အနူးဘစ်နတ်ဘုရား

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးထဲမှာ ခေတ်အဆက်ဆက် ကိုးကွယ်ယုံကြည်မှုများစွာနဲ့ ယှဉ်တွဲနေထိုင်လာခဲ့ကြတာ ယနေ့ထက်တိုင် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာရှိတဲ့လူသားတို့ ကိုးကွယ်နေကြတဲ့ ဘာသာကြီးတွေမတိုင်ခင်အချိန်က လူသားတွေဟာ ကြယ်တာရာနဲ့ ဂြိုဟ်နက္ခတ်တွေကို ကြည့်ရှုလေ့လာခဲ့ကြပြီး ဂြိုဟ်တာရာ နက္ခတ်တွေကို အစွဲပြုလို့ နတ်ဘုရားများစွာကို ရိုးရာယဉ်ကျေးမှုနဲ့အတူ ဆည်းကပ်ကိုးကွယ်ခဲ့ကြပါတယ်။
အီဂျစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်း တော်တော်များများမှာ အမြဲပါလေ့ရှိတဲ့ အီဂျစ်နတ်ဘုရား အနူးဘစ်ဟာ ခွေးခေါင်း၊လူကိုယ်နဲ့ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ်အသွင်အပြင်ကို ပိုင်ဆိုင်ပါတယ်။ပြီးတော့သူက သေခြင်းကို ကိုယ်စားပြုတဲ့နတ်ဘုရားတစ်ပါးအဖြစ်ထင်ရှားတဲ့ ရှေးအကျဆုံးနတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ အနူးဘစ် ဟာ သေခြင်း၊ သင်္ဂြိုဟ်ခြင်း၊ မံမီဆေးစီမံခြင်း၊ သင်္ချိုင်း၊ ဝိညာဉ်လောကနဲ့ဆက်နွှယ်နေတဲ့ နတ်ဘုရားတစ်ပါးလည်းဖြစ်ပါတယ်။ ရှေးအီဂျစ်လူမျိုးတွေက သေဆုံးချိန်မှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်တို့အပေါ်မှာ ကြီးမားတဲ့တန်ခိုးရှတယ်လို့ ယုံကြည်တာကြောင့် အနူးဘစ်နတ်ဘုရားကို လွန်စွာကြည်ညိုကြပါတယ်။
အနူးဘစ်က မရဏနိုင်ငံကို အကြွင်းမဲ့ အုပ်ချုပ်တဲ့အုပ်ချုပ်သူအဖြစ် ကျော်စောပြီး သေဆုံးပြီးသူတွေရဲ့ နယ်ပယ်ကို ကြီးကြပ်ကွပ်ကဲကာ သေဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေကို နောက်ဆုံးအနားယူတဲ့နေရာကို လုံခြုံစွာ ပို့ဆောင်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ မရဏနိုင်ငံကို အုပ်စိုးသူအနေနဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သေဆုံးပြီးတဲ့လူတို့ကို ရက်စက်ကြမ်းကြုတ်တဲ့အင်အားစုတွေ ထံကနေ အကာအကွယ်ပေးဖို့၊ ရှင်လူနဲ့သေလူတွေကြား မျှတတဲ့ ချိန်ခွင်ကို သေချာစေဖို့ တာဝန်ပေးထားပါတယ်။
အနူးဘစ်ရဲ့ ကိုယ်ခန္ဓာက အနက်ရောင် အဆင်းသဏ္ဌာန်ရှိပြီး နားရွက်ချွန်တဲ့ခွေးမျိုးစိတ်ရဲ့ ဦးခေါင်းနဲ့ ကြွယ်ဝဖွံ့ထွားတဲ့ ကြွက်သားရှိသူအဖြစ် ပုံဖော်ထားပါတယ်။ အနက်ရောင်ဟာ ခွေးအနက်ရောင်ကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ ပျက်စီးပြိုလဲခြင်း အမှောင်ခြမ်းကို ကိုယ်စားပြုပြီး မြေဆီမြေဩဇာကောင်းမွန်တဲ့ နိုင်းမြစ်ဝှမ်းဒေသကိုလည်း ကိုယ်စားပြုနေပါတယ်။ အနူးဘစ်နတ်ဘုရားက သေလွန်ပြီးသူတွေကို မြှုပ်နှံချိန်မှာ သူတို့ရဲ့ ရှင်ပြန်ထမြောက်ခြင်း အခွင့်အရေးပြန်လည်ရရှိကာ သေလွန်ပြီးတစ်သက်တာကို ဝိညာဉ်တွေဘက်ကနေ ရပ်တည်ပေးတဲ့ နတ်ဘုရားလည်းဖြစ်ပါတယ်။
ဒါ့ပြင် အနူးဘစ်ဟာ မံမီဆေးရည်စိမ်တဲ့ လုပ်ငန်းစဉ်ကိုတီထွင်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ ဖာရိုမင်းဆက်ဘုရင်မင်းမြတ်တွေရဲ့ ရုပ်အလောင်းတွေကို မံမီစီရင်ခဲ့တဲ့ ရုပ်ပြပန်းချီတွေကိုလည်း ဂူသင်္ချိုင်းတွေမှာ အထင်အရှားရေးဆွဲပြသထားတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ ကမ္ဘာ့အယူအဆများစွာထဲက သေခြင်းနဲ့ဆက်စပ်နေတဲ့ နတ်ဘုရားတွေဟာ မကောင်းဆိုးဝါးတွေနဲ့ ပါဝင်ပတ်သက်နေတာဖြစ်ပေမဲ့ အနူးဘစ်နတ်ဘုရားကတော့ အဲဒီလိုမသက်ရောက်ဘဲ တမလွန်လမ်းစဉ်အတွက် ကောင်းမွန်တဲ့လမ်းပြအကာအကွယ်ပြုသူ နတ်ဘုရားတစ်ပါးအဖြစ် အီဂျစ်လူမျိုးတို့က သတ်မှတ်ထားကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ရှေးဟောင်းအီဂျစ်ဘာသာရေးမှာ အနူးဘစ်ရဲ့အခန်းကဏ္ဍက ပြောင်းလဲသွားပါတယ်။ဒါပေမဲ့ အီဂျစ်ဒဏ္ဍာရီရဲ့ အရေးပါတဲ့နေရာမှာ သူ့ကိုဆက်လက်ထားရှိနေဆဲပါ။ဒါ့ပြင် အနူးဘစ်ဟာ သေခြင်းတရားရဲ့နောက်ဘဝ ဆက်လက်ရှင်သန်နိုင်စေမယ့်မံမီပြုလုပ်ခြင်းဖန်တီးမှုနဲ့လည်း ဂုဏ်ပြုခံနေရဆဲဖြစ်ပါတယ်။
========================
ချစ်ရပါသော ပရိသတ်ကြီးတို့အတွက် အာရောဂျံ ပရမံ လာဘံ ဟိတအပေါင်းနဲ့ ပြည့်စုံဖို့ရာဇာတ်လမ်း Z-Lann ကနေ ‘သိလိုရာမေး သင့်အတွက်ကျန်းမာရေး’ အစီအစဥ် အသစ်ကနေ ကြိုဆိုလိုက်ပါတယ် ။ အောက်ဖော်ပြပါ လင့်ခ်ထဲမှာ Survey ဖြေဆိုလိုက်ရုံနဲ့ လတ်တစ်လော ခံစားနေရတဲ့ ဝေဒနာတွေပျောက်ကင်းဖို့ ဆေးပညာဗဟုသုတရနိုင်ရုံသာမက အနာဂတ် ရောဂါဘယ ဘေးအန္တရာယ်တွေကိုပါ ကြိုတင်ကာကွယ်နိုင်တဲ့ အသိပညာတွေ ရရှိလာနိုင်မှာပဲဖြစ်ပါတယ် ။ ဒါတွေတင်မကသေးပဲ ဖြေဆိုထားတဲ့ ပရိသတ်ကြီးများ ကံစမ်းနိုင်အောင် တစ်ပတ်လျှင် ဆယ်ဦးတိတိ ဖုန်းဘေလ် မဲဖောက်ပေးသွားမဲ့ အစီအစဥ်လည်းရှိသေးတော့ ပိုပြီးပြည့်စုံသွားတာပေါ့ ။ လက်ဆောင်ရရှိသူတို့ကို ဇာတ်လမ်း Facebook group ကနေတစ်ဆင့် ကြေငြာပေးသွားမှာမို့လို့ စောင့်ကြည့်ပေးကြဖို့လည်း မမေ့ပါနဲ့ဦးနော်
ဖောင့်ဖြည့်ရန် https://forms.gle/Q658N6QEVYxcegTi7

More Interesting Blogs from Zlann