“ဂန္ထဝင်လူပုဂ္ဂိုလ်ကြီးများ”

မြန်မာမှာသာမက ကမ္ဘာပေါ်မှာပါ ထင်ရှားကျော်ကြားပြီး ခေတ်အဆက်ဆက်မှာ တန်ဖိုးထားရလောက်တဲ့ စွန့်ဦးတီထွင် လူပုဂ္ဂိုလ်ကြီးတွေရဲ့ လေ့လာမှတ်သားဖို့ကောင်းတဲ့ ဘ၀အတ္ထုပတ္တိအကြောင်းအရာတွေ၊ လေးစားအတုစရာကောင်းတဲ့ စိတ်ဓာတ်နဲ့ခံယူချက်အကြောင်းတွေကိုတော့ “ဂန္ထဝင်လူပုဂ္ဂိုလ်ကြီးများ” ဆိုတဲ့ကဏ္ဍလေးကနေတစ်ဆင့် စုစည်းတင်ဆက်ပေးထားပါတယ်။

Jack Ma: စကားပြော စွမ်းရည်

Jack Ma ဟာ စီးပွားရေးအမြင်ရှိသူဖြစ်ရုံသာမက စကားပြောစွမ်းရည်ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် Jack Ma ဆီကနေ အတုယူသင့်တဲ့အရာတစ်ခုဖြစ်တဲ့ သူ့ရဲ့စကားပြောစွမ်းရည်အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: ဝန်ထမ်းတွေအပေါ် စီမံခံခွဲမှု

Alibaba Group အောင်မြင်နေရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်တဲ့ Jack Ma ရဲ့ ဝန်ထမ်းရွေးချယ်မှုနဲ့ စီမံခန့်ခွဲမှုပုံစံတွေကို လေ့လာမှတ်သားလို့ရအောင် ဗဟုသုတရဖွယ်အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: ငယ်ဘဝ

ချို့တဲ့ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာပေမယ့်လည်း လက်ရှိအချိန်မှာ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်အဖြစ်ကိုရောက်ရှိအောင် Jack Ma တစ်ယောက် ဘယ်လိုတွေဖြတ်သန်းခဲ့သလဲဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: ပထမဆုံး နိုင်ငံခြားခရီးစဥ်

Jack Ma ဟာ သူ့ရဲ့ပထမဆုံးနိုင်ငံရပ်ခြားခရီးကို ၁၉၈၅ ခုနှစ်မှာ သွားရောက်ခဲ့တာဖြစ်ပြီး သူ့ဘ၀ကို ပြောင်းလဲဖို့အတွက် အတွေးသစ်၊ အမြင်သစ်တွေကို ဒီနိုင်ငံခြားခရီးစဉ်ကနေရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဒါဆိုရင် အဲဒီနိုင်ငံရပ်ခြားခရီးက ဘယ်နိုင်ငံဖြစ်သလဲ၊ ဘယ်သူ့အကူအညီတွေနဲ့ ဒီခရီးကိုသွားရောက်ခဲ့သလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: အင်တာနက်

Jack Ma တစ်ယောက် နိုင်ငံရပ်ခြားမှာ အင်တာနက်ကို ဘယ်လိုစတင်ထိတွေ့ခွင့်ရခဲ့ပြီး အကျိုးရှိရှိအသုံးချရင်း အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေကို စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စတင်ခဲ့သလဲဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: အွန်လိုင်းစီးပွားရေး

Jack Ma တစ်ယောက် အွန်လိုင်းစီးပွားရေးလုပ်ငန်းကို ဘယ်လိုစတင်ခဲ့သလဲ၊ စတင်ခဲ့ချိန်မှာရော ဘယ်လိုမျိုးအခက်အခဲတွေရှိခဲ့သလဲဆိုတာကိုတင်ဆက်ပေးထားပါတယ်။

Jack Ma: အလီဘာဘာ

သာမန်ဆင်းရဲသားလူငယ်လေးအဖြစ်ကနေ ဒီနေ့အချိန်မှာတော့ သန်းကြွယ်သူဌေးကြီးတစ်ယောက်အဖြစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Jack Ma ဟာ အလီဘာဘာကုမ္ပဏီကိုတည်ထောင်ခဲ့စဉ်အချိန်ကတည်းက နာမည်ကအစ အရာရာတိုင်းကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့သလဲ၊ ဘယ်လိုစဉ်းစားတွေးခေါ်မှုမျိုးတွေ ပြုလုပ်ခဲ့သလဲ၊ ရရှိလာတဲ့အခွင့်အရေးတွေကိုရော ဘယ်လိုမျိုးအကျိုးရှိရှိအသုံးချခဲ့သလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: လူ့စွမ်းအား အရင်းမြစ်

လုပ်ငန်းအဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုရာမှာ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကို မှန်ကန်စွာရွေးချယ်ခန့်အပ်ထားဖို့ကလည်း အရေးကြီးတဲ့ကဏ္ဍတစ်ရပ်ကနေပါဝင်ပါတယ်။ Alibaba Group ကြီးရဲ့တည်ထောင်သူဖြစ်တဲ့ သူဌေးကြီး ဂျက်မားအနေနဲ့ သူ့ရဲ့လုပ်ငန်းစုကြီးအောင်မြင်ဖို့အတွက် ဝန်ထမ်းတွေကို ဘယ်လိုမျိုးစိစစ်ရွေးချယ်ခဲ့သလဲ၊ ရွေးချယ်ချိန်မှာရော ဘယ်လိုအခြေအနေတွေကိုတွေ့ကြုံခဲ့ရသလဲဆိုတာကို “ဂျက်မားနဲ့ လူ့စွမ်းအားအရင်းအမြစ်” ခေါင်းစဉ်နဲ့ တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: ရင်းနှီးမြုပ်နှံမှုများ

အလီဘာဘာကုမ္ပဏီကို စတင်တည်ထောင်တဲ့အခါမှာ သူဌေးကြီး Jack Ma တစ်ယောက် ရင်းနှီးမြှုပ်နှံမှုတွေရရှိလာဖို့အတွက် ဘယ်လိုမျိုးခက်ခဲတဲ့အခြေအနေတွေကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီး ခိုင်မာတဲ့ရည်မှန်းချက်တွေကို ဘယ်လိုချမှတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: အီဘေးကို နောက်ကောက်ချခြင်း

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ သူဌေးကြီး Jack Ma အနေနဲ့ စားသုံးသူတွေ လိုလားနေကြတဲ့အရာတွေနဲ့ အခက်အခဲတွေကို ပြိုင်ဘက်တွေထက် ပိုမိုသိရှိအောင်လုပ်ဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့အလီဘာဘာဟာ E-commerce ဈေးကွက်မှာ အစစအရာအရာ သာလွန်ရှေ့ရောက်နေတဲ့ အီဘေးကိုကျော်တက်နိုင်ခဲ့ပါကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: ပြိုင်ဘက်များ

စီးပွားရေးနယ်ပယ်ထဲကိုဝင်ရောက်လုပ်ကိုင်ပြီဆိုရင် လုပ်ငန်းတူအပြိုင်အဆိုင်တွေနဲ့ တွေ့ကြုံရင်ဆိုင်ရတာကတော့ ထုံးစံပါပဲ။ Alibaba Group တည်ထောင်သူဖြစ်သူ သူဌေးကြီး ဂျက်မားဆိုရင်လည်း တရုတ်ပြည်အီးကောမတ်စ်ဈေးကွက်မှာ သူနဲ့လုပ်ငန်းတူ ပြိုင်ဘက်တွေကိုတွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် “”ဂန္တဝင်လူပုဂ္ဂိုလ်ကြီးများ”” အစီအစဉ်မှာတော့ သူဌေးကြီး ဂျက်မားနဲ့ သူ တွေ့ကြုံခဲ့ရတဲ့ပြိုင်ဘက်တွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Jack Ma: အွန်လိုင်း‌ဈေးဝယ်မှုပုံစံ အသစ်

တရုတ်နိုင်ငံရဲ့ E-commerce စျေးကွက်ကို ဦးဆောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ အလီဘာဘာကုမ္ပဏီရဲ့တည်ထောင်သူ သူဌေးကြီး ဂျက်မားဟာဆိုရင် တရုတ်ပြည်သူတွေအကြားမှာ အွန်လိုင်းကနေစျေးဝယ်တတ်တဲ့ အလေ့အကျင့်သစ်ဖြစ်လာဖို့အတွက် ပြောင်းလဲပေးခဲ့သူဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဂျက်မား တည်ထောင်ထားတဲ့ အလီဘာဘာကုမ္ပဏီရဲ့ အွန်လိုင်းဈေးဝယ်မှုပုံစံသစ်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Jack Ma: လူသားအကျိုးပြု လုပ်ဆောင်ချက်များ

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးကြီးတစ်ယောက်ဖြစ်တဲ့အပြင် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအယောက် ၅၀ ထဲမှာလည်းပါဝင်တဲ့ Jack Ma ကိုတော့ ကမ္ဘာကျော် Alibaba Group ရဲ့ တည်ထောင်သူအဖြစ် ပိုမိုလူသိများကြမှာပါ။ တကယ်တော့ သူဟာ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်တဲ့အပြင် တရုတ်ပြည်ရဲ့ဒဿနပညာရှင်အဖြစ်နဲ့လည်း ထင်ပေါ်ကျော်ကြားပြီး မျိုးဆက်သစ်လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့်အရာတွေကို လမ်းညွှန်ပြောပြလေ့ရှိသူဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ပတ်မှာတော့ Jack Ma နဲ့ သူ ဆောင်ရွက်ခဲ့တဲ့ လူသားအကျိုးပြုလုပ်ဆောင်မှုတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။