“သွင်ဟန်ထူးခြားဓလေ့ထုံးများ”

မြန်မာနိုင်ငံမှာသာမက ကမ္ဘာအနှံ့နေရာအရပ်ရပ်မှာ ရှင်သန်နေကြတဲ့ လူမျိုးစုအသီးသီးတို့၏ မျိုးရိုးဖလာ ဆင်းသက်လာခဲ့ကြတဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေအကြောင်း ကို ရွေးချယ်တင်ဆက်ပေးသွားမဲ့ "သွင်ဟန်ထူးခြားဓလေ့ထုံးများ"

“ယနေ့ထက်တိုင် တရုတ်လူမျိုးတို့ တန်ဖိုးထားလေးစားကြတဲ့ တရုတ်ရိုးရာကြက်တောင်ခတ်ခြင်းဓလေ့”

မြန်မာနိုင်ငံမှာ ရိုးရာယဉ်ကျေးမှုအနေဖြင့် ရိုးရာခြင်းလုံးခတ်သည့် အားကစားယဉ်ကျေးမှုကို လေးစားတန်ဖိုးထားကာ ကစားလေ့ရှိကြသလို တရုတ်နိုင်ငံမှာလည်း ခြင်းလုံးခတ်ခြင်းနည်းတူ ကြက်တောင်ခြင်းဓလေ့ကိုလည်း ရိုးရာမပျက် ယနေ့ထက်တိုင် ထိန်းသိမ်းနေကြဆဲပါ။ ဒီရိုးရာဓလေ့လက်ဆင့်ကမ်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြှင့်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် ကျော်ကြားလာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုဆိုလည်း မမှားပါဘူး။ ဒီနေ့တင်ဆက်မဲ့ Z-Lann ရဲ့ “သွင်ဟန်ထူးခြားဓလေ့ထုံးများ” အစီအစဉ်မှာတော့ တရုတ်နိုင်ငံမှာလက်ရှိအချိန်ထိ တန်ဖိုးထားလက်ဆင့်ကမ်းလာတဲ့ ” တရုတ်ရိုးရာကြက်တောင်ခတ်ခြင်းဓလေ့” အကြောင်းကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

“စုန့်မင်းဆက်ခေတ်ထဲက ပြုလုပ်လာခဲ့တဲ့ တရုတ်ရိုးရာ ပုရစ်နှံ(နှံကောင်)တိုက်ခြင်းဓလေ့”

လူတို့ဟာ ‌ပျော်ရွှင်မှုကို ဖွေရှာရာမှာ မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက် ရတဲ့ပျော်ရွှင်မှုနဲ့ တစ်ပါးသူဆောင်ရွက်မှုတို့က ရတဲ့ပျော်ရွှင်မှုတွေကို ထွေးပွေ့ပြီး ရှင်သန်ကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒီလိုပျော်ရွှင်မှုကိုရှာဖွေကြတဲ့ အခါ လူလူချင်းယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေ လက်ဝှေ့ကထိုးသတ်ခြင်းကစလို့ တိရစ္ဆာန်တွေကိုပါတိုက်ခိုက်ခိုင်းတဲ့ ပြိုင်ပွဲတွေထိ ကျင်းပခဲ့ကြပါတယ်။ ဒီလို တိုက်ခိုက်ရတဲ့ ယှဉ်ပြိုင်မှုတွေကို ကမ္ဘာတဝှမ်းမှာ ရှေးယခင်အဆက်ဆက်ထဲက ပြုလုပ်လာခဲ့ကြပြီး တရုတ်နိုင်ငံမှာလည်း ရိုးရာဖြစ်တဲ့ ပုရစ်နှံ(နှံကောင်) တိုက်ခြင်း ဓလေ့ကို ပြုလုပ်ခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် စုန့်မင်းဆက် ခေတ်ထဲကဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထူးခြားတဲ့ တရုတ်ရိုးရာဓလေ့ဖြစ်တဲ့ “ပုရစ်နှံ(နှံကောင်)” တိုက်ခြင်းဓလေ့အကြောင်းကို “သွင်ဟန်ထူးခြားဓလေ့ထုံးများ” အစီအစဉ်ကနေတင်ဆက်ပေးသွားမှာပါ။

“မြန်မာတို့ရဲ့အစဉ်အလာ ကင်ပွန်းတပ်မင်္ဂလာ”

လူတစ်ယောက်က မွေးဖွားလာချိန်ကနေ ဘဝတသက်တာအချိန်အထိ နာမည်တစ်ခုရှိနေဖို့က အလွန်အရေးကြီးလှပါတယ်။ မြန်မာလူမျိုးတို့ဟာ လူတစ်ယောက်ဘဝအတွက်ကောင်းမွန်ဖို့၊ နာမည်ကောင်းကျန်ရစ်စေဖို့အတွက် အမည်ပေးရာမှာ အတိတ်ကောင်းနိမိတ်ကောင်းတွေများစွာနဲ့ အမည်မှည့်ပေးလာခဲ့ကြတာ ယနေ့ထက်တိုင်ဖြစ်ပါတယ်။ ဒီအစဉ်အလာထုံးတမ်းဟာ မြန်မာတို့ရဲ့ “ကင်ပွန်းတပ်မင်္ဂလာ” ဟူ၍အဆိုရှိပြီး မြန်မာပြည်ကနေရာအနှံ့အပြားမှာ ကလေးလေးတစ်ယောက်ဖွားမြင်လာချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေ့တင်ဆက်မဲ့ “သွင်ဟန်ထူးခြားဓလေ့ထုံးများ” အစီအစဉ်မှာတော့ မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာ “ကင်ပွန်းတပ်မင်္ဂလာ” အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ တင်ဆက်ပေးသွားမှာပါ။

#ZLann #ZLann_Podcast #သွင်ဟန်ထူးခြားဓလေ့ထုံးများ
#ကင်ပွန်းတပ်မင်္ဂလာ #ခေါင်းဆေးခြင်း #ကေသစ္ဆေဒနမင်္ဂလာ