ကလောင်ဓါးသွားနဲ့ မြန်မာအမျိုးသမီးတို့ကို ဆုံးမပဲ့ပြင်ခဲ့သူ ဂျာနယ်ကျော် မမလေး

ပါးလ်အက်စ်ဘတ်ရဲ့ ဆောင်းပါးကိုလည်း ဘာသာပြန်ဆို ခဲ့ပါတယ်။ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ဥက္ကဋ္ဌတာဝန်ကိုလည်း ၁၉၄၉-၁၉၅၀ မှာထမ်းဆောင်ခဲ့ပါတယ်။

၁၉၅၁နဲ့ ၁၉၅၂ မှာတော့ ‘စိတ်’ ဝတ္ထုနဲ့ ‘ကမ္ဘာမြေဝယ်’ ဝတ္ထုတို့ အသီးသီးထွက်ရှိခဲ့ကြပြီး တရုတ်နဲ့ဆိုဗီယက် သို့ ယဉ်ကျေးမှုအဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ ‘မုန်း၍မဟူ’ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပြီး စာပေဗိမာန်ဆု ရရှိခဲပါတယ်။ အဲဒီအချိန်က ဒေါ်မမလေးဟာ နယူးဒေလီမြို့၊ အာရှတိုက်စာရေး ဆရာများ ကွန်ဖရင့်ကိုတက်ရောက်နေတာလည်းဖြစ်ပါတယ်။ ‘မုန်း၍မဟူ’ စာအုပ်ကို အခြားဘာသာတွေ နဲ့လည်း ဘာသာပြန်ရေးသားထုတ်ဝေခဲ့ကြပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်မှာ မြန်မာနိုင်ငံရဲ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့တဲ့အပြင် ဂျပန်နိုင်ငံသို့လည်း အဏုမြူဆန့်ကျင်ရေး ကွန်ဖရင့် ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာတော့ ကျောင်းသားနိုင်ငံရေးလှုပ်ရှားသူ ဦးအောင်ဇေယျနဲ့ ဒုတိယ အိမ်ထောင်ပြုခဲ့ပါတယ်။

၁၉၆၁-၁၉၆၂ ခုနှစ် မှာတော့ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ စာပေကလပ် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဆရာမကြီးဟာ ဆေးပညာကိုလည်း စိတ်ဝင်စားသူဖြစ်တာကြောင့် ဆေးပညာဆိုင်ရာ ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပါတယ်။ ‘တွေးတစိမ့်စိမ်’ ဝတ္ထုတိုပေါင်းချုပ်ကို ၁၉၆၃ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့ပြီး အဲဒီနှစ်ရဲ့ အနုပညာစာပေဝတ္ထုတို တတိယဆုရရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် မှာတော့ ‘ရင်နင့်အောင်မွှေး’ ဝတ္ထုနဲ့ ‘မြန်မာ့ဆေးပညာ’ စာအုပ်တို့ ထွက်ရှိခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် မှာတော့ ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ‘ သွေး’ ဝတ္ထုကိုရေးသားခဲ့ရာမှာ ဖက်ဆစ်ကိုသင်ပုန်းချေဖို့အားပေးတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာ ဘာသာပြန်စာပေပြိုင်ပွဲ မှာ နိုင်ငံတကာ စာအုပ်ပေါင်း ၂၀၀၀ကျော်အနက် ပထမဆုရရှိခဲ့ပါတယ်။ ဒါအပြင် အဲဒီဝတ္ထုကို ဂျပန်နိုင်ငံက ရုပ်ရှင်ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ဒါအပြင် မင်းသမီးကြီး ကြည်ကြည်ဌေး အကြောင်းကို ရေးသားထားတဲ့ ‘မာလာရီ’ ဝတ္ထုကလည်း အောင်မြင်ခဲ့ပါတယ်။

ဂျာနယ်ကျော် မမလေးကလောင်အမည်အပြင် လှတခိုင်၊ ရဝေလှိုင်၊ ဘိုကလေး မတင်လှိုင် စတဲ့ ကလောင်ခွဲ တွေနဲ့လည်း စာတွေရေးသားခဲ့ပါတယ်။ ဆရာမကြီးဟာ ၁၉၈၂ ခုနှစ်၊ ဧပြီလ ၆ရက် နေ့မှာ ရန်ကုန်မြို့၊ ပြည်သာယာလမ်း၊ဘောက်ထော်နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာမကြီးဟာ စာပေလောကထဲကို အမှတ်မထင်ရောက်လာခဲ့ပေမဲ့ စာပေနယ်ထဲမှာ အောင်မြင်စွာ လက်ပစ်ကူးသွားနိုင်တဲ့ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဂျာနယ်ကျော် မမလေးအမည်နဲ့ရေးသားခဲ့တဲ့ စာပေတွေဟာ ယနေ့ထက်တိုင် စာပေချစ်သူတို့ တမ်းတမ်းစွဲဖတ်ရှုကြရတဲ့ စာကောင်းပေမွန်တွေဖြစ်ပါတယ်။

ဇာတ်လမ်း Z-Lann မှ တင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကို ဇာတ်လမ်း Z-Lann ရဲ့ YouTube ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့် နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။
#ZLann #ZLann_Podcast #ဂျာနယ်ကျော်မမလေး

More Interesting Blogs from Zlann