ဂျပန်ဒဏ္ဍာရီလာ နတ်ဘုရားမတွေထဲက တစ်ဦးဖြစ်တဲ့ Amaterasu Ōmikamiရဲ့ အကြောင်းကို ဂျပန်ရှေးဟောင်းစာပေကျမ်းဂန်တွေဖြစ်တဲ့ Kojiki နဲ့ Nihon Shoki တို့အထဲမှာ ကောင်းကင်ဘုံမှာရှိတဲ့ Takamagahara ရဲ့ အုပ်စိုးရှင်လို့ ဖော်ပြကြပါတယ်။ သူ့ရဲ့မွေးချင်းမောင်နှမတွေကတော့ လနတ်ဘုရား Tsukuyomi နဲ့ မုန်တိုင်းနတ်ဘုရား Susanoo တို့ဖြစ်ကြပြီး တန်ဖိုးကြီးတဲ့ ရတနာသုံးပါးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
Amaterasu ရဲ့အမည်ဟာ ကောင်းကင်ရဲ့တောက်ပခြင်းနဲ့ ကြီးမြတ်တဲ့ဂုဏ်ဆောင်ခြင်းဆိုတဲ့ စကားလုံးတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီနာမည်က တခြားသော ရှေးဟောင်းကျမ်းဂန်တွေမှာ ပါဝင်တဲ့ နတ်ဘုရားတွေထက်တောင် ဆန်းကျယ်လေးနက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့နာမည်ကို တိုက်ရိုက်အဓိပ္ပာယ်ဖွင့်ရင် ကောင်းကင်နွေဦးနတ်ဘုရားလို့ ကောက်ယူလို့ရပြီး တခြားနာမည်တစ်ခုဖြစ်တဲ့’ Ōhirume’’ ကတော့ နေရောင်တောက်ပတဲ့အမျိုးသမီးလို့ အဓိပ္ပာယ်ရပါတယ်။
Izanagi နတ်ဘုရားရဲ့ သမီးတော်ဖြစ်တဲ့ Amaterasuနဲ့ပတ်သက်လို့ Kojiki နဲ့ Nihon Shoki လိုမျိုး မှတ်တမ်းတွေထဲမှာ လနတ်ဘုရားနဲ့ မုန်တိုင်းနတ်ဘုရားတို့ရဲ့ အစ်မတော်ဆိုပြီး ဖော်ပြထားကြတာပါ။ တချို့ မှတ်တမ်းတွေထဲမှာတော့ ကွဲပြားမှုအနည်းငယ်ရှိကြောင်း တွေ့ရပါတယ်။ Kojiki မှတ်တမ်းထဲမှာတော့ Kojiki, Amaterasu, Tsukuyomi နဲ့ Susanoo တို့မောင်နှမသုံးယောက်တို့ဟာ Himuka မှာရှိတဲ့ Tachibanaလွင်ပြင်ကနေ Awagihara ကိုသွားတဲ့ခရီးမှာ မြစ်ရေနဲ့ ကိုယ်ခန္ဓာကိုသန့်စင်ရာကနေ မွေးဖွားခဲ့တယ်လို့ ဆိုကြသလို ဘယ်ဘက်မျက်လုံးကို သန့်စင်ရာမှာ Amaterasu ကိုမွေးဖွားခဲ့ပြီး အဲဒီနောက်မှာတော့ နတ်ဘုရား Izanagi က သူ့ကို ကောင်းကင်လွင်ပြင်ကို အုပ်စိုးဖို့ တာဝန်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Nihon Shoki မှတ်တမ်းထဲမှာတော့ နတ်ဘုရား Izanagi နဲ့ Izanami တို့ဟာ ကျွန်းတစ်ခုကိုဖန်ဆင်းပြီးနောက် အတူတကွနေထိုင်ကြရင်း Amaterasu, Tsukuyomi, Hiruko နဲ့ Susanoo တို့ကိုမွေးဖွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Amaterasu ဟာ သူ့အစ်ကိုဖြစ်သူ Tsukuyomi ကို ကုန်းမြေကမ္ဘာကိုသွားရောက်ဖို့ စေလွှတ်ခဲ့ပေမဲ့ နတ်ဘုရားမ Ukemochi က မချေမငံဆက်ဆံခဲ့တာကြောင့် Amaterasuက အမျက်ထွက်ကာ သူတို့နှစ်ယောက်ကိုခွဲခွာစေခဲ့ပြီး နေ့နဲ့ညကိုလည်း ခွဲထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Amaterasu ကUkemochi ပျက်သုဉ်းရာကနေထွက်ပေါ်လာတဲ့ တိရစ္ဆာန်တွေနဲ့ အညစ်အကြေးတွေကို ထိန်းသိမ်းဖို့အတွက် Ame-no-Kumahito ကိုစေလွှတ်ခဲ့ပါတယ်။
Amaterasu ဟာ နေရဲ့စွမ်းအားတွေနဲ့ မွေးဖွားလာသူဖြစ်တာကြောင့် အလင်းနဲ့သက်ဆိုင်တဲ့စွမ်းအားတွေပိုင်ဆိုင်ပြီး ကြယ်တွေကိုလည်းထိန်းချုပ်နိုင်သူဖြစ်ပါတယ်။ အဲဒီလို တောက်ပတဲ့ကိုယ်ရောင်ကိုယ်ဝါတွေကိုပိုင်ဆိုင်ထားပေမဲ့ သူ့ရဲ့ စွမ်းအားတွေက ဘုရားသခင်ဖန်ဆင်းထားတဲ့ ကောင်းကင်တမန်တွေနဲ့တော့ ယှဉ်နိုင်ဖွယ်ရာမရှိလို့ ကိုယ်တိုင်ပြောဆိုခဲ့ဖူးပါတယ်။
သူဟာမောင်အငယ်ဖြစ်သူ Susanoo နဲ့လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး Susanoo ကို ကောင်းကင်ဘုံကနေနှင်ထုတ်ခဲ့ချိန်မှာ Amaterasuက မယုံမကြည်ဖြစ်ခဲ့တာကြောင့်စမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ လက်ခံတွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မိသားစုတွင်းရှုပ်ထွေးလှတဲ့ ပြဿနာတွေဆက်တိုက်ဖြစ်ပွားခဲ့ကြပြီး ရန်ငြိုးတွေ ကြီးထွားခဲ့ကာ အမုန်းမီးတွေ တောက်လောင်ခဲ့ကြပါတယ်။ နှစ်အတန်ကြာ ပဋိပက္ခတွေ အဆုံးသတ်သွားပြီးတဲ့နောက်မှာတော့ Amaterasuဟာ Tsukuyomi ကို လိုက်လံရှာဖွေခဲ့ပြီး မောင်တော်စပ်သူ Susanoo ရဲ့အကူအညီနဲ့ ပြန်လည်ဆက်သွယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သင့်မြတ်ရေးကို ပြန်လည်ဦးတည်နိုင်ခဲ့ပြီး Amaterasu က Tsukuyomi ကို ကောင်းကင်ဘုံဆီ ပြန်လည်ခေါ်ဆောင်ကာ အတူတကွပေါင်းစည်းရင်း အေးချမ်းတည်ငြိမ်စွာနဲ့ အုပ်စိုးခဲ့ကြပါတော့တယ်။