“အဆိုအမိန့်ထုံးနှလုံးမူ”

ခေတ်အဆက်ဆက်က ဂန္တဝင်တွင်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများရဲ့ ပြောကြားခဲ့တဲ့ မှတ်သားအတုယူဖွယ်ကောင်း ဂန္တဝင်အဆိုအမိန့်တွေအကြောင်းကို လိုက်နာမှတ်သားနိုင်ဖို့ တင်ဆက်ပေးသွားမဲ့ အသံဇာတ်လမ်း "အဆိုအမိန့်ထုံးနှလုံးမူ"

“ဒီနေ့လုပ်ရမဲ့တာဝန်ကို ရှောင်လွှဲလိုက်တာနဲ့ မနက်ဖြန်ကပေါ့ပါးသွားမှာ မဟုတ်ဘူး” Abraham Lincoln

ခေတ်အဆက်ဆက် ပေါ်ပေါက်လာခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေဟာ သူတို့တွေ့ကြုံလာကြတဲ့ အတွေ့အကြုံကို မှတ်သားစရာအဆိုအမိန့် အဖြစ် ချန်ထားခဲ့လေ့ရှိပါတယ်။ ဒီနေ့ Z-Lann ရဲ့ “အဆိုအမိန့်ထုံး နှလုံးမူ” အစီအစဉ်မှာတော့ အမေရိကန် သမ္မတကြီး လင်ကွန်း ရဲ့ အဆိုအမိန့်တစ်ခု ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

“အနာဂတ်ဆိုတာ လက်ရှိပြုလုပ်တဲ့ လုပ်ရပ်တွေအပေါ်မှာပဲမူတည်တယ် မဟတ္တမဂန္ဒီ”

အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးရှိအောင် ကြိုးပမ်းခဲ့ရုံသာမက ဟိန္ဒူနှင့် မူဆလင်တို့သည် အိန္ဒိယနှင့် ပါကစ္စတန်ခွဲရေး တွဲရေးကိစ္စကြောင့် အကြီးအကျယ် အဓိကရုဏ်း ဖြစ်နေတဲ့ ဟိန္ဒူနှင့် မူဆလင်တို့ ပြန်လည်သင့်မြတ်ရေး အတွက် အစာအငတ်ခံပြီး ပြန်လည်သင့်မြတ်အောင် ကြိုးပမ်းခဲ့တဲ့သူဟာ မဟတ္တမ ဂန္ဒီ ပဲဖြစ်ပါတယ်။မဟတ္တမ ဂန္ဒီ အိန္ဒိယ နိုင်ငံရဲ့ ပြည်သူလူထု တစ်ရပ်လုံး ထောက်ခံအားပေးရုံးသာမက တစ်ကမ္ဘာ လုံးက ကြည်ိညိုလေးစားကြရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့တင်ဆက်မဲ့ Z-Lann ရဲ့ ” အဆိုအမိန့်ထုံး နှလုံးမူ” အစီအစဉ်မှာတော့ အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေး အမျိုးသားခေါင်းဆောင်ကြီးလို့ တင်စားခြင်ခံရတဲ့ “မဟတ္တမ ဂန္ဒီ” ရဲ့ ပြောခဲ့ဖူးတဲ့ မှတ်သားစရာ အဆိုအမိန့် တစ်ခုကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

“ကြင်နာတဲ့စကားတွေက လွယ်ပြီးတိုတောင်းပေမဲ့ သူ့ရဲ့ပဲ့တင်သံကတော့ အဆုံးအစမရှိပါဘူး” Mother Teresa

လောကမှာ ရှင်သန်နေထိုင်ဖို့အတွက် ဘယ်အရာကအရေးကြီးဆုံးလဲလို့မေးရင် ကြင်နာနွေးထွေးတဲ့စကားတွေနဲ့ မေတ္တာတရားပါ။ နေ့စဉ်လူမှုဘ၀မှာ လိုအပ် နေတဲ့အရာတွေကို ဖြည့်တင်းပေးနိုင်မဲ့ ငွေကြေးစည်းစိမ်တွေကသာ အရေးကြီးတဲ့အရာတွေဖြစ်တယ်လို့ လက်ခံထားကောင်း လက်ခံထားကြပေမဲ့ အချို့ကျတော့လည်း မေတ္တာတရားကသာလျှင် အရေးကြီးဆုံးဖြစ်ပါတယ်။ ကိုယ်နဲ့သွေးသားမတော်စပ်တဲ့ တစ်ပါးသောသူအပေါ်မှာ စိတ်ကောင်းစေတနာသန့်သန့်ဖြင့် ကရုဏာအပြည့်နဲ့ မေတ္တာထား ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ကူတဲ့အရာဖြစ်ပါတယ်။ သို့သော်လည်း မေတ္တာတရားကို လူတိုင်းမြင်နိုင်ဖို့အတွက် သတ္တဝါတိုင်း၊ လူသားတိုင်းအပေါ် အကြင်နာမေတ္တာတရား အပြည့်နဲ့မေတ္တာပေးနိုင်ခဲ့တဲ့ “မေတ္တာမီးအိမ်ရှင်” မာသာထရီဇာက ပြောကြားခဲ့တဲ့ ဂန္တဝင်အဆိုအမိန့်တစ်ခု အကြောင်းကို ဒီနေ့တင်ဆက်မဲ့ Z-Lann ရဲ့ “အဆိုအမိန့်ထုံးနှလုံးမူ” အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

#ZLann #ZLann_Podcast #အဆိုအမိန့်ထုံးနှလုံးမူ
#Mother_Teresa #love&kindness #Quote