“ရာဇဝင်ထဲကဣတ္ထိယ”

ဗဟုသုတရစရာကောင်းတဲ့ စိတ်ဝင်စားစရာအစီအစဉ်တွေ၊ ဘာသာပြန်အသံဇာတ်လမ်းတွေအပြင် ဒီတစ်ခေါက်မှာတော့ ရှေးခေတ်သမိုင်းကြောင်းတွေ၊ ရာဇဝင်ထဲကအကြောင်းအရာတွေကိုမှ စိတ်ဝင်စားနှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ရည်ရွယ်ပြီး အစီအစဉ်အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ရာဇဝင်မှာထင်ရှားခဲ့ဖူးတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းကို စုစည်းတင်ဆက်ပေးထားတဲ့ "ရာဇဝင်ထဲက ဣတ္ထိယ" ဆိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။

“ချစ်ခင်နှစ်သက်သူရဲ့ စွန့်ပယ်မှုကိုခံခဲ့ရသူ တလမေဒေါ”

မွန်ရာဇဝင်မှာ နာမည်ကြီးလှတဲ့ မွန်ဘုရင် သုရှင် ရာဇာဓိရာဇ်ရဲ့ ပထမဆုံးကြင်ယာတော် တလမေဒေါဟာ ရာဇာဓိရာဇ်နဲ့ အဖေတူအမေကွဲမောင်နှမတော်စပ်သူတွေဖြစ်ကြပေမဲ့ ငယ်စဉ်တည်းက မေတ္တာသက်ဝင်ခဲ့ကြတာကြောင့် လက်ဆက်ခဲ့ကြပါတယ်။ နှောင်းပိုင်းမှာတော့ ရှုပ်ထွေးလှတဲ့ တိုင်းရေးပြည်ရာအဖြာဖြာကြောင့် ရာဇာဓိရာဇ်ဖြစ်လာမဲ့ ဗညားနွဲ့ဟာ နယ်တစ်ပါး သို့တိမ်းရှောင်ခဲ့ပြီး ဆီသည်မ မွေမနိတ်နှင့်တွေ့ဆုံချစ်ကြိုက်ကာ ထပ်မံလက်ထပ်ခဲ့ပါတယ်။ တလမေဒေါရဲ့ ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပြီး ချစ်သူရဲ့ ရက်စက်ခြင်းကိုခံစားခဲ့ရတာကြောင့် သနားစဖွယ်ပဲ ဖြစ်ပါတယ်။ တလမေဒေါရဲ့ ဘဝအကြောင်းကို Z-Lannရဲ့ “ရာဇ ဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာတင်ဆက်ပေးမှာဖြစ်တာကြောင့် ကြည့်ရှုနားဆင်လိုက်ကြပါဦး ပရိသတ်ကြီးရေ …….

“ကုန်းဘောင်ခေတ်၏နောက်ဆုံး မိဖုရားခေါင်ကြီး စုဖုရားလတ်”

တတိယမြန်မာနိုင်ငံတော်ကြီးလို့ခေါ်တွင်တဲ့ ကုန်းဘောင်ခေတ်၏‌နောက်ဆုံး သီပေါမင်းတရားကြီး၏ မိဖုရားကြီး
စုဖုရားလတ်ရဲ့ လူအများသိမြင်ကြတဲ့အသိနဲ့ သွေဖယ်ကျော်လွှားကာ မောင်တော်ဘုရင်အပေါ်ထားရှိတဲ့ အချစ်၊
အချစ်တွေလိုသည်ထက်ပိုလာတော့၊ အချစ်တွေကအဆိပ်တွေဖြစ်ကာ အချစ်ရေးအပြင်နန်းတွင်းရေးပါလှုပ်ခတ်
လာတော့ မြန်မာနိုင်ငံတော်ကြီးပါ ကျရှုံးခြင်းအရာသို့ကျရောက်ခဲ့ပြီးနောက် တိုင်းသူပြည်သားတွေရဲ့ အမုန်းကို
တိုက်ရိုက်ဆိုသလို ရိုက်ခတ်ခံခဲ့ရပါတယ်။ တစ်လင်တစ်မယားစနစ်ကို စတင်ဖော်ဆောင်ခဲ့တဲ့ အမျိုးသမီး
တစ်ဦးရဲ့ အချစ်ကြီးပုံနဲ့ ကုန်းဘောင်ခေတ်ရဲ့ နိုင်ငံရေးအနေအထားတို့ကို Z-Lann ကတင်ဆက်မဲ့ “ရာဇ
ဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာတင်ဆက်ပေးမှာဖြစ်တာကြောင့် ကြည့်ရှုနားဆင်လိုက်ကြပါဦး ပရိသတ်ကြီးရေ …….

“မြန်မာ့သမိုင်းထဲက ဘုရင်မကြီး ရှင်စောပု”

မြန်မာ့သမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင် အထင်ကရဖြစ်တဲ့အမျိုးသမီးတွေအများကြီးရှိကြပေမဲ့ ဘုရင်မကြီးရှင်စောပုကတော့ ထိုအထဲမှအထင်ရှားဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ 💁
အမျိုးသမီးတွေကိုအလေးမထားတဲ့ ပဒေသရာဇ်စနစ်မှာ ဘုရင်မတစ်ပါးဖြစ်လာခဲ့သူ ရှင်စောပုဟာ အခြားသူတွေထက် ခက်ခဲကြမ်းတမ်းတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။ ချစ်ရသူနဲ့ ကြာရှည်စွာပေါင်းဖက်ခွင့်မရလိုက်ပဲ ဘုရင်အဆက်ဆက်ကို လက်ဆောင်ပဏ္ဏာအဖြစ်ဆက်သခြင်းခံခဲ့ရပြီး လူအများရဲ့ မလိုမုန်းတီးမှုတွေကိုခံစားခဲ့ရပါတယ်။ ရင်နင့်စရာကောင်းတဲ့ ရှင်စောပုဘုရင်မကြီးရဲ့ဘဝအကြောင်းကို ဇာတ်လမ်းမှစုံလင်စွာ စုဆောင်းတင်ဆက်ပေးထားတာကြောင့်နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။

“အတ္တများကြား မြေစာပင်ဖြစ်ခဲ့ရသူ မိုင်းနောင်စုဖုရားကြီး”

သီပေါမင်းရဲ့ မိဖုရားခေါင်ဖြစ်ခွင့်ရခဲ့တဲ့ မိုင်းနောင်စုဖုရားကြီးဟာ မိဖုရားစုဖုရားလတ်ရဲ့ အစ်မရင်းတော်စပ်သူဖြစ်ပါတယ်။ စုဖုရားကြီးဟာ အေးဆေးတဲ့ စရိုက်နဲ့ အကျင့်သီလပြည့်စုံသူတစ်ဦးဖြစ်ပြီးတော့ ဘာသာရေးကိုလည်းကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့ နန်းရေးအရှုပ်အထွေးတွေစတင်ချိန်မှာ စုဖုရားကြီးဟာမြေစာပင်ဖြစ်ခဲ့ရသူဖြစ်ပြီး မိမိကိုမချစ်မနှစ်သက်သူနဲ့ လက်ဆက်ခဲ့ရကာ ညီမတော်ရဲ့မုန်းတီးမှုများကိုလည်း ခါးစည်းခံခဲ့ရပါတယ်။
ဘုရင်နဲ့လက်ဆက်ပြီး မိဖုရားကြီးအရာရခဲ့ပေမဲ့ ကွယ်လွန်ချိန်ထိ အပျိုတော်တစ်ယောက်လို နေထိုင်ခဲ့ရတဲ့သူ့ဘဝဟာ သနားစဖွယ်ဖြစ်ခဲ့ပါတယ်။ စုဖုရားကြီးရဲ့ဘဝအကြောင်းကို ဇာတ်လမ်းမှစုံလင်စွာ စုဆောင်းတင်ဆက်ပေးထားတာကြောင့်နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။

“မင်းငါးဆက်ရဲ့ ချစ်ခင်မြတ်နိုးမှုခံခဲ့ရသူ ရှင်ဘို့မယ်”

မြန်မာ့ရာဇဝင်မှာ ရှင်ဘို့မယ်ဟာ မင်းငါးဆက်ရဲ့ မိဖုရားတင်မြှောက်မှုကိုခံခဲ့ရသူဖြစ်ပြီးတော့ ချစ်ခင်မြတ်နိုးမှုခံရသူလို့ဖော်ပြထားပါတယ်။ ရှင်ဘို့မယ်ဟာ မဟာဆီမဟာသွေးပြည့်သူဖြစ်ပြီးတော့ အသက်ရှစ်နှစ်အရွယ်တည်းက တောင်ညာစံမိဖုရားကြီးဖြစ်ခဲ့ရသူလည်းဖြစ်ပါတယ်။ သမိုင်းအထောက်အထားများအရ ရှင်ဘို့မယ်ဟာ လှပလွန်းသူဖြစ်ပြီး‌တော့ မင်းအဆက်ဆက်ကချစ်မြတ်နိုးခြင်းခံရသူလို့ ဆိုကြပြီး အလှမာန်နဲ့ မင်းမာန်ပြည့်သူလို့လည်း ပြောစမှတ်ပြုရပါတယ်။ ရှင်ဘို့မယ်ရဲ့ စိတ်ဝင်စားစရာဘဝအကြောင်းကိုတော့ ဇာတ်လမ်းမှစုံလင်စွာ စုဆောင်းတင်ဆက်ပေးထားတာကြောင့်နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။

“လှပခြင်းဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသူ တရုတ်ရှေးခေတ်ဒဏ္ဍာရီမင်းသမီးလေး သောင်းချန်”

တရုတ်ဒဏ္ဍာရီမှာ ရေးဆိုဖြည့်စွက်ဆိုစမှတ်တွင်ထားတဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး လှပခြင်းအပေါင်းသရဖူဆောင်းထားသလို အဆင်းရောအချင်းပါပြည့်စုံလှပလွန်းသော မင်းသမီးလေးချောလေး သောင်းချန်၊ တချို့သောရာဇဝင်တွေမှာ တရုတ်သမိုင်းရဲ့ ထင်ရှားကျော်ကြားတဲ့ စစ်သူကြီးလွီပု၏ အလွန်ချစ်မြတ်နိုးခြင်းခံခဲ့ရပြီး နန်းတော်ရှိ ခေါင်းဆောင်းသရဖူကို တာဝန်ယူဖို့အတွက် သူမရဲ့ငယ်ရွယ်နုပျိုမှု နဲ့ ပျော်ရွှင်ဖွယ်အချိန်တွေကို စွန့်လွှတ်ခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ အလွန်လှပနုပျိုတဲ့ မိန်းမပျိုလေးသောင်းချန်တစ်ယောက် သူမ ရွေးချယ်ခဲ့တဲ့ ဘဝခရီးကြမ်းကို ဘယ်လို‌ဖြတ်သန်းခဲ့သလဲ ၊ ကြုံတွေ့လာတဲ့ အခက်အခဲတွေကိုရော ဘယ်လိုကျော်လွှား‌ခဲ့ရသလဲဆိုတာကို ဇာတ်လမ်း Z-Lann ကတင်ဆက်မည့် “ရာဇဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာ စိတ်ဝင်စားဖွယ် တင်ဆက်ပေးထားတာဖြစ်လို့ ကြည့်ရှုခံစားနားဆင်ကြည့်ရအောင်။

သာမန်အရပ်သူဘဝမှ ရာဇပလ္လင်ထက်နေရာယူတက်လှမ်းနိုင်ခဲ့သူ “နန်းမတော်မယ်နု” အပိုင်း(၁)

အင်းဝခေတ်ရဲ့အကျော်ကြားဆုံး မိဖုရားခေါင်ကြီးအဖြစ်ထင်ရှားတဲ့ “နန်းမတော်မယ်နု” ငယ်စဉ်တောင်ကျေးကလေးဘဝက သာမန်အခြေအရပ်သူတစ်ယောက် ဖြစ်ကာ ဘုန်းကံထူးမြင့် နိမိတ်ထွန်းပေါက်တာကြောင့် အသက် ၂၀ အရွယ်မှာ မင်းမိဖုရားအရိုက်အရာသို့ ရောက်ရှိလာခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်တည်းက မိဖုရားဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခံခဲ့ရသလို တုနှိုင်းမမီလောက်အောင်လည်း ကုသိုလ်ကံကောင်းအလိုလိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆိုးသွမ်းပုံနဲ့ အင်းဝခေတ်နိုင်ငံအရေးရှုပ်ထွေးမှုတွေရဲ့ သမိုင်းတရားခံဖြစ်ခဲ့ပုံကို Z-Lann ဇာတ်လမ်း ကတင်ဆက်မဲ့ “ရာဇဝင်ထဲကဣထိရ” အစီအစဉ်မှာစုံလင်စွာ တင်ဆက်ပေးထားတာဖြစ်လို့ နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။

သာမန်အရပ်သူဘဝမှ ရာဇပလ္လင်ထက်နေရာယူတက်လှမ်းနိုင်ခဲ့သူ “နန်းမတော်မယ်နု” အပိုင်း(၂)

အင်းဝခေတ်ရဲ့အကျော်ကြားဆုံး မိဖုရားခေါင်ကြီးအဖြစ်ထင်ရှားတဲ့ “နန်းမတော်မယ်နု” ငယ်စဉ်တောင်ကျေးကလေးဘဝက သာမန်အခြေအရပ်သူတစ်ယောက် ဖြစ်ကာ ဘုန်းကံထူးမြင့် နိမိတ်ထွန်းပေါက်တာကြောင့် အသက် ၂၀ အရွယ်မှာ မင်းမိဖုရားအရိုက်အရာသို့ ရောက်ရှိလာခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ်တည်းက မိဖုရားဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခံခဲ့ရသလို တုနှိုင်းမမီလောက်အောင်လည်း ကုသိုလ်ကံကောင်းအလိုလိုက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆိုးသွမ်းပုံနဲ့ အင်းဝခေတ်နိုင်ငံအရေးရှုပ်ထွေးမှုတွေရဲ့ သမိုင်းတရားခံဖြစ်ခဲ့ပုံကို Z-Lann ဇာတ်လမ်း ကတင်ဆက်မဲ့ “ရာဇဝင်ထဲကဣထိရ” အစီအစဉ်မှာစုံလင်စွာ တင်ဆက်ပေးထားတာဖြစ်လို့ နားဆင်လိုက်ကြပါဦးပရိသတ်ကြီးရေ။

သီပေါမင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့မိ၍ စုဖုရားလတ်၏ ရက်စက်စွာကွပ်မျက်ခြင်းခံခဲ့ရသူ “ဒိုင်းခင်ခင်” (ခေါ်) “ခင်ခင်ကြီး”

ရက်စက်လှသော စုဖုရားလတ်မိဖုရား၏ အမျက်ဒေါသလုပ်ရပ်တွေကြား မရှုမလှသေပွဲဝင်ခဲ့ရတဲ့ နန်းတွင်းအပျိုတော်လေး “ဒိုင်းခင်ခင်”၊
အသက်ကလေးက အပျိုဖျန်းအရွယ်၊ ရုပ်ရည်ရုပကာက ချောမောပျေပျစ်၊ နှုတ်ရေးမှာလည်း ကြွယ်ကြွယ်၊ ချစ်စဖွယ်အမူအရာနဲ့ နေထိုင်တတ်တဲ့ သူမကို သီပေါမင်းကြီးက လွန်စွာ ချစ်ခင်စုံမက်မိပြီး သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ အချစ်ဇာတ်လမ်းအကြား မြေစာပင်ဖြစ်ခဲ့ပြီးနောက် ရှုပ်ထွေးလှတဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းနိုင်ငံရေး ပြဿနာတွေကြား အမုန်းနဲ့အငြိုးအတေးတို့ကို ခံခဲ့ရပြီး ရက်ရက်စက်စက် ကွပ်မျက်ခံခဲ့ရတဲ့ “ခင်ခင်ကြီး” ခေါ် “ဒိုင်းခင်ခင်”…..
ဒီတစ်ခေါက်တင်ဆက်မဲ့ Z-Lann ဇာတ်လမ်း ရဲ့ “ရာဇဝင်ထဲကဣထ္တိယ” အစီအစဉ်မှာ ကုန်းဘောင်ခေတ်နှောင်းပိုင်းထင်ရှားခဲ့တဲ့ နန်းတွင်းအပျိုတော်လေး “ဒိုင်းခင်ခင်” အကြောင်းကိုစုံလင်စွာ တင်ဆက်ပေးမှာ ဖြစ်တာကြောင့် နားဆင်ကြည့်ရှုလိုက်ပါဉီးနော်။

တရုတ်ပြည် စုန့်မင်းဆက်ခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ အမျိုးသမီး ဂီတစာဆိုပညာရှင် “လီချင်းကျောက်”

အနုပညာကဗျာစာပေမှာ အထူးပါရမီရှိလှပြီး စုန့်မင်းဆက်ခေတ်က ပညာရှိမျိုးရိုးထံမှ အမျိုးသမီးတွေရဲ့ထားရှိရတဲ့ စံနှုန်းကို ချိုးဖျက်ကာ ကဗျာစာပေလောကမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးလေး လီချင်းကျောက်။
ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတစ်ဉီး၏ စိတ်ကူးစိတ်သန်း၊ အနုပညာတွေနဲ့ ပွင့်လင်းတဲ့စိတ်ခံစားမှုတွေကြောင့် ကဗျာရေးသားမှုဟာ အရောင်အသွေးစုံ အနုပညာဆန်လှပြီး ပညာတတ်အသိုင်းအဝိုင်းကလည်းဖြစ်၊
ငယ်ရွယ်တဲ့ဂုဏ်နဲ့ ပြေပြစ်နူးညံ့လွန်းတဲ့ အရေးအသားတွေကြောင့် စုန့်ခေတ်ရဲ့ စာပေ၊ ကဗျာအနုပညာတွေဟာ လူသိများထင်ရှားခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့ရဲ့ “ရာဇဝင်ထဲက ဣတ္ထိယ” အစီအစဥ်မှာတော့ ဂီတစာဆိုပညာရှင် အမျိုးသမီးလေး “လီချင်းကျောက်” ရဲ့ လက်ရာမြောက်တဲ့ စာပေအရေးအသားအကြောင်းနဲ့ တခြားစိတ်ဝင်စားဖွယ် အချက်အလက်တွေကို
တင်ဆက်ပေးမှာဖြစ်တာကြောင့် ကြည့်ရှုနားဆင်လိုက်ပါဉီးနော်။ ။

သီပေါမင်းတရားကြီးရဲ့ အထွေးဆုံးသမီးတော် “အရှင်ထိပ်စုမြတ်ဖုရားကလေး”

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းတရားကြီးဟာ သားတော်သမီးတော် ၆ ပါးထွန်းကားခဲ့ပြီး သားတော် ၂ ပါးဟာ ငယ်စဉ်ကတည်းက တိမ်းပါးခဲ့ကြပြီး သမီးတော် ၄ ပါးသာကျန်ရစ်ခဲ့ပါတယ်။ ထိုသမီးတော် ၄ ပါးထဲမှာမှအထွေးဆုံးလည်းဖြစ်၊ ဉီးဆောင်မှုကောင်းတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ဉီးလည်း ဖြစ်တဲ့ “အရှင်ထိပ်စုမြတ်ဖုရားကလေး” ဟာ ငယ်စဉ်ထဲက ထက်မြက်မှု၊ ကောင်းမွန်တဲ့စီမံခန့်ခွဲမှု၊ ဉီးစီးဉီးဆောင်ပြုမှုတွေကြောင့် ဖခမည်းတော် သီပေါမင်း နှင့် မယ်တော် စုဖုရားလတ်တို့ရဲ့ ယုံကြည်ကိုးစားခြင်းကိုခံခဲ့ရတဲ့ သမီးလိမ္မာတစ်ပါးဖြစ်ပါတယ်။ အလွန်ထက်မြက်ပြီး သူ့ကျွန်မခံလိုတဲ့ သူမရဲ့ ရဲစွမ်းသတ္တိတို့ကြောင့် အင်္ဂလိပ်ဗြိတိသျှ တို့မျက်လုံးလှုပ်ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ မင်းသမီးတစ်ပါးဖြစ်ပါတယ်။
ဒီတစ်ခေါက်တင်ဆက်မဲ့ “ရာဇဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာတော့ အလွန်ထက်မြက်ရဲစွမ်းသတ္တိအပြည့်ရှိပြီး ကုန်းဘောင်ခေတ်မှာ ထက်မြက်တဲ့အမျိုးသမီးတစ်ဉီးအဖြစ်ထင်ရှားတဲ့ သီပေါမင်းတရားကြီးရဲ့ အထွေးဆုံးသမီးတော်လေး “အရှင်ထိပ်စုမြတ်ဖုရားကလေး” အကြောင်းကို တင်ဆက်ပေးမှာဖြစ်တာကြောင့် ရာဇဝင်စာတင်ခဲ့တဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဉီးဆောင်နိုင်မှုတွေကို ရှုစားလိုက်ရအောင်။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကိုယ်ကျိုးကိုစွန့်ပြီး စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်ခဲ့တဲ့ မင်းသမီးလေး “ဝင်းချန်”

စစ်မက်ဖြစ်ပွားရခြင်းဘေးဒုက္ခထက် သံတမန်ရေးရာ စေ့စပ်ပေါင်းစည်းမှုကြောင့် နိုင်ငံနှစ်နိုင်ငံကြား အေးချမ်းသာယာဝပြောခြင်းကိုဖြစ်စေခဲ့တဲ့ မင်းသမီးလေးတစ်ပါးဟာ တရုတ်သမိုင်းမှာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ထို မင်းသမီးလေးနာမည်က “ဝင်းချန်” လို့အမည်ရပြီး ထန်နိုင်ငံက ဘုရင့်သမီးတော် မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ နှစ်နိုင်ငံ စစ်ဖြစ်ပွားမှုကိုရှောင်ဖယ်စေပြီး မဟာမိတ်နိုင်ငံတွေအဖြစ်တည်ရှိစေဖို့ ဘုရင့်သမီးတော်တွေကို တစ်ခြားနိုင်ငံမှ ဘုရင်တွေထံ လက်ဆက်ပေးသည့်အလေ့အထကြောင့် မင်းသမီး “ဝင်းချန်” ဟာ တူပေါနိုင်ငံသို့ မိဖုရားအဖြစ် ပဏ္ဍာဆက်ပို့ဆောင်ခြင်းကို ခံခဲ့ရပါတယ်။ သို့ပင်မဲ့ မင်းသမီး “ဝင်းချန်” လက်ဆက်ခဲ့မှုဟာ နိုင်ငံနှစ်နိုင်ငံကြား စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရရှိခဲ့ပြီး သာယာဝပြောမှုတွေဖြစ်ထွန်းခဲ့မှုကြောင့် စစ်မက်ဖြစ်ပွားမှုကို ရှောင်လွှဲလျော့ချစေနိုင်ခဲ့တဲ့ စစ်သည်တစ်သိန်းနဲ့ညီမျှတဲ့ လက်ဆက်ခြင်းလို့လည်း တင်စားထားကြပါတယ်။ ဒီတခေါက် Z-Lann ဇာတ်လမ်း က တင်ဆက်မဲ့ “ရာဇဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာ‌တော့ ကိုယ်ကျိုးကိုစွန့်ပြီး တိုင်းပြည် ၂ ခု ၏ ချစ်ကြည်သာယာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ သယ်ပိုးထမ်းရွက်ခဲ့တဲ့ မင်းသမီးလေး “ဝင်းချန်” အကြောင်းကို တင်ဆက်ပေးထားပါတယ်။

ကုန်းဘောင်ခေတ်၏ အမျိုသမီးစာဆိုတော် ဘောလယ်မင်းသမီးလေး “လှိုင်ထိပ်ခေါင်တင်”

မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်က မြန်မာ့နန်းတွင်းမှာ ဘောလယ်တေးသီချင်းတွေကို ရေးဆိုသီကြူးခဲ့ပြီး ယနေ့တိုင်နှောင်းလူများကြား လူသိများထင်ရှားနေဆဲ စာဆိုတော်မင်းသမီးလေးတစ်ပါး ရှိခဲ့ပါတယ်။ “စိန်ခြူးကြာညောင်” ဟူ၍အစချီသော လှိုင်မြို့စားမင်းသမီးလေး “လှိုင်ထိပ်ခေါင်တင်”ဘောလယ်တေးသီချင်းဟာ နှစ်ပေါင်း ၂၀၀ နီးပါးတိုင်အောင်ကြာမြှင့်ခဲ့ပြီ ဖြစ်ပေမဲ့ ယနေ့တိုင် မြန်မာ့ဂန္တဝင်တေးသီချင်းတွေကြား ဝင့်ကြွားစွာရှိနေတဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
ယနေ့တင်ဆက်မဲ့ Z-Lann ရဲ့ “ရာဇဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာ ကုန်းဘောင်ခေတ်နှောင်းက လူသိများတဲ့ အမျိုးသမီးစာဆိုတော် “လှိုင်ထိပ်ခေါင်တင်” ရဲ့ အကြောင်းကို ပရိတ်သတ်တွေ နားဆင်ကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ။

ကုန်းဘောင်ခေတ်တွင် မသိသူမရှိ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ “ဆင်ဖြူမရှင်”

မိခင်ဖြစ်သူ နန်းမတော်မယ်နုကို သာယာဝတီမင်းကွပ်မျက်လိုက်ချိန်ကစ၍ အသက် ၁၂ နှစ်သာရှိသေးတဲ့ မယ်သဲဆိုတဲ့ ဆင်ဖြူမရှင် လျောင်းလျာလေးက နန်းတွင်းအာဏာရဲ့ အရေးပါပုံကိုသိရှိသွားပြီး၊အမေဖြစ်သူဆီက ထက်မြတ်မှု၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့အတူ ပေါင်းစပ်လိုက်တဲ့အခါမှာ မင်းသား မင်းသမီးတွေ မိဘုရား တွေကိုသတ်ခဲ့တဲ့ နန်းတွင်းလူသတ်ပွဲကြီးမှာ အဓိကကြိုးကိုင်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ဒီတခေါက် Z-Lann ဇာတ်လမ်း က တင်ဆက်မဲ့ “ရာဇဝင်ထဲကဣတ္ထိယ”အစီအစဉ်မှာ‌တော့ ကုန်းဘောင်ခေတ်တွင် နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဆင်ဖြူမရှင် အကြောင်းကို တင်ဆက်ပေးထားပါတယ်။

တရုတ်ရာဇဝင်၏ တစ်ဦးထဲသော ဧကရီ “ဝူကျယ်ထျန်း”

တရုတ်နိုင်ငံသမိုင်းတစ်လျှောက် အုပ်ချုပ်မှုစွမ်းရည်ကောင်းမွန်ပြီး မာကြောပြတ်သားတဲ့ စိတ်ဓာတ်နဲ့ တစ်ဦးထဲသော ဘုရင်မကြီးတစ်ပါးရှိခဲ့ဖူးပါတယ်။ ထို ဘုရင်မကြီး အမည်က “ဝူကျယ်ထျန်း” လို့ခေါ်တွင်ပြီး ငယ်စဉ်ကလေးဘဝထဲက ဖခင်ဖြစ်သူရဲ့ စာပေလေ့လာလှိုက်စားမှုကို ချီးမြှင့်မြှောက်စားခြင်းကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာခဲ့သလို စာပေအရာမှာ ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ စာပေထူးချွန်ခြင်းနှင့်အတူ အုပ်ချုပ်ရေး၊ နိုင်ငံရေးမှာလည်း ဗဟုသုတကြွယ်ဝတဲ့ မိန်းမသားတစ်ဦးဖြစ်ပါတယ်။ လှပတဲ့အဆင်းရူပကာကြောင့် ဘုရင့်မောင်းမငယ်တစ်ဉီးဖြစ်လာပြီး ထက်မြက်ရဲရင့်ပြတ်သားမှုတွေကြောင့် တရုတ်ပြည်ကြီးတခွင်ကို အုပ်စိုးနိုင်တဲ့ ဧက္ကရီဘုရင်မအရိုက်အရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် Z-Lann ရဲ့ “ရာဇဝင်ထဲကဣတ္ထိယ” အစီအစဉ်မှာတော့ ကြီးကျယ်ခမ်းနားလွန်းတဲ့ တရုတ်ပြည်ကြီးကို ခေါင်းဆောင်နိုင်ခဲ့တဲ့ ထက်မြက်တဲ့မိန်းမသားတစ်ဉီးဖြစ်တဲ့ “ဝူကျယ်ထျန်း” ဧကရီ အကြောင်းကို တင်ဆက်ပေးမှာဖြစ်လို့ ကြည့်ရှုနားဆင်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။