ကမ္ဘာပေါ်မှာ ကိုးကွယ်ရာ ဘာသာတရားတွေများစွာရှိကြတဲ့အပြင် နိုင်ငံနဲ့လူမျိုးအလိုက် ကိုးကွယ်ယုံကြည်ကြတဲ့ နတ်ဘုရားတွေကလည်း များပြားလှပါတယ်။ ဒီအထဲမှာမှ ရှေးခေတ်ယဉ်ကျေးမှု နဲ့သမိုင်းအစဉ်အလာများစွာတိုးတက်ထွန်းကားခဲ့တဲ့ အီဂျစ်နိုင်ငံဟာ ကိုးကွယ်မှုတွေအားလုံးရဲ့အစလို့တောင်ဆိုနိုင်တဲ့အထိ နတ်ဘုရားတွေပေါများပါတယ်။ အီဂျစ်နိုင်ငံရဲ့ နတ်ဘုရားတွေဟာ ကိုယ်စီမတူညီတဲ့ အသွင်အပြင်တွေနဲ့ ထူးခြားတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။
ဒီနေ့မှာတော့ ရှေးဟောင်း အီဂျစ်နတ်ဘုရားတို့ ထဲကမှ ဟိုးရပ်စ် (Horus) နတ်ဘုရားအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဟိုးရပ်စ်ဟာ နတ်ဘုရားOsiris နဲ့ နတ်ဘုရားမ Isis တို့ရဲ့သားတော်ဖြစ်ပြီး ကြီးမြတ်လှတဲ့နတ်ဘုရား Ra ရဲ့မြေးတော်စပ်သူဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်တဲ့ Osiris ဟာ တမလွန်နတ်ဘုရားဖြစ်ပြီးတော့ မိခင်ဖြစ်တဲ့ Isis ကတော့ ကုသခြင်းနတ်ဘုရားမဖြစ်ပါတယ်။
သူ့ရဲ့ကုသနိုင်စွမ်းကြောင့်နာမည်ကျော်ကြားတဲ့Isisဟာ ကလေးတွေနဲ့အမျိုးသမီးတွေအပေါ်ကာကွယ်ပေးတတ်တာကြောင့်လည်း လူသိများပါတယ်။
.အမဲလိုက်တဲ့နေရာမှာကျွမ်းကျင်လှတဲ့ Horus နတ်ဘုရားကို အီဂျစ်လူမျိုးတွေက God of War လို့လည်း တင်စားကိုးကွယ်လေ့ရှိကြပါတယ်။ Horus ဟာလေဟုန်စီးရင်းတိုက်ခိုက်တဲ့နေရာမှာ သူမတူအောင်ကျွမ်းကျင်ပြီး ရန်သူကိုတိုက်ခိုက်တော့မယ့်အချိန်တွေမှာ လင်းယုန်အသွင်ပြောင်းပြီး တိုက်ခိုက်လေ့ရှိပါတယ်။ ရွှေရောင်တစ်ဖက်၊ ငွေရောင်တစ်ဖက် တည်ရှိနေတဲ့ သူ့ရဲ့မျက်လုံးတွေက သူ့ရဲ့အဓိကစွမ်းအားဖြစ်ပြီး ပစ်မှတ်ကိုတစ်ကြိမ်တစ်ခါမှမလွဲဖူးတဲ့ စူးရှတဲ့မျက်လုံးတွေလို့ တင်စားကြပါတယ်။
တခြားအီဂျစ်နတ်ဘုရားတွေနဲ့ မတူညီတဲ့အချက်ကတော့ Horus ဟာတခြားနတ်ဘုရားတွေနဲမတူဘဲ အတောင်ပံဖြန့်ကာ လေပေါ်ဝဲပျံပြီးပစ်မှတ်ကို သတ်ဖြတ်နိုင်သူဖြစ်ပါတယ်။ သူ့ရဲ့လက်နက်ဖြစ်တဲ့ လှံတံဟာလည်း ပစ်လိုက်တဲ့ ပစ်မှတ်နောက်ကို မလွဲစေဘဲ ဆက်တိုက်လိုက်နိုင်တာကြောင့် Horus ကို ယှဉ်ပြိုင်နိုင်တဲ့ ရန်သူ အင်မတန်ရှားပါးပြီး God of War ဆိုတဲ့ ဂုဏ်ပုဒ်ကိုစွဲကိုင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင်သူက ကောင်းကင်မှာပါပျံသန်းနိုင်သူဖြစ်တာကြောင့် သူ့ကို god of War and Sky , The Sky protector လို့ ညွှန်းဆိုနာမည်တပ်ခဲ့ကြပါတယ်။
Horusဟာ Heliopoltian Raceနတ်ဘုရားတစ်ပါးဖြစ်သလို အီဂျစ်နတ်ဘုရားတွေထဲမှာ ဩဇာအတော်လွှမ်းမိုးမှုရှိတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ စွမ်းအားကြီးမားတဲ့ မိခင်ဖခင်တို့ဆီက ဆင်းသက်လာသူဖြစ်ပြီး ကိုယ်တိုင်ကလည်း တခြားသူတွေယှဉ်နိုင်ဖို့ခက်ခဲတဲ့အစွမ်းတွေနဲ့ကြီးပြင်းလာတာကြောင့် မာန်မာနကြီးမားတယ်လို့ဆိုကြပါတယ်။ ဖခင်ဖြစ်သူOsirisသေဆုံးချိန်မှာ အီဂျစ်ရဲ့ ဖာရိုအကြီးအကဲတစ်ယောက်ဖြစ်လာမဲ့ Horus နဲ့ Osiris ရဲ့ညီတော်သူ Seth တို့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြတော့ အဲဒီတိုက်ပွဲဟာ အကြီးမားဆုံး တိုက်ပွဲကြီးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
တူအရီးတော်စပ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ နှစ်ပေါင်းရှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာ Horus က ဘယ်ဘက်မျက်လုံးဆုံးရှုံးခဲ့ရပြီးတော့မှ တိုက်ပွဲမှာအနိုင်ရခဲ့တာပါ။ အဲဒီနောက် နတ်ဘုရားမ Hathor ကြောင့် မျက်လုံးပြန်လည်ရရှိခဲ့ပြီး Eye Of Horus( အလုံးစုံ မြင်နိုင်သောမျက်လုံး) ဆိုတဲ့ ကာကွယ်ခြင်း အထိမ်းအမှတ်တစ်ခု အနေနဲ့ဖြစ်လာခဲ့ပါတယ်။ အဲဒီမျက်လုံးသင်္ကေတကို အပြာရောင် မျက်လုံးပုံစံနဲ့ မကောင်းဆိုးဝါးတွေနဲ့ မကောင်းတဲ့ဖြစ်ရပ်ဆိုးတွေကို ကာကွယ်ပေးတဲ့အရာအဖြစ် ဒီနေ့ခေတ်အထိ အသုံးပြုကြဆဲဖြစ်ပါတယ်။
=============================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။
ဖောင်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7
#ZLann #ZLann_Podcast #Egypt_God #Horus