“ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ”

သဘာဝနဲ့ဆန့်ကျင်နေတဲ့ ထူးခြားတဲ့ သွင်ပြင်ပုံစံလက္ခဏာနဲ့ ဒဏ္ဍာရီပုံပြင်တွေထဲက သတ္တဝါဆန်းတွေ၊ စာပေကျမ်းဂန်တွေထဲ တိတိပပ ဖော်ပြထားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင်းအင်္ဂါရပ်တွေနဲ့ တောကြီးမျက်မဲအမှောင်ထုတွေကြား ကျင်လည်ကျက်စား အန္တရာယ်အလွန်ကြီးမားခဲ့တဲ့ တစ်ခေတ်တစ်ခါက ဒီလိုသတ္တဝါကြီးတွေ၊ သာမန်မြင်တွေ့နေကျပုံစံမဟုတ် ထူးခြားတဲ့အသွင်အပြင် ပိုင်ဆိုင်တဲ့ သတ္တဝါဆန်းတွေ နဲ့ ဒဏ္ဍာရီပုံပြင်တွေ ရာဇဝင်ကျမ်းဂန်တွေထဲမှာသာ တွေ့မြင်ရလေ့ရှိတဲ့ သဘာဝလွန်ဆန်းကြယ်မှုတွေဟာ တကယ်ရှိခဲ့သလား။….. ပုံပြင်ဒဏ္ဍာရီတွေအရ ကျောချမ်း ကြောက်လန့်စရာပေမဲ့ တကယ်တမ်းက ဒီသတ္တဝါတွေ ဘယ်လိုရှင်သန်နေထိုင်ခဲ့ကြသလဲ။ ဘယ်လိုအကြောင်းတရားတွေက ဒီသတ္တဝါတွေကို တန်ခိုးဣဒ္ဓိပါဒ် ရှိနေစေခဲ့ကာ လူသားတို့အပူဇော်ခံဖြစ်လာရသလဲ။ ခေတ်အဆက်ဆက်၊ ရာဇဝင်အဆက်ဆက် ယုံကြည်မှု မယုံကြည်မှုတွေနဲ့ ဆင့်ကဲပြောကြားလာတဲ့ ပါးစပ်ပြော ဒဏ္ဍာရီရာဇဝင်တွေထဲ ရှင်သန်နေခဲ့တဲ့ ဒီသတ္တဝါတွေအကြောင်းကို ပြောပြတင်ဆက်ပေးသွားမဲ့ “ပါးစပ်ပြောရာဇဝင်တို့၏ဒဏ္ဍာရီ”
[related_movies show_post_count="3"]

“မတူကွဲပြားဒေသအစားအစာများ”

နိုင်ငံအသီးသီး ဒေသအသီးသီး က ဟင်းလျာအစားအစာ ယဉ်ကျေးမှုတွေအကြောင်းကို ပြောပြတင်ဆက်ပေးထားတဲ့ Z-Lann ဇာတ်လမ်း ရဲ့ "မတူကွဲပြားဒေသအစားအစာများ"
[related_movies show_post_count="3"]

“စူးစမ်းရှာဖွေကမ္ဘာ့အမွေ”

သုတရသအစုံအလင် တင်ဆက်ပေးနေတဲ့ ဇာတ်လမ်း က ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ကို “စူးစမ်းရှာဖွေ ကမ္ဘာ့အမွေ” ဆိုတဲ့ အစီအစဉ်အသစ်တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစီအစဉ်လေးရဲ့ အမည်အတိုင်း “ကမ္ဘာ့ဇီဝနယ်မြေအဖွဲ့အစည်း (UNESCO)” က သတ်မှတ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက တန်ဖိုးမဖြတ်နိုင်တဲ့ အဆောက်အဦးတွေ၊ နေရာဒေသတွေ၊ မြို့ဟောင်းတွေရဲ့ အကြောင်းကို ဗဟုသုတ စုံလင်စွာ ရှာဖွေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားလှတဲ့ ကမ္ဘာ့အမွေအနှစ်တွေကို ပရိသတ်ကြီးတို့လည်း ဇာတ်လမ်း နဲ့ အတူတူ စူးစမ်းရှာဖွေလိုက်ကြရအောင်နော်။
[related_movies show_post_count="3"]