Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
“ရာဇဝင်ထဲက မီယွဲ့ ဧကရီ”
လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော်အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့ ၊ ချင်နိုင်ငံကိုရောက်ရှိပြီးနောက်မှာလည်း မောင်းမမိဿံတွေဆီက မနာလိုတိုက်ခိုက်မှုတွေကိုရရှိခဲ့ပြီး ရှုပ်ထွေးပွေလီလွန်းလှတဲ့ နန်းတွင်းအရှုပ်တော်ပုံကိစ္စတွေအကြားမှာ ခက်ခက်ခဲခဲရင်ဆိုင်ရှင်သန်ခဲ့ရပြန်ပါတယ်။ ပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ ချင်နိုင်ငံတော်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်စုစည်းအုပ်ချုပ်ပြီး သားဖြစ်သူကို ရှင်ဘုရင်အဖြစ် ထီးနန်းပေးခဲ့တာကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘ၀ဇာတ်ကြောင်းကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” Z-Lann ဇာတ်လမ်းတွဲ ... အကြောင်းကိုတော့ Z-Lann ဇာတ်လမ်း ကနေတင်ဆက်ပေးလိုက်ပါတယ်။