ကြွေမျှော်စင်လို့ ကြားလိုက်တာနဲ့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေဝင်လာကြမှာ အသေအချာပါပဲ။ တရုတ်နိုင်ငံ နန်ကျင်းမြို့အတွင်းမှာရှိတဲ့ ကြွေမျှော်စင်ဟာဆိုရင် အံ့ဩဖွယ်ကောင်းလောက်အောင် လွန်ခဲ့တဲ့ ၁၅ ရာစု အစော ပိုင်း လောက်ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်လည်း အကြိမ်ကြိမ် ပြိုပျက် ခဲ့ဖူး ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့်သာမကပဲ ဖျက်ဆီးသူတွေကြောင့် မြေခခဲ့ရပေမဲ့ တန်ဖိုးထားပြီး ပြန်လည်တည်ဆောက်သူတွေကြောင့် ယနေ့တိုင် နန်ကျင်းမြို့မှာ တင့်တယ်လှပစွာ တည်ရှိနေပါသေးတယ်။ နန်ကျင်းမြို့မှာရှိတဲ့ ကြွေမျှော်စင်လို့ သိကြသလို ကြွေဘုရား (ဒါမှမဟုတ်) ဘောင်အန်စီဘုရားကျောင်း စသဖြင့် လည်း လူသိများတဲ့အပြင် ကျေးဇူးဘုရားကျောင်းလို့လည်း ခေါ်ကြပါသေးတယ်။ တရုတ်နိုင်ငံ၊ နန်ကျင်းမြို့၊ ယန်စီမြစ်ရဲ့ တောင်ဘက်ကမ်းပါးမှာ တည်ရှိတဲ့ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ် တစ်ခုလည်း ဖြစ်ပါတယ်။ ၁၅ ရာစုအစောပိုင်း မင်မင်းဆက်(Ming Dynasty) ရဲ့ တတိယမြောက်ဘုရင်ဖြစ်တဲ့ ယုံးလော့ဧကရာဇ်( Yongle Emperor) လက်ထက် ၁၄၁၂ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်မှုက နှစ်ပေါင်း ၁၇ နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ ဧကရာဇ်ဟာ သူ့ရဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို ဆပ်တဲ့အနေ နဲ့ ဆောက်လုပ်ခဲ့တာလို့ ပြောကြသလို မိခင်တစ်ဦး တည်းအတွက်ကိုပဲ ရည်ရွယ်ခဲ့တာလို့လည်း ဆိုကြပါသေးတယ်။ အဲဒီနောက် မင်မင်းဆက်ရဲ့ ပဉ္စမမြောက်ဘုရင် ဧကရာဇ် ရှန်ဒီ(Xuande Emperor) လက်ထက်မှာတော့ ဆက်လက် ပြုပြင်မွမ်းမံခဲ့ပြီး ၁၄၃၁ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ စတင်တည်ဆောက်စဉ်ကတည်းက အဋ္ဌဂံပုံစံဖြစ်ပြီး အထပ် ကိုးထပ်ပါဝင်ပါတယ်။ မျှော်စင်ကြီးဟာ ၁၈၀၁ ခုနှစ်မှာ မိုးကြိုးထိမှန်ခဲ့တာကြောင့် အပေါ်လေးလွှာ ပြိုပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်တည်ဆောက် ပြုပြင်နိုင်ခဲ့ပါတယ်။ ၁၉ ရာစုကိုရောက်လာတဲ အခါမှာတော့ မင်မင်းဆက်မှ ချင်းမင်းဆက်(Qing Dynasty)ကို ကူးပြောင်းတဲ့ အကူးအပြောင်းကာလမှာ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသအပါအဝင် ကြီးမားပြင်း ထန် တဲ့ ပုန်ကန်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ တိုင်ပင်း ပုန်ကန်မှု(Taiping Rebellion) လို့ခေါ်ပြီး ၁၉ ရာစုအတွင်း အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံး ပြည်တွင်းစစ်လည်းဖြစ်ပါတယ်။ အဲဒီတော်လှန်ပုန်ကန်မှုဟာ အကျင့်ပျက်ချစားတဲ့ အုပ်ချုပ်ရေးစနစ်ကို ဆက်လက်သည်းမခံနိုင်တော့တဲ့ ပြည်သူ တွေက အစပြုခဲ့တယ်လို့လည်း ဆိုကြပါတယ်။ပြည်တွင်းစစ်ဟာ ၁၈၅၀ ခုနှစ်မှာ စတင်ဖြစ်ပွား ခဲ့တာဖြစ်ပြီး ၁၄ နှစ်ကြာမြင့်ကာ ၁၈၆၄ ခုနှစ်၊ ဩဂုတ်လရောက်မှ စစ်မီးငြိမ်းခဲ့တာဖြစ်ပါတယ်။ စစ်အတွင်း အငတ်ဘေးနဲ့ စစ်ဘေး ဒဏ်ကြောင့် လူသန်းပေါင်း ၂၀ ကနေ ၃၀ လောက်အထိ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် အလယ်ခေတ်ရဲ့ ကမ္ဘာ့ အံ့ဖွယ်တစ်ခုဖြစ်တဲ့ ကြွေမျှော်စင်ကြီးလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တိုင်ပင်းပုန်ကန်မှုဟာ နန်ကျင်းကို ရောက်ရှိ လာပြီး မြို့ကိုထိန်းချုပ်လိုက်ကာ ကြွေမျှော်စင်ကိုလည်း သိမ်းယူလိုက်ပါတယ်။ အဲနောက် မျှော်စင် အတွင်းက ရုပ်ပွားတော်တွေကို ထုခွဲဖျက်ဆီးခဲ့ပြီး မျှော်စင်အပေါ်ကိုတက်တဲ့ လှေကားကြီးကို ဖျက်ဆီးခဲ့ပါတယ်။ ၁၈၅၆ ခုနှစ်မှာတော့ မျှော်စင်ကြီး တစ်ခုလုံး မြေခခဲ့ပါတော့တယ်။ ဥရောပကနေ တရုတ်ကို လာရောက်လည်ပတ်တဲ့ အနောက်နိုင်ငံသားတွေက မျှော်စင်အပိုင်းအစတွေကို ပထမဆုံး ပြန်လည်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၁ ရာစုကိုရောက်လာတဲ့ အခါမှာတော့ ဝမ်ဂျန်လင်း (Wang Jianlin) လို့ခေါ်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်က အမေရိကန်ဒေါ်လာ ၁၅၆ သန်း မတည်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မူလရှိခဲ့တဲ့ မျှော်စင်နဲ့ ပုံစံတူတစ်ခုကို Wanda Group ကဦးစီးကာ ပြန်လည် တည်ဆောက်နိုင်ခဲ့ကြပြီး မြေအောက်ကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုလည်း တူးဖော်ကာ ခင်းကျင်းပြသခဲ့ပါတယ်။ ဒါ့အပြင် ခေတ်မီတဲ့ သိပ္ပံပညာနဲ့ နည်းပညာတွေကို ပေါင်းစပ်ပြီး ပြန်လည်ဆောက် ထားတာကြောင့် မူလလက်ရာကို မမီနိုင်ပေမဲ့ ထူးခြားတဲ့ ဖန်တီးမှုတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ နန်ကျင်းကြွေမျှော်စင်ကြီးနဲ့ ပန်းခြံကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မျှော်စင်ကို မူလပုံစံအတိုင်း အဋ္ဌဂံပုံဆောက်လုပ်ထားပြီး အလွှာ ကိုးလွှာပါဝင်ပါတယ်။ မျှော်စင်ကြီးတစ်ခုလုံးကိုလည်း ကြွေအုတ်အဖြူတွေနဲ့ ဆောက်လုပ်ထားပြီး နေ့ဘက်မှာဆိုရင် နေရောင်ကြောင့် မျှော်စင်ကို အလင်းပြန်စေပြီး ညဘက်မှာဆိုရင်တော့ မျှော်စင်ကြီးရဲ့ အလှကို ပိုမိုပေါ်လွင်အောင် ရောင်စုံမီးပေါင်း ၁၄၀ လောက်နဲ့ အလှဆင်ထားတာလည်းဖြစ်ပါတယ်။ ဒါကြောင့် မျှော်စင်ကြီးဟာဆိုရင် ညဘက်မီးရောင် အောက်မှာ ရောင်စုံ မျှော်စင်ကြီးအနေနဲ့ တွေ့ရမှာဖြစ်ပြီး အတော်လေးလည်းလှပါတယ်။ ဒါတင်မကသေးပဲ ကြွေအုတ်အဖြူတွေကို သစ်ပင်ပန်းမန်လေးတွေ၊ တိရစ္ဆာန်လေးတွေနဲ့ သဘာဝရှုခင်းပုံ ရောင်စုံတွေနဲ့ အလှဆင် ထားကာ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တည်ထားကိုးကွယ်ထားတာ တွေ့ရပါသေးတယ်။ လည်ပတ်မယ်ဆိုရင်တော့ ညအချိန်က အကောင်းဆုံးနဲ့ အလှဆုံးပဲလို့လည်း အချို့က အကြံပေးထားကြပါတယ်။ လက်ရှိအချိန်မှာဆိုရင် မျှော်စင်ရဲ့ ခုနှစ်လွှာအထိ ဓာတ်လှေကားနဲ့ တက်ရောက်နိုင်ကာ ဆက်ပြီးအပေါ်ကိုတော့ လမ်းလျှောက်တက်ရမှာဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တော်တော်များများကတော့ မျှော်စင်ရဲ့ အပေါ်ဆုံးကနေ နန်ကျင်းမြို့ရဲ့အဝင်ဂိတ်နဲ့ လှပတဲ့ ရှုခင်းတွေကို အပေါ်စီးကနေ ကြည့်ရှုရတဲ့ အရသာကို တော်တော်လေး နှစ်ခြိုက်ကြပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်သလို ရံဖန်ရံခါ အနုပညာပြခန်း အနေနဲ့လည်း ကျင်းပကြသေးတာကြောင့် နိုင်ငံခြားသား ခရီးသွားတွေ အလာများကြတဲ့ တရုတ်နိုင်ငံရဲ့ အထင်ကရလည်ပတ်စရာ နေရာတစ်ခု ဖြစ်ပါတယ်။ ===========================
ဇာတ်လမ်း-Z Lann မှတင်ဆက်ပေးလျက်ရှိတဲ့ အစီအစဉ်ကောင်းတွေကိုတော့ ဇာတ်လမ်း-Z Lann ရဲ့ Facebook Page ကနေလည်း ရှုစားနားဆင်နိုင်သလို အသံဖိုင်သီးသန့်နားထောင်လိုကြသူတွေကတော့ အောက်ပါလင့်ခ်ကနေ တစ်ဆင့်ဝင်ရောက်နားဆင်ခံစားနိုင်ပါတယ်။ ✨
YouTube ❤: https://www.youtube.com/@zlann_podcast
Podcast ❤: https://podcasters.spotify.com/pod/show/z-lann
Facebook Group ❤: https://www.facebook.com/groups/zlann/
#ZLann #ZLann_Podcast #NanJing #PRC
#China #Porcelain tower #Veruliyam_Glazed_Pagoda