တရုတ်သင်္ချိုင်းကန်တော့ပွဲ (သို့မဟုတ်) ချင်းမင်ပွဲတော် ဆိုတာဟာ တရုတ်ရိုးရာဓလေ့မှာ အရေးပါတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ ချင်းမင်ပွဲတော်ရဲ့ သမိုင်းကြောင်းကို ပြန်ပြောရမယ်ဆိုရင် ပညာရှိအမတ်ကြီး ကျဲကျစ်ထွေး Jie Zitui ရဲ့အကြောင်းကို ချန်လှပ် ထားလိုမရပါဘူး။ လီကျီတော်လှန်ရေး ဖြစ်ပွားချိန်ကာလ ဘီစီ ၆၅၅ ခုနှစ်မှာ ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ချုံအော် မင်းသား ရဲ့နောက်ကို တခြား အမတ်တွေနဲ့အတူ ကျီအမတ်ကြီးလည်း လိုက်ပါစောင့်ရှောက်ပေး ခဲ့ပါတယ်။ လမ်းခရီးမှာ ရိက္ခာပြတ်လပ်သွားခဲ့တာကြောင့် ဆာလောင်နေတဲ့မင်းသားအတွက် အမတ်ကြီးက သူ့ရဲ့ပေါင်သားတစ်ချို လှီးဖြတ်ကာ ဟင်းရည်အဖြစ်နဲ့ ချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။
ဒီလိုနဲ့ ရှေ့ဆက်အသက်ရှင် နိုင်ခဲ့ပြီး ဘုရင်ဖြစ် လာတဲ့ ချုံအော်မင်းသားက သူလိုအပ်တဲ့အချိန်မှာ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ရာထူးတွေ ပေးအပ်ကာ နန်းတွင်းမှာ မှူးမတ်အဖြစ်နဲ့ ခန့်အပ်ပါတယ်။ ဘုန်းတန်ခိုးအရှိန်အဝါကြောင့် စိတ်ကြီး ဝင်နေခဲ့တဲ့ မင်းသားဟာ သူ့အပေါ်ကျေးဇူးရှိခဲ့ဖူးတဲ့ ကျီအမတ်ကြီးကို ချီးမြှင့်မြှောက်စားဖို မေ့လျော့ လို့နေခဲ့ တာတောင် အမတ်ကြီးက ဘာမှတောင်းဆိုခဲ့ခြင်းမရှိဘဲ မိခင်အိုကြီးနဲ့အတူ ဟိုးတောင်ပေါ် အရပ်မှာ ဇာတ်မြှုပ်ပြီး အေးအေး ချမ်းချမ်းသွားရောက်နေထိုင်ခဲ့ရှာတယ်။ ဒီသတင်းကို ကြားသိသွားခဲ့တဲ့ ချုံအော် မင်းသားဟာ သူ့ရဲ့ပျက်ကွက်မှု အတွက် ကြီးစွာစိတ်မကောင်းဖြစ်ပြီး ကျီအမတ်ကြီးကို မတွေ့တွေ့အောင် ရှာကြဖိုအတွက် အမိန့်တော်ပေး လိုက်ပါတယ်။ ဒါပေမဲ့လည်း တောအုပ်က သစ်ပင်တွေထူထပ်ပြီး ကြီးမားကျယ်ပြန့်လွန်း တာကြောင့် ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။ ချုံအော်မင်းသားက လက်မလျှော့ဘဲ ဘေးလူတွေအကြံပြုချက်အတိုင်း သစ်တောကိုမီးရှို့ ခိုင်းပါတော့တယ်။ သူ့ရဲ့ တိမ်လွန်းတဲ့ အတွေးထဲမှာ တောကိုမီးရှို့လိုက်ရင်တော့ ကျီအမတ်ကြီး ဘယ်လိုမှ ဆက်ပြီး ပုန်းအောင်းနေနိုင်မှာမဟုတ်ဘဲ ထွက်ပေါ်လာနိုင်တယ်လို ထင်နေခဲ့တာပေါ့။ နောက်ဆုံး တောတစ်ခုလုံးမီးလောင်ပြာကျပြီးတဲ့အချိန်ကျမှ မိခင်အိုကြီးကိုကျောပိုးထမ်းလျက် မိုးမခပင်အောက်မှာ မီးကျွမ်းသေဆုံးနေတဲ့ ကျီအမတ်ကြီးရဲ့ ရုပ်အလောင်းကို မိုးမခပင်ကြီးရဲ့ အောက်မှာ စိတ်မကောင်းစရာမြင်ကွင်းတစ်ခုအဖြစ်နဲ့ တွေ့ရှိခဲ့ကြရပါတော့တယ်။ သေဆုံးသွားတဲ့အမတ်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ၃ ရက်တိတိ မီးကို အသုံးမပြုကြဖို့ အမိန့် ထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။
ချင်မင်းဆက် နောက်ဆုံးနှစ်ကာလတွေမှာ လျိူပန်းနဲ့ ချူနိုင်ငံ ဘုရင် ရှန့်ယွီတို့ စစ်ပွဲ အတော်အကြာ ဖြစ်ပွား ခဲ့ပါတယ်။စစ်ပွဲတွေ အချိန်ကြာမြင့်စွာ ဖြစ်ပွားပြီး နောက်ဆုံးမှာတော့ လျိုပန်းက ဟန်မင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ် ဖြစ်လာခဲ့ပါတယ်။ သူက စစ်ပွဲတွေကို အောင်မြင်ပြီး ဧကရာဇ် ဖြစ်လာတဲ့အခါ မိဘတွေကို အောက်မေ့ သတိရပြီး မိဘတွေကို မြှုပ်နှံထားရာ သင်္ချိုင်းသို့ ဂါရဝပြုဖို့ရောက်လာခဲ့ပါတယ်။အဲဒီလိုရောက်လာခဲ့ပေမဲ့ အချိန်ကာလကြာမြင့်မှုနဲ့အတူ စစ်ဘေးဒဏ်တွေကြောင့် ခြုံနွယ်တို့ပိတ်ဖုံးနေတဲ့အတွက် မိဘ တို့ရဲ့ အုတ်ဂူကို ရှာမတွေ့ဘဲ ရှိခဲ့ပါတယ်။သူ့ရဲ့ စစ်သည်တွေနဲ့ အင်အားသုံး ရှာဖွေခဲ့ပေမဲ့ မတွေ့ဘဲရှိနေပါတယ်။
နောက်ဆုံးမှာတော့ လျိုပန်းဟာ သူ့မှာ ပါလာတဲ့ စာရွက်လေးတစ်ရွက်ကို လေထဲပစ် လိုက်ပြီး ဒီစာရွက်ကလေးဟာ ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူမှာ တင်ကျန်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။အဲဒီစာရွက်လေးဟာ လေနဲ့တူ လွင့်ပါသွားပြီး ဂူတစ်ဂူပေါ် တင်ကျန် နေခဲ့ပါတယ်။ လျိူပန်းက စာရွက်တင်ကျန်နေတဲ့ ဂူကိုသွားရောက်ပြီး ချုံနွယ်တွေကို ရှင်းလင်းတဲ့အခါမှာတော့ သူရဲ့ မိဘ မျိုးနွယ်စားလုံးတွေကို မသဲမကွဲ တွေ့မြင်တဲ့အတွက် များစွာပျော်ရွှင်မှုဖြစ်ပေါ်ပြီး ဂူကို ပြန်လည်ဆောက် လုပ်ခဲ့ပါတယ်။
အဲဒီအချိန်က စတင်ပြီး နှစ်စဉ်နှစ်တိုင်း ချင်းမိန်ပွဲတော်ဖြစ်ပေါ်လာပြီး ကွယ်လွန်လေပြီးတဲ့ မိဘဘိုးဘွားတွေကို သွားရောက်ကန်တော့တဲ့ အလေ့အထဖြစ်လာခဲ့တယ်လို့လည်းဆိုပါတယ်။
ချင်းမင်ပွဲတော်ကို ပထမဆုံး ရက်အတိအကျ ကျင်းပခဲ့တာက ထန်ခေတ် ဧကရာဇ် ရွှမ်ကျုံး လက်ထက်မှာ ဖြစ်ပါတယ်။ရွှမ်ကျုံး ဧကရာဇ် လက်ထက်မှာ ချမ်းသာတဲ့ မိသားစုတွေက သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို အောက်မေ့တမ်းတတဲ့ အနေနဲ့ မျိူးနွယ်စုသင်္ချိုင်းတွေမှာ သွားရောက်ကန်တော့ကြပါတယ်။အဲဒီလို ကန်တော့ရာမှာ ရက်ကို တိတိကျကျ သတ်မှတ်မထားတဲ့ အတွက် လစဉ်တိုင်းလိုလို ကန်တော့ကြတဲ့ အခါမှာတော့ ငွေကုန်ကြးကျ များပြားခဲ့ပါတယ်။အဲဒါတွေကိုဖြေရှင်းနိုင်ဖို့ ရွှမ်ကျုံးဧကရာဇ်က တရုတ်သင်္ချိုင်း ကန်တော့ပွဲ နေ့ကို သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစတင်လို့ ချင်းမင်ပွဲတော်နေ့မှာ ဘိုးဘေးတို့ရဲ့ အုတ်ဂူတွေကို သွားရောက်ကန်တော့ကြတဲ့ ဓလေ့က ယနေ့ထိတိုင်ပဲ ဖြစ်ပါတယ်။
===============================================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမကအနာဂတ် ရောဂါဘယဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။