တရုတ်သင်္ချိုင်းကန်တော့ပွဲ (သို့မဟုတ်) ချင်းမင် ပွဲတော်ရက်မှာ ဘာတွေလုပ်ကြလဲ 💁

ချင်းမင်ပွဲတော်လို့ ခေါ်ဆိုကြတဲ့ တရုတ်ရိုးရာသချိုင်းကန်တော့ပွဲကို နွေရာသီနှောင်းပိုင်းမှာ ကျင်းပပြုလုပ်လေ့ ရှိပြီး ယခုနှစ် ၂၀၂၄ မှာတော့ ဧပြီလ ၄ ရက်မှာ ကျရောက်မှာဖြစ်ပါတယ်။အဲဒီပွဲတော်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘိုးဘွားတွေကို အလေးအမြတ်ထားကာ အောက်မေ့ခြင်းအထိမ်းအမှတ်အနေနဲ့ ကန်တော့ကြတာဖြစ်သလို စီးပွားရေး၊ ကျန်းမာရေးအတွက် ဆုတောင်းကြတဲ့ကန်တော့ပွဲလည်းဖြစ်ပါတယ်။ သင်္ချိုင်းကန်တော့ရမဲ့နေ့ကို ရောက်တဲ့အခါ မိသားစုဆွေမျိုးတွေက ဘိုးဘွားတွေရဲ့အုတ်ဂူရှိရာကို သွားရောက်ကြပြီး ပေါင်းမြက်နဲ့အမှိုက်တွေ ရှင်းလင်း ပေးကြပါတယ်။ အဲဒီနောက် အိမ်ကနေပြင်ဆင်ပြီးယူဆောင်လာတဲ့ ကန်တော့မဲ့ပစ္စည်းနဲ့ အစား အသောက်တွေ ကို ခင်းကျင်းကာ ပူဇော်ကန်တော့ဖို့ဆောင်ရွက်ကြပါတယ်။ မိသားစုတိုင်း မဖြစ်မနေ အဓိက ယူဆောင်လာကြ တဲ့ပစ္စည်းတွေထဲမှာ အမွှေးတိုင်နဲ့ စက္ကူကတော့ မပါမဖြစ်လို့ဆိုရမှာပါ။
အဲဒီနေ့မှာ ချင်းမင်ပွဲတော်ရဲ့ ရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ ကောက်ညှင်းကိုအခြေခံပြီးပြုလုပ်ထားတဲ့ အစိမ်းရောင်မုန့်လုံးလေးတွေကို အိမ်တိုင်းက ပြုလုပ်ပြီး မုန့်ပဲ သရေစာ အနေနဲ့ စားလေ့ရှိကြပါတယ်။ အစားအသောက်တွေကို ပွဲတော်နေ့ မတိုင်ခင် ကြိုတင် ချက်ပြုတ်ပြင်ဆင်ကြရပြီး သင်္ချိုင်း ကန်တော့ပွဲကျင်းပတဲ့နေ့မှာ မီးမွှေးချက်ပြုတ်တာမျိုး လုံးဝမလုပ်ဘဲ ရှောင်ကြဉ်ကြရပါတယ်။
ချင်းမင်ပွဲတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည်းက စတင်ပြုလုပ်ကျင်းပလာခဲ့ကြတာဖြစ်ပြီး အချိန်ကာလပြောင်းလဲလာတာနဲ့အမျှ တဖြည်းဖြည်းပြောင်းလဲလာပါတယ်။
သင်္ချိုင်းကန်တော့ပွဲ ပြလုပ်ပေးခြင်းအားဖြင့် သေလွန်သွားပြီဖြစ်တဲ့ ဘိုးဘွားမိဘ ဆွေမျိုးတွေကို အောက်မေ့ သတိရလျက်ရှိတယ်ဆိုတာကို ဖော်ပြရာရောက်သလို ဘိုးဘွားတွေရဲ့ အုတ်ဂူရှေ့မှာ ဒူးထောက်ကန်တော့ကြပြီး အမွှေးတိုင်ပူဇော်တာ၊ အစားအသောက်တွေ တည်ခင်း ကျွေးမွေးတာ၊ အုတ်ဂူအပေါ်ကိုမြေထပ်ဖို့ပေးတာ ၊ ငွေစက္ကူမီးရှို့ပေးတာတွေကို မိသားစုဝင်တွေက ပြုလုပ်ပေးကြပြီး ဆုတောင်းမှုပြုကြပါတယ်။ ခရီးဝေးက မလာနိုင်တဲ့ မိသားစုဝင်တွေကလည်း အဝေးကနေ မှန်းဆပြီးဆုတောင်းကန်တော့ကြပါတယ်။
ချင်းမင်ပွဲတော် ရက်ဟာ မိုးမခပင် ခပ်နုနု အဖူးအညွန့် အညှောင့်ထွက်တဲ့ အချိန်အခါလည်းဖြစ်တဲ့အတွက် အဲဒီကာလမှာ မိုးမခပင်အကိုင်းအခက်ချိုးခြင်း၊ မိုးမခပင်ဦးထုပ်ဆောင်းခြင်း၊ မိုးမခပင်စိုက်ခြင်းဓလေ့ တွေလည်းရှိပါတယ်။
ချင်းမင်ပွဲတော်ကျင်းပပြုလုပ်တဲ့ အချိန်အခါသမယမှာဆိုရင် မိသားစုတွေပျော်ပျော်ရွှင်ရွှင် စုဝေးတွေ့ဆုံလေ့ ရှိကြပြီး ရိုးရာဓလေ့တစ်ခုအဖြစ်နဲ့ တိရစ္ဆာန်အကောင်ပုံစံမျိုးစုံပုံစံ ခေါက်ထားတဲ့ စွန်ကို လွှတ်ပြီးကစားကြ တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။အဲဒါအပြင် အပန်းဖြေကြတဲ့ ဓလေ့လည်းရှိပြီး အဲဒီနေ့မှာ လွန်ဆွဲခြင်း၊ ဒန်းစီးခြင်း၊ မြားပစ်ခြင်း၊ ဘောလုံးကန်ခြင်း အစရှိတဲ့ ပျော်ရွှင်ဖွယ်ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။
ရိုးရာသင်္ချိုင်း ကန်တော့ပွဲကို တရုတ်နိုင်ငံရဲ့ တရုတ်လူမျိုးတွေ အများဆုံးနေထိုင်ရာ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာလည်း ကျင်းပပြုလုပ်ကြပါတယ်။
ချင်းမင်ပွဲတော်ကျင်းပမဲ့ ရက်ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်ထားပါတယ်။ ကန်တော့ရမဲ့ ရက်မတိုင်ခင် ၃ ရက်နဲ့ နောက် ၃ ရက်ကို ကန်တော့ကြတာရှိသလို အချို့ကလည်း ၁၀ ရက်အထိ သတ်မှတ်ကြတာတွေလည်းရှိတယ်လို့သိရပါတယ်။
ချင်းမင်ပွဲတော်လို့ ခေါ်ကြတဲ့ တရုတ်သင်္ချိုင်း ကန်တော့ပွဲကို ယနေ့တိုင် မပျက်မကွက်ပြုလုပ်ကျင်းပလာခဲ့ ကြတာဟာ သက်တမ်းအားဖြင့် အလွန်ကို ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
======================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ်။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တလော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့
စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်။ ။
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann