“ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့ သင်္ကေတ”

ဇာတ်လမ်း Z-Lannရဲ့ " ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့ သင်္ကေတ " အစီအစဉ်ကနေ ကမ္ဘာပေါ်က တံတားတွေရဲ့ တည်ဆောက်ပုံ၊ဖြစ်ပေါ်လာပုံ နဲ့ ထူးခြားချက်တွေတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

“တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ စန်းကျုံးတံတားကြီး”

ဒီနေ့ပြောပြသွားမှာကတော့ကမ္ဘာ့အမြင့်ဆုံးပင်လယ်ကူးတံတားဖြစ်တဲ့အပြင်ပင်လယ်တွင်းသံမဏိကြိုး တံတားတစ်စင်းအဖြစ် စံချိန်တင်ထားတဲ့ စန်းကျုံးတံတားကြီးပဲ ဖြစ်ပါတယ်။၂၀၂၄ ခုနှစ် ဇွန်လမှာဖွင့်လှစ်အသုံးပြုခဲ့တဲ့ ဒီတံတားကြီးကို စီမံကိန်းအမည် လိန်တင်းရန်တံတား ကနေ စန်းကျုံးတံတားအဖြစ် ပြောင်းလဲအမည်ပေးခဲ့ပါတယ်။ လိန်တင်းရန်ပင်လယ်ကို ကန့်လန့် ဖြတ်သန်းနေတဲ့ ဒီတံတားကြီးဟာ အရှည် ၂၄ ကီလိုမီတာရှိတဲ့ စန်းကျန့်-ကျုံးစန်းလမ်းကြောင်းကြီးမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ပါဝင်ပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lannရဲ့ ” ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့ သင်္ကေတ ” အစီအစဉ်ကနေ ကမ္ဘာ့အမြင့်ဆုံး ပင်လယ်ကူးတံတားဖြစ်တဲ့ စန်းကျုံးတံတားကြီးရဲ့ ထူးခြားချက်တွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့သင်္ကေတ #စန်းကျုံးတံတား

“အင်္ဂလန်နိုင်ငံရဲ့ လူသိများတဲ့ နာမည်ကျော် အထင်ကရတံတားကြီးနှစ်စင်း”

အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာ သိမ်းမြစ်ကိုဖြတ်တဲ့ တံတား စုစုပေါင်း ၃၅ စင်းတောင်ရှိပါတယ်။ အဲဒီထဲမှာ အထင်ကရတံတားကြီး နှစ်စင်းပါဝင်ပြီး တစ်ခုက Tower Bridge လို့ခေါ်တဲ့ မျှော်စင်တံတားကြီးနဲ့ နောက်တစ်ခုကတော့ London Bridge လို့ခေါ်တဲ့ လန်ဒန်တံတားပဲဖြစ်ပါတယ်။Tower Bridge ရဲ့ထူးခြားတဲ့အချက်ကတော့ တံတားကို တံခါးရွက်နှစ်ချပ်လို အဖွင့်အပိတ်လုပ်လို့ရသလို ခေါက်သိမ်းလို့လည်း ရပါတယ်။London Bridge တံတားကြီးကတော့ ၂၀၁၂ ခုနှစ်က အဲလီဇဘက် ဘုရင်မကြီးရဲ့ စိန်ရတုမွေးနေ့အခမ်းအနားမှာ သမိုင်းဝင်တံတားတစ်စင်းအဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒီနေ့ ဇာတ်လမ်းရဲ့ Z-Lannရဲ့ “ ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့ သင်္ကေတ ”အစီအစဉ်က‌နေ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော်တံတားကြီးနှစ်စင်းအကြောင်းကို ဇာတ်လမ်းပရိသတ်ကြီးအတွက် တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့သင်္ကေတ #TowerBridge #LondonBridge #လန်ဒန်တံတား #မျှော်စင်တံတားကြီး

“ရစ်တာစကေးအဆင့် ၈ ကိုခံနိုင်ရည်ရှိတဲ့ တရုတ်နိုင်ငံက တံတားကြီး”

ဒီနေ့ဇာတ်လမ်း Z-Lann ရဲ့ “ကမ္ဘာတစ်လွှားပေါင်းကူးထားတဲ့ သင်္ကေတ” အစီအစဉ်ကနေ ရစ်တာစကေး အဆင့် ၈ ကိုခံနိုင်ရည်တဲ့ တရုတ်နိုင်ငံရဲ့အရှည်လျားဆုံးတံတားတွေထဲကတစ်စင်းအကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။