ဇာတ်လမ်း Z-Lann ရဲ့ မြန်မာ နောက်ခံစကားပြော အသံဇာတ်လမ်းတွဲကြီးဖြစ်တဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” အတွက် တရုတ်-မြန်မာ ဘာသာပြန်တွေနဲ့ အသံသရုပ်ဆောင်တွေ ရွေးချယ်ဖို့ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
ဒီပြိုင်ပွဲကိုတော့ ပထမအဆင့်အနေနဲ့ အွန်လိုင်းကနေတစ်ဆင့် အရည်အချင်းစစ်ခြင်း ပြုလုပ်ခဲ့ပြီး ဒုတိယအဆင့်မှာတော့ offline event ပြုလုပ်ပြီး လူတွေ့စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် မူရင်းစာရေးသူ ဆရာမကြီး Jiang Shengnan နဲ့လည်း အွန်လိုင်းစာပေဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံး ဆုရရှိသွားတဲ့သူတွေကိုလည်း ဇာတ်လမ်း Z-Lann ကနေ ဆုငွေတွေ ချီးမြှင့်ခဲ့ပြီး “ရာဇဝင်ထဲက မီယွဲ့ဧကရီ” အသံဇာတ်လမ်းတွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ဖို့ အခွင့်အရေးတွေ ကမ်းလှမ်းခဲ့ပါတယ်။