြစ်သာ တည်ရှိခဲ့ပေမယ့် ယခုအခါမှာတော့ ကြီးမားကျယ်ဝန်းပြီး အနုပညာမြောက်လှတဲ့ ဗိသုကာပညာရပ်တွေနဲ့အတူတည်ဆောက်ထားတဲ့ အဆောက်အဦတွေ၊ခမ်းနားလှတဲ့ ရေတွင်း၊ရေကန်၊ရေပန်းနဲ့ ဥယျာဉ်ပန်းခြံတွေ တည်ရှိနေတဲ့ ဗာဆိုင်းနန်းတော်ကြီးအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

တားမြစ် နန်းတော်

ခေတ်အဆက်ဆက် စိုးစံခဲ့တဲ့ မင်းဧကရာဇ်တွေရဲ့ ပြုပြင်တိုးချဲ့တည်ဆောက်မှုတွေကြောင့် တရုတ်ဧကရာဇ် မင်းအဆက်ဆက်တို့ရဲ့ ဗိသုကာဟန်ပန်တွေ ပါဝင်နေတဲ့ တားမြစ်နန်းတော် (သို့မဟုတ်) တားမြစ်မြို့တော်က တရုတ်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ခမ်းနားထည်ဝါမှုတို့ကို လှစ်ဟဖော်ပြပေးနေတဲ့ နေရာတစ်ခုအဖြစ်တည်ရှိလို့နေပါတယ်။

ဘက်ကင်ဟမ် နန်းတော်

ကြီးကျယ်ခမ်းနားတဲ့ သမိုင်းအစဉ်အလာတွေနဲ့ ပြည့်နှက်နေတဲ့ လန်ဒန်မြို့ရဲ့အသဲနှလုံးဗြိတိသျှတော်ဝင် ဘက်ကင်ဟမ်နန်းတော်ကြီးအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ဘယ်လိုမျိုးရင်သပ်ရှုမောစရာကောင်းတဲ့ ကြီးကျယ်ခမ်းနားမှုသမိုင်းတွေ၊ အနုစိတ်ဗိသုကာလက်ရာတွေရှိနေသလဲဆိုတာကိုတော့ အောက်က ဗီဒီယိုလေးထဲမှာ ဆက်လက်ရှုစားလေ့လာနိုင်ပါတယ်နော်။

မြနန်းစံကျော် ရွှေနန်းတော်

မင်းတုန်းမင်းလက်ထက်မှာ စတင်တည်ဆောက်ခဲ့တဲ့ မန္တလေးနန်းတော်ကြီးဟာဆိုရင် မြန်မာဘုရင်တို့ နောက်ဆုံးထီးနန်းစိုက်ခဲ့တဲ့နေရာဖြစ်ပြီး ဒီနန်းတော်ကြီးကိုတော့ “မြနန်းစံကျော်ရွှေနန်းတော်” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။ နန်းတော်ကြီးရဲ့ နန်းဆောင်တော်တော်များများဟာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက မဟာမိတ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ပေမယ့်လည်း ၁၉၉၀ လွန်နှစ်တွေမှာတော့ မူလပုံသဏ္ဍာန်အတိုင်း ပြန်လည်တည်ဆောက်ခဲ့တာကြောင့် ဒီနေ့အချိန်မှာဆိုရင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ်ရှိလို့နေပြီဖြစ်ပါတယ်။ ရှေးခေတ်မြန်မာဘုရင်တွေရဲ့ နေထိုင်မှုပုံစံ၊ အဆောင်အယောင်လက်ရာတွေကို တွေ့မြင်နိုင်တဲ့ “မြနန်းစံကျော်ရွှေနန်းတော်”ရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပေးပါတယ်နော်။

Schonbrunn နန်းတော်

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရဲ့ အနောက်တောင်ဘက်မှာတည်ရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၄၀၀ ကျော်ရှိနေပြီဖြစ်တဲ့ Schönbrunn နန်းတော်ကြီးဟာဆိုရင် သြစတြီးယားနိုင်ငံရဲ့ ရှေးဟောင်းဗိသုကာလက်ရာ၊ ယဉ်ကျေးမှုနဲ့ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပါတယ်။ဒီနန်းတော်ကြီးကိုတော့ ၁၄၄၀ ခုနှစ်ကနေ ၁၈၀၆ ခုနှစ်အထိ အနောက်ဥရောပနဲ့ အလယ်ပိုင်းဥရောပအစိတ်အပိုင်းအများစုကို စီမံအုပ်ချုပ်ခဲ့ကြတဲ့ ဟပ်စ်ဘာ့မင်းဆက် (Habsburg) တို့က သူတို့ရဲ့ နွေရာသီနေထိုင်ရာနန်းတော်အဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ဟပ်စ်ဘာ့တော်ဝင်မင်းမျိုးမင်းနွယ်တွေဟာဆိုရင် ဥရောပတိုက်ရဲ့ သြဇာအရှိဆုံးတော်ဝင်မိသားစုတွေဖြစ်တယ်လို့ သိရပါတယ်။ အခန်းပေါင်း ၁၄၄၁ ခန်းနဲ့ဖွဲ့စည်းထားတဲ့ Schönbrunn နန်းတော်ကြီးရဲ့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Topkapi နန်းတော်

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရဲ့ကျက်သရေဆောင် သမိုင်းဝင် Topkapi နန်းတော်ကြီးဟာဆိုရင် နှစ်ပေါင်း ၆၀၀ ကျော်သက်တမ်းရှိတဲ့ အော်တိုမန်အင်ပါယာကာလအတွင်းတုန်းက နှစ် ၄၀၀ ကျော်မျှ နိုင်ငံရဲ့ အုပ်ချုပ်ရေးဗဟိုဌာနအဖြစ် အသုံးပြုခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အကျယ်အဝန်း ၁၇၃ ဧကရှိပြီး လူပေါင်း ၄၀၀၀ ခန့်နေထိုင်နိုင်ခဲ့သည်အထိတိုင် ကြီးမားလွန်းလှတဲ့ ဒီနန်းတော်ကြီးကို ဘယ်လိုပုံစံမျိုးတည်ဆောက်ထားခဲ့သလဲ၊ နန်းတော်ကြီးရဲ့ နောက်ခံသမိုင်းတွေမှာရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေရှိနေသလဲ ဆိုတာကိုတင်ဆက်ပေးသွားမှာပါ။

တော်ဝင်မက်ဒရစ် နန်းတော်

ဥရောပတိုက်ရဲ့အကြီးဆုံးနန်းတော်အဖြစ် သတ်မှတ်ခံထားရတဲ့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က တော်ဝင်နန်းတော်ကြီးဟာဆိုရင် ဘုရင့်နန်းတော်ဖြစ်တယ်ဆိုပေမယ့်လည်း ကြီးမားလွန်းလှတာကြောင့် တော်ဝင်မိသားစုတွေဟာ နေထိုင်ခြင်းမရှိဘဲ နိုင်ငံံတော်အခမ်းအနားတွေ ကျင်းပဖို့အတွက်သာ အသုံးပြုတာဖြစ်ပါတယ်။ မက်ဒရစ်နန်းတော်တည်ရှိတဲ့နေရာဟာ ၉ ရာစုအစောပိုင်းတုန်းက ခံတပ်စခန်းတစ်ခုအဖြစ်သာရှိခဲ့ပေမယ့်လည်း (၁၅၃၇) ခုနှစ်မှာတော့ ပဉ္စမမြောက်ချားစ်ဘုရင်က ပထမဆုံးချဲ့ထွင်တည်ဆောက်မှုတွေကိုပြုလုပ်ခဲ့တာကြောင့် အဲဒီနောက်မှာ ကြီးမားတဲ့ ဂန္ထဝင်နန်းတော်ကြီးအသွင်ကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်နန်းတော်ကြီးနဲ့ပတ်သတ်တဲ့ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

Alhambra နန်းတော်

စပိန်နိုင်ငံ၊ တောင်ပိုင်း Granada မြို့ရဲ့ အရှေ့ဘက်ခြမ်းက La Sibina တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ Alhambra နန်းတော်ကြီးကိုတော့ မိမိကိုယ်ကို စော်ဘွားအဖြစ် ကြေညာခဲ့တဲ့ Muhammad ibn Nasr က (၁၂၃၈) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီနန်းတော်ကြီးမှာဆိုရင် အစ္စလာမ်ဗိသုကာလက်ရာတွေနဲ့ (၁၆) ရာစုနှောင်းပိုင်းကာလတုန်းက ခရစ်ယာန်ဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာကို တွေ့မြင်ရနိုင်ပြီး Alhambra ဆိုတာကတော့ အာရဗီဘာသာစကားနဲ့ အနီရောင်လို့ အဓိပ္ပာယ်ရပါတယ်။ Nasrid မင်းဆက်တို့ရဲ့ စီးပွားရေးကြွယ်ဝမှုတွေကိုတွေ့မြင်နိုင်တဲ့ ဒီနန်းတော်ကြီးမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်သမိုင်းကြောင်းတွေရှိတယ်ဆိုတာကိုတော့ ဆက်လက်နားဆင်နိုင်ပါတယ်။

တိုကျိုအင်ပါယာ နန်းတော်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ အလည်ခေါင်မှာရှိနေတဲ့ တိုကျိုအင်ပါယာနန်းတော်ကြီးဟာဆိုရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက မဟာမိတ်တပ်တွေရဲ့ အပြင်းအထန် ဗုံးကြဲဖျက်ဆီးခြင်းတွေကိုခံခဲ့ရပေမဲ့လည်း တော်ဝင်မိသားစုတွေကတော့ လက်ရှိအချိန်အထိတိုင် ဒီနန်းတော်ကြီးမှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေတဲ့ ဂျပန်တို့လက်နက်ချခြင်းကို ဂျပန်ဘုရင် ဟီရိုဟီတိုက တိုကျိုအင်ပါယာနန်းတော်ကြီးရဲ့ လေကြောင်းကာကွယ်ရေး မြေအောက်ခန်းအတွင်းကနေ ဆုံးဖြတ်ချက်ချခဲ့တာကြောင့် ဒီနန်းတော်ကြီးဟာ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းအကြောင်းအရာတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့် စိတ်ဝင်စားစရာကောင်းလှတဲ့ တိုကျိုအင်ပါယာနန်းတော်ကြီးအကြောင်းကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

နွေရာသီ နန်းတော်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရဲ့ အနောက်ဘက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ (၁၇၅၀) ခုနှစ်တုန်းက ချင်းမင်းဆက်တို့တည်ဆောက်ခဲ့တဲ့ နွေရာသီနန်းတော်ကြီးတည်ရှိလို့နေပါတယ်။ ဧကပေါင်း (၈၀၀) ကျော် ကျယ်ဝန်းတဲ့ ဒီနန်းတော်ကြီးရဲ့ ထူးခြားမှုတစ်ခုကတော့ ဘုရင့်နန်းတော်အဆောက်အဦးတွေကို လူတွေဖန်တီးတည်ဆောက်ထားတဲ့ သဘော၀ရှခင်းတွေနဲ့ ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ နွေရာသီနန်းတော်အဖြစ် တရားဝင်မဖြစ်ပေါ်ခင်အချိန်တုန်းကတော့ ဒီနန်းတော်ကြီးရဲ့နေရာမှာ နန်းဆောင်တွေတည်ဆောက်ခဲ့သလို အဲဒီနောက်မှာလည်း ရေလှောင်ကန်အဖြစ်တူးဖော်ခဲ့ပါသေးတယ်။ဒါကြောင့်မို့ ဒီ​နွေရာသီနန်းတော်ကြီးနဲ့ပတ်သက်တဲ့ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတော့ ဆက်လက်နားစဥ်ကြည့်ကြပါဦးနော်။

Potala နန်းတော်

အာရှတိုက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးသော နန်းတော်တွေထဲမှာပါဝင်တဲ့ ပိုတာလာနန်းတော်ကြီးကတော့ တိဘက်ဒေသမှ လာဆာမြို့ရဲ့ တောင်ထွတ်တစ်ခုပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ဒီနန်းတော်ကို ၇ ရာစုပိုင်းတုန်းက အလယ်ပိုင်းဒေသမှ မင်းသမီးနှစ်ပါးနဲ့လက်ဆက်ခဲ့တဲ့ ထူပေါ်ဘုရင်ဟာ မင်းသမီးတွေနေထိုင်ဖို့အတွက် ဆောက်လုပ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပိုတာလာနန်းတော်ကြီးမှာ တိဗက်လူမျိုးတွေရဲ့ သမိုင်းဆိုင်ရာအကြောင်းအရာတွေ၊ ဘာသာရေးရှေးဟောင်းပစ္စည်းတွေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ထားတဲ့ အခန်းတွေအပြင် ဆင်းတုတော်တွေ၊ ဆေးရေး ပန်းချီကားတွေနဲ့ ပန်းပုလက်ရာတွေအမြောက်အများကိုတွေ့ရှိရနိုင်တာကြောင့် ဒီနန်းတော်ကြီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ဆက်လက်နားဆင်ကြည့်နိုင်ပါတယ်နော်။

Diocletian နန်းတော်

Diocletian နန်းတော်ကြီးဟာဆိုရင်တော့ ခရိုအေးရှားနိုင်ငံ Split မြို့မှာတည်ရှိပြီး ထီးနန်းစွန့်ခဲ့တဲ့ ပထမဆုံး ရောမဧကရာဇ် Diocletian နေထိုင်ခဲ့တဲ့ နန်းတော်ကြီးဖြစ်ပါတယ်။ ကြီးမား ကျယ်ဝန်းတဲ့ နန်းတော်ကြီးရဲ့ တစ်ဝက်ခန့်ဟာ ဧကရာဇ် Diocletian သီးသန့်နေထိုင်ဖို့ ဖြစ်ပြီး ကျန်တစ်ဝက်က မြို့စောင့်တပ်စခန်း အဖြစ်တည်ရှိခဲ့တာပါ။ ရောမခံတပ်ပုံစံ အငွေ့အသက်တွေ့ပါဝင်နေပြီး နန်းတော်ထဲမှာ ရေးထွင်းထားတဲ့ အက္ခရာတွေထဲမှာလည်း ဂရိအက္ခရာများစွာပါဝင်နေတဲ့ ဒီ Diocletian နန်းတော်ကြီးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတွေကို ဆက်လက်နားဆင်နိုင်ပါတယ်နော်။

Golestan နန်းတော်

2013 ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Golestan နန်းတော်ကြီးဟာ အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ တည်ရှိနေပါတယ်။ တီဟီရန်မြို့ဟာ ရှေးယခင်က ရွာငယ်လေးတစ်ရွာအဖြစ်သာတည်ရှိခဲ့ပေမယ့် သာယာပြီးအေးမြတဲ့ ရာသီဥတုကြောင့် အီရန်နိုင်ငံကို Safavid မင်းဆက်တို့ အုပ်စိုးခဲ့စဉ်က တော်ဝင်မိသားစုတွေနေထိုင်ဖို့ နန်းတော်ကိုစတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်မှာတော့ ပါရှားအနုပညာလက်ရာတွေ၊ ၁၈ ရာစု အနောက်တိုင်းဥရောပဟန်တွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ခမ်းနားကြီးကျယ်တဲ့ Golestan နန်းတော်ကြီးအဖြစ် တည်ရှိလို့နေပါတယ်။ ဒီနန်းတော်ကြီးနဲ့ပတ်သက်တဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

ဘရပ်ဆဲလ် နန်းတော်

ဥရောပတိုက်ရဲ့ အလှဆုံးမြို့တော်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဘရပ်ဆဲလ်မြို့တော်ရဲ့ အလယ်မှာဆိုရင်တော့ ဘရပ်ဆဲလ် တော်ဝင်နန်းတော်ကြီး တည်ရှိနေပါတယ်။🙋
၁၁ရာစုမှာ နန်းတော်ကြီးကို စတင်တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် တိုးချဲ့တည်ဆောက်မှုတွေပြုလုပ်ခဲ့ရာ ၁၉၃၄ ခုနှစ်မှာတော့ လက်ရှိမြင်တွေ့နေရတဲ့ နန်းတော်ပုံစံအတိုင်း ပြီးစီးခဲ့ပါတယ်။😮 အများပြည်သူဝင်ရောက်လေ့လာနိုင်ဖို့ ၁၉၆၅ ခုနှစ်မှာ ပြတိုက်အဖြစ် ဖွင့်လှစ်ပေးခဲ့တဲ့ ဒီ ဘရပ်ဆဲလ်နန်းတော်ကြီးရဲ့ သမိုင်းကြောင်းနဲ့တကွ စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတော့ ဆက်လက်နားဆင်နိုင်ပါတယ်နော်။