“အပွေးမြင် အပင်သိ”
စကားပုံဆိုတာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုပေါ်လွင်အောင် ပြောနိုင်တဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ မြန်မာစကားပုံတွေရဲ့ အဓိပ္ပာယ်အပြင် နိုင်ငံတကာစကားပုံတွေနဲ့ ဘယ်လို ဆက်စပ်နေလဲဆိုတာကို တင်ဆက်ပေးသွားမှာပါ။ ဒီနေ့ပြောပြချင်တဲ့ စကားပုံကတော့ “အပွေးမြင် အပင်သိ” ဖြစ်ပါတယ်။ သစ်ပင်ရဲ့ အခေါက်ကိုကြည့်ပြီး ဘယ်လိုအပင်မျိုးလဲဆိုတာ သိနိုင်သလို၊ လူတစ်ယောက်ရဲ့ အမူအရာနဲ့ စကားပြောပုံကိုကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အရည်အချင်းကို သိနိုင်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဒီစကားပုံကို “အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ” လို့လည်း တွဲပြီး သုံးလေ့ရှိပါတယ်။
#ZLann_Podcast #မြန်မာစကားပုံများ #အပွေးမြင်အပင်သိ #Burmeseproverbs #proverbs