“နတ်ပြည်က ကျောက်စိမ်းဧက္ကရာဇ်ကို တုန်လှုပ်သွားစေခဲ့တဲ့ မျောက်ဘုရင် စွန်းဝူခုန်း”
ကျွန်တော်တို့ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်စွာ ကြည့်ရှုခဲ့ကြရတဲ့ မျောက်ဘုရင် စွန်းဝူခုန်းဆိုတဲ့ ထူးဆန်းတဲ့တရုတ်ဒဏ္ဍာရီလာ သတ္တဝါအကြောင်းဆိုရင် မသိတဲ့လူဆိုတာမရှိသလောက်ရှားပါတယ်။ တကယ်တော့ မျောက်ဘုရင် စွန်းဝူခုန်းဟာ မင်မင်းဆက်က စာရေးဆရာကြီး ဝူချန်အန်းရဲ့ အစွမ်းထက်တဲ့ ကလောင်စွမ်းကြောင့်ထွက်ပေါ်လာတဲ့ ဟိန္ဒူနတ်ဘုရား ဟာနူမာန်အပေါ်အခြေခံရေးသားထားတဲ့ ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ စွန်းဝူခုန်းအတူ တွဲမြင်ရလောက်တဲ့အထိ နာမည်ကျော်ကြားပြီး တရုတ်ဒဏ္ဍာရီထဲမှာ တကယ်ရှိသယောင်ထင်မှတ်ရလောက်တဲ့ စွန်းဝူခုန်း ဇာတ်ကောင်ကို ရုပ်ရှင်၊ စာအုပ်၊ ကာတွန်းများအပြင် ဂိမ်းဇာတ်ကောင်များတွင်ပါထည့်သွင်းရလောက်အောင် ကမ္ဘာနဲ့အဝှမ်းကလူတွေ အပေါ်လွှမ်းမိုးနိုင်မှူအရှိဆုံး ဇာတ်ကောင်တစ်ကောင်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Z-Lann ကတင်ဆက်ပေးမဲ့ “ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ” အစီအစဉ်မှာတော့ တစ်ကမ္ဘာလုံးနီးပါး နှစ်သက်ကြတဲ့ “မျောက်ဘုရင် စွန်းဝူခုန်း” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်လို့ ပုံပြင်၊ ဒဏ္ဍာရီတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးတို့ နားဆင်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။