“သိုင်းလောကရဲ့စိန်ခေါ်သံ”

တရုတ်သိုင်း၀တ္ထုစာရေးဆရာကြီး ကျင်းယုံ ရေးသားခဲ့တဲ့ "သိုင်းလောကရဲ့စိန်ခေါ်သံ" ဇာတ်လမ်းတွဲကိုတော့ တရုတ်သိုင်းကားကြိုက်နှစ်သက်ကြသူ ပရိသတ်တွေ ရင်းနှီးကြမှာပါ။ ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်သံဇာတ်လမ်းတွဲအဖြစ်နဲ့ပါ အောင်မြင်မှုအစဉ်အလာတွေကြီးမားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကြီးကို အခုတစ်ခါမှာတော့ Z-Lann ကနေ အသံဇာတ်လမ်းအဖြစ်တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ ကဲ ... ဒါဆိုရင်တော့ တစ်ချိန်တုန်းကရင်းနှီးခဲ့တဲ့ သိုင်းလောကရဲ့ဇာတ်ကောင်တွေကို Z-Lann ကနေတစ်ဆင့် ပြန်လည်ဆုံတွေ့လိုက်ကြရအောင်နော်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

တရုတ်သိုင်း၀တ္ထုစာရေးဆရာကြီး ကျင်းယုံ ရေးသားခဲ့တဲ့ “သိုင်းလောကရဲ့စိန်ခေါ်သံ” ဇာတ်လမ်းတွဲကိုတော့ တရုတ်သိုင်းကားကြိုက်နှစ်သက်ကြသူ ပရိသတ်တွေ ရင်းနှီးကြမှာပါ။ ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်သံဇာတ်လမ်းတွဲအဖြစ်နဲ့ပါ အောင်မြင်မှုအစဉ်အလာတွေကြီးမားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကြီးကို အခုတစ်ခါမှာတော့ ဇာတ်လမ်း Z-Lann ကနေ အသံဇာတ်လမ်းအဖြစ်တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီလိုတင်ဆက်ပေးမယ့် အသံဇာတ်လမ်းကနေတစ်ဆင့် တစ်ချိန်တုန်းကရင်းနှီးခဲ့တဲ့ သိုင်းလောကရဲ့ဇာတ်ကောင်တွေကို ပြန်လည်ဆုံတွေ့လိုက်ကြရအောင်နော်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

တရုတ်သိုင်း၀တ္ထုစာရေးဆရာကြီး ကျင်းယုံ ရေးသားခဲ့တဲ့ “သိုင်းလောကရဲ့စိန်ခေါ်သံ” ဇာတ်လမ်းတွဲကိုတော့ တရုတ်သိုင်းကားကြိုက်နှစ်သက်ကြသူ ပရိသတ်တွေ ရင်းနှီးကြမှာပါ။ ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်သံဇာတ်လမ်းတွဲအဖြစ်နဲ့ပါ အောင်မြင်မှုအစဉ်အလာတွေကြီးမားခဲ့တဲ့ ဒီဇာတ်လမ်းတွဲကြီးကို အခုတစ်ခါမှာတော့ ဇာတ်လမ်း Z-Lann ကနေ အသံဇာတ်လမ်းအဖြစ်တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီလိုတင်ဆက်ပေးမယ့် အသံဇာတ်လမ်းကနေတစ်ဆင့် တစ်ချိန်တုန်းကရင်းနှီးခဲ့တဲ့ သိုင်းလောကရဲ့ဇာတ်ကောင်တွေကို ပြန်လည်ဆုံတွေ့လိုက်ကြရအောင်နော်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်လာချိန်နောက်မှာ လင်းကျန့်နန်တို့မိသားစု ဒီအရေးကိစ္စကြီးကနေ ဘယ်လိုနည်းနဲ့တိမ်းရှောင်ကြမလဲ။ တိမ်းရှောင်နေတဲ့အချိန်တွင်းမှာရော ဘယ်သူနဲ့တွေ့ဆုံမိမလဲ။ လင်းဖိန်ကျစ် သတ်မိလိုက်တဲ့သူက တကယ်ပဲ ချင်းချန်ဂိုဏ်းရဲ့လူလားဆိုတာကိုတော့ အခုတင်ဆက်ပေးထားတဲ့ အပိုင်း (၃) မှာ ခံစားနားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ဒီအပိုင်း (၄) မှာကတော့ ချင်းချန်ဂိုဏ်းမှ ယွီလန်ဟောင်၊ ကျာလောင်အော့၊ ဖန်းလန်ကျစ်တို့နဲ့ လင်းကျန့်နန်တို့ မိသားစု (၃) ယောက်တွေ့ဆုံပြီး သွေးကြွေးအတွက် အချေအတင်ဖြစ်ပုံကို နားဆင်ရမှာပါ။ ဩဇာအရှိန်အဝါကြီးမားတဲ့ ဖူဝေးအာမခံဌာနကြီးမှ ဆက်ခံသူမိသားစုက ချင်းချန်ဂိုဏ်းရဲ့လက်အောက်မှာ ရှုံးနိမ့်သွားမလား၊ အရက်ဆိုင်မှ ပျောက်ဆုံးသွားတဲ့ ရုပ်ဆိုးဆိုးမိန်းကလေးကရော တကယ်ပဲ အားနွဲ့တဲ့သာမန်မိန်းကလေးတစ်ယောက်လားဆိုတာကိုလည်း ဒီအပိုင်းမှာသိရှိရမှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ဟွာဆန်းဂိုဏ်းမှ ရုပ်ဆိုးမလေးက လင်းဖိန်ကျစ်တို့မိသားစုကိုဖမ်းဆီးထားတဲ့ ချင်းချန်ဂိုဏ်းမှ ဖန်းလန်ကျစ်၊ ယွီလန်ဟောင်တို့နဲ့ ဘယ်လိုမျိုးအပေးအယူတွေလုပ်မလဲ။ အဲဒီအပေးအယူကရော ရွှေဘုံစံသူဌေးသားလေး လင်းဖိန်ကျစ်ရဲ့ဘ၀ကို ဘယ်လိုပုံစံနဲ့တစ်ဆစ်ချိုးပြောင်းလဲပစ်လိုက်မလဲ။ ဒါ့အပြင် ရုပ်ဆိုးမလေးကြောင့် ချင်းချန်ဂိုဏ်းမှတစ်ကိုယ်တည်းလွတ်မြောက်ခွင့်ရသွားပြီးနောက်မှာ လင်းဖိန်ကျစ်တစ်ယောက် ကျန်ရှိတဲ့မိဘနှစ်ပါးကိုကယ်တင်ဖို့အတွက် ဘယ်လိုကြိုးစားမလဲ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကွက်တွေကိုတော့ အခုတင်ဆက်ပေးထားတဲ့ အပိုင်း (၅) မှာ နားဆင်ခံစားနိုင်မှာပါ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မိဘနှစ်ပါးကိုရှာဖွေဖို့အတွက် သူတောင်းစားအသွင်နဲ့ ရုပ်ဖျက်ထားရတဲ့ လင်းဖိန်ကျစ်တစ်ယောက် ဟန်ဆန်းတောင်ကိုရောက်ရှိလာချိန်မှာ ဟန်ဆန်းဂိုဏ်းနဲ့ပတ်သက်ပြီး အကြောင်းအရာတွေကို သိရှိလိုက်ရတဲ့အပြင် ဖူကျိုးမြို့မှ အရက်ရောင်းတဲ့မြေးအဘိုးအဖြစ်နဲ့သာသိရှိထားခဲ့တဲ့ အဘိုးကြီးနဲ့ မိန်းကလေးတို့ရဲ့ သရုပ်မှန်တွေကိုလည်း တွေ့မြင်လိုက်ရတဲ့အခါ ….။ ဒီဇာတ်ကွက်တွေကိုတော့ အခုတင်ဆက်ပေးထားတဲ့ အပိုင်း (၆) မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ဖူကျိုးမြို့ရှိ အရက်ဆိုင်မှ အသတ်ခံလိုက်ရတဲ့ ချင်းချန်ဂိုဏ်းမှ ယွီလူငယ်ရဲ့ သေဆုံးမှုနဲ့ပတ်သက်လို့ လောင်သယ်နော့ ကိုယ်တိုင်ဖွင့်ဟပြောပြတာတွေကို လင်းဖိန်ကျစ် ကြားသိလိုက်ရတဲ့အခါ…။ လင်းဖိန်ကျစ်သိရှိသွားတဲ့ သတင်းစကားတွေ၊ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်တယ်ဆိုတာကိုတော့ အပိုင်း (၇) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ (Ep 8)

သားတစ်ယောက်လုံးရဲ့ အသက်ကိုရင်းပြီး ချင်းချန်ဂိုဏ်းချုပ်ကိုယ်တိုင် ဖူဝေးအာမခံဌာနမှာ လာရောက်ရှာဖွေတဲ့အရာက ဘာများလဲ။ ဖူဝေးအာမခံဌာနကြီးရဲ့ ဖိရှယ်ဓားသိုင်းကျမ်းကရော သတင်းစကားတွေအတိုင်း တကယ် အစွမ်းထွက်ရဲ့လား။ သီလရှင်ကြီးတိန့်ရိကရော လောင်သယ်နော့တို့ စကားစမြည်ပြောပြီး စားသောက်နေချိန်မှာ ဘာအကြောင်းကြောင့် ရုတ်တရက်ရှိလာခဲ့တာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ အခုတင်ဆက်ပေးထားတဲ့ အပိုင်း (၈) မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

တဖြည်းဖြည်းစိတ်ဝင်စားစရာကောင်းလာတဲ့ လင့်ဟူချုံး၊ ထျန်းပေါ်ကွမ်းနဲ့ မယ်သီလရှင်လေး ရီလင်တို့ရဲ့ ပတ်သက်ဆက်နွယ်မှု။ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်တွေကို ပဟေဠိဖြစ်ပေါ်သွားစေတဲ့ သူတို့ငါးယောက်ရဲ့ဆက်နွယ်မှုအကြောင်းတွေကို ရီလင် ဘယ်လိုမျိုးဖွင့်ဟပြောလာမလဲ။ ဟွာဆန်းဂိုဏ်းမှ လင့်ဟူချုံးကရော တကယ်ပဲ ရီလင်ကို ခိုးပြေးသွားခဲ့တာလား။ ဒီအကြောင်းတွေကိုတော့ အပိုင်း (၉) ထဲမှာ တင်ဆက်ပေးထားပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မယ်သီလရှင်လေး ရီလင် ရှင်းပြထုတ်ပြောလာတဲ့ ဟွာဆန်းဂိုဏ်းမှ လင့်ဟူချုံးနဲ့ သူမတို့အကြားက ဆက်ဆံရေးပုံစံအမှန်နဲ့ ထျန်းပေါ်ကွမ်းရဲ့ ရွံရှာစရာလုပ်ရပ်တွေအကြောင်းကိုတော့ အပိုင်း (၁၀) မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မယ်သီလရှင်လေး ရီလင်ပြန်ပြောပြတဲ့ ထျန်းပေါ်ကွမ်းလက်ထဲကနေ ရီလင်ကို ကယ်တင်ဖို့ လင့်ဟူချုံးက ဘယ်လို ထူးခြားတဲ့ ပုံစံမျိုးနဲ့ ကြိုးပမ်းအားထုတ်ခဲ့သလဲဆိုတာကို နားဆင်ရမှာဖြစ်ပြီး ထျန်းပေါ်ကွမ်းရဲ့ အင်အားကြီးမားပုံ၊ သိုင်းပညာအဆင့်မြင့်ပုံတွေကိုလည်း အပိုင်း(၁၁)မှာ ကြားသိနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

သိုင်းသမားအချင်းချင်း သိုင်းပညာဖလှယ်ကြရာမှာ လက်ရုံးရည်တစ်ခုတည်းကပဲ အရေးကြီးတာ မဟုတ်ပဲနဲ့ နှလုံးရည်ရှိဖို့ကလည်း အရေးပါလှပါတယ်။ လင့်ဟူချုံးက သူ့ထက် သိုင်းပညာအဆင့်မြင့်တဲ့ ထျန်းပေါ်ကွမ်းကို အနိုင်ရဖို့အတွက် သူ့ရဲ့ ဉာဏ်ရည်ကိုဘယ်လိုလွှာသုံးခဲ့သလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ အပိုင်း(၁၂)မှာ စိတ်ဝင်စားဖွယ်နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ယွီချန်းဟိုင်ကို သွေးကြွေးဆပ်ချင်နေတဲ့ လင်းဖိန်ကျစ်တစ်ယောက်၊ အကုန်လုံးက သူ့ကို မြောက်ပိုင်းကုလားအုတ်လို့ နာမည်ကျော်ကြားတဲ့ သိုင်းပညာရှင် မုကောင်းဖုန်းနဲ့ ဆွေမျိုးတော်စပ်သူလို့ ထင်မှတ်မှားသွားကြတဲ့အခါ၊ ဘယ်လိုချော်လဲရောထိုင်တွေလုပ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ အပိုင်း(၁၃)မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မယ်သီလရှင်လေး ရီလင်ဟာ ဖေးဖေးကို ယမန်နေ့ညက အရက်ဆိုင်ထဲမှာ ရှိနေခဲ့တဲ့ ကလေးမလေးမှန်း မှတ်မိနေသော်လည်း သူမကို အသက်စွန့်ပြီး ကယ်တင်ပေးခဲ့တဲ့ လင့်ဟူချုံးရဲ့ အလောင်းကို မြင်တွေ့လိုတာကြောင့် ဖေးဖေးခေါ်ရာနောက်လိုက်ရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အပိုင်း(၁၄)မှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မယ်သီလရှင်လေး ရီလင်တစ်ယောက် လင့်ဟူချုံးရဲ့ အလောင်းကို မျက်မြင်တွေ့နိုင်ရန် ဖေးဖေးကို ကတိပေးထားသည့်အတိုင်း လူတစ်ယောက်ကို ကယ်တင်ပေးရာမှ ထိုလူက အသက်ရှိနေဆဲ လင့်ဟူချုံးဖြစ်ကြောင်း သိလိုက်ရပြီး သူမဟာလည်း နောက်တစ်ကြိမ် အရှုပ်အထွေးများကြားသို့ ထပ်မံရောက်ရှိသွားပါတော့တယ်။ လင့်ဟူချုံးနဲ့ ဖေးဖေး၊ ရီလင်တို့ သုံးယောက်ပေါင်းပြီး ယွီချန်းဟိုင်ကို ဘယ်လိုအရူးလုပ်ကြမလဲ စတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း(၁၅)မှာ နားဆင်ကြည့်လိုက်ရအောင်ပါ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ဖူဝေးအာမခံဌာနရဲ့ ဖိရှယ်ဓားသိုင်းကျမ်းစာအုပ်ကို တပ်မက်တဲ့ မုကောင်းဖုန်းဟာ လင်းဖိန်ကျစ်ကို ယွီချန်းဟိုင်လက်ထဲကနေ ကယ်တင်ပြီး တပည့်အဖြစ်လက်ခံဖို့ ကြိုးပမ်းခဲ့ရာ မအောင်မြင်တဲ့အပြင် လင်းဖိန်ကျစ်က ဟွာဆန်းဂိုဏ်းရဲ့ ယွဲ့ပုချွင်ဆီမှာ တပည့်ခံသွားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ အပိုင်း(၁၆)မှာ စိတ်ဝင်စားဖွယ်နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးကို ရန်ပြုဖို့လာတဲ့သူတွေဆီကနေ ရီလင်နဲ့ လင့်ဟူချုံးတို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကို အပြန်အလှန် ဝေမျှနေကြစဉ် တစ်ဖက်တွင်လည်း လျိုကျန့်ဖုန်းရဲ့ အိမ်ဂေဟာမှာတော့ နဂိုရှိရင်းစွဲ ဧည့်သည်များအပြင် ဟွာဆန်းဂိုဏ်းချုပ်၊ သူတောင်းစားဂိုဏ်းမှ ဒုဂိုဏ်းချုပ် အစရှိတဲ့ အနယ်နယ်အရပ်ရပ်ရှိ ဂိုဏ်းအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များ တဖွဲဖွဲရောက်ရှိလာကြပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အပိုင်း(၁၇) မှာ နားဆင်နိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လျိုကျန့်ဖုန်းရဲ့ လက်ဆေးမင်္ဂလာပွဲမှာ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်း လျိုကျန့်ဖုန်းဟာ နယ်ထိန်းကြီးဖြစ်လာခဲ့ပြီး သိုင်းလောကမှ နှုတ်ထွက်ကြောင်း ကြေညာနေစဉ် ဂိုဏ်းကြီးငါးဂိုဏ်း မဟာမိတ်အဖွဲ့ချုပ်ရဲ့ အလံနဲ့အတူ စီတန်းတာ ရောက်ရှိလာခဲ့ပြီး လျိုကျန့်ဖုန်းရဲ့ သိုင်းလောကမှ နှုတ်ထွက်တော့မယ့်အစီအစဉ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုတော့ အပိုင်း (၁၈) မှာ နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လျိုကျန့်ဖုန်းရဲ့ လက်ဆေးမင်္ဂလာပွဲနဲ့ သိုင်းလောကကနေ နှုတ်ထွက်တော့မယ့် ကိစ္စရဲ့ နောက်ကွယ်မှာ တကယ်ပဲ လျှို့ဝှက်ထားတဲ့ အကြံအစည်တစ်ခုရှိနေတာလား၊ ဆုန်းဆန်းဂိုဏ်းသားတွေပြောသလိုပဲ လျိုကျန့်ဖုန်းက မကောင်းဆိုးဝါးဂိုဏ်းက တုံးဖန်းပုပိုက်နဲ့ ပူးပေါင်းပြီး အထက်လမ်းသိုင်းသမားတွေကို လုပ်ကြံဖို့ ကြံစည်နေသလား၊ မကောင်းဆိုးဝါးဂိုဏ်းသားဖြစ်တာနဲ့ပဲ မိတ်ဆွေစစ် မိတ်ဆွေမှန် မဖြစ်နိုင်တော့ဘူးလား စတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကွက် အလှည့်အပြောင်းတွေကိုတော့ အပိုင်း (၁၉)မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မကောင်းဆိုးဝါးဂိုဏ်းက ချွီရန်နဲ့ မိတ်ဆွေအဖြစ် ခင်မင်မိခဲ့လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ လျိုမိသားစု၊ အသက်မသေချင်တဲ့သားငယ်ရဲ့ သစ္စာဖောက်မှုကြောင့် မိမိကိုယ်မိမိ အဆုံးသတ်လိုက်ဖို့ မှတပါး ရွေးချယ်စရာမရှိတော့တဲ့ လျိုကျန့်ဖုန်းကို သူခင်မင်လေးစားရတဲ့ အစ်ကိုကြီး ချွီရန်က လာရောက်ကယ်တင်သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို အပိုင်း (၂၀)မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

တစ်ခါတလေမှာ မကောင်းဆိုးဝါးဂိုဏ်းက လူတိုင်းဟာလည်း လူဆိုးမဟုတ်နိုင်သလို သိုင်းလောက အလယ်မှာ သမာသမတ်ကျလှပါတယ်ဆိုတဲ့ သူရဲကောင်းဂိုဏ်းက လူတိုင်းဟာလည်း လူကောင်းတွေမဟုတ်ကြောင်းကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း (၂၁) မှာ ကွက်ကွက်ကွင်းကွင်း ပုံဖော်ပြထားပါတယ်။ သူရဲကောင်းအမည်ခံ ဖေ့ပင်းရဲ့ တယူသန် တစ်ဖက်သတ်အစွဲတွေနဲ့ မကောင်းတဲ့အမူအကျင့်တွေကြောင့် ဖေးဖေးတစ်ယောက် ဘယ်လိုအဆုံးသတ်မျိုးနဲ့ တွေ့ကြုံရမလဲဆိုတာကိုတော့ အပိုင်း(၂၁) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

သွေးအေးရက်စက်တဲ့ ကြောင်သူတော် ဖေ့ပင်းဟာ လင့်ဟူချုံးတို့ လေးယောက်ကို နှုတ်ပိတ်သတ်ဖြတ်ဖို့ကြံစည်ခဲ့ပေမယ့် မကောင်းသူတို့ရဲ့ လားရာအတိုင်း အဆုံးသတ်မလှပုံ၊ ချွီရန် နှင့် လျိုကျန့်ဖုန်းတို့ သေအတူရှင်မကွာ မိတ်ဆွေနှစ်ယောက်ဟာ “သိုင်းလောကရဲ့ စိန်ခေါ်သံ” တေးသီချင်းစာအုပ်ကို လင့်ဟူချုံးထံ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်စေခဲ့ပြီး နှစ်ဦးသားအတူ လောကကြီးမှ နှုတ်ဆက်ထွက်ခွာသွားကြပုံ၊ လင့်ဟူချုံးတစ်ယောက် လင်းဖိန်ကျစ် မိဘတွေရဲ့ နောက်ဆုံးထွက်သက်မှာ အတူရှိနေခဲ့ပြီး သူတို့ရဲ့ လင်းဖိန်ကျစ်ထံ နောက်ဆုံးအမှာစကားကို ကြားနာခဲ့ရပုံတွေကို အပိုင်း (၂၂) မှာ ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၂၃) မှာဆိုရင်တော့ လင့်ဟူချုံးတို့ ဟွာဆန်းဂိုဏ်းကို ပြန်ရောက်လာကြပြီး လင့်ဟူချုံးတစ်ယောက် ဒီတစ်ခေါက် ခရီးလမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်တို့ကို ပြန်လည်ပြောပြရင်း ထျန်းပေါ်စန်းရဲ့ သိုင်းကွက်တွေကို ဘယ်လိုပြန်လည်ချေပသင့်သလဲဆိုတာကို သင်ယူဖို့ ဂိုဏ်းချုပ်ကတော်နဲ့ သိုင်းကွက်ဖလှယ်ခဲ့ကြပုံတို့ကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးတစ်ယောက် သိုင်းလောကထဲ လှည့်လည်သွားလာခဲ့စဉ် လုပ်မိခဲ့သမျှ ဗရုတ်သုတ်ခ အရှုပ်တော်ပုံတွေအကြောင်း ယွဲ့ဂိုဏ်းချုပ်မှ သိရှိထားတာကြောင့် လင့်ဟူချုံးကို တောင်ပေါ်တွင် တစ်နှစ်တိတိ တစ်ယောက်တည်းနေထိုင်ရင်း သိုင်းကျင့်ကြံဖို့ အပြစ်ပေးလိုက်သည့်အခါ လင့်ဟူချုံးအနေဖြင့် နေ့ရက်တိုင်းက ပျင်းရိဖွယ်ကောင်းလိမ့်မည်ဟု တွေးထင်ထားသော်လည်း ဂိုဏ်းတူနှမငယ် ယွဲ့လင်စန်းရဲ့ အဖော်ပြုပေးမှုကြောင့် ထင်သလောက် အထီးမကျန်တော့သလို၊ လင့်ဟူချုံးရဲ့ ယွဲ့လင်စန်းအပေါ်ထားရှိတဲ့ မေတ္တာသက်ဝင်မှုတွေအကြောင်း စတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ အပိုင်း (၂၄) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အချိန်တွေကြာလာတာနဲ့အမျှ ယွဲ့လင်စန်းဟာ လင်းဖိန်ကျစ်အပေါ် သံယောဇဉ်တွယ်လာပုံ၊ ဒီအကြောင်းကို ခံစားမိနေတဲ့ လင့်ဟူချုံးကလည်း ရတတ်မအေးနိုင်ပုံ၊ လင်းဖိန်ကျစ်ရဲ့ သိုင်းပညာတိုးတက်မှု မြန်ဆန်ပုံ စတဲ့ဇာတ်ကွက်တွေကိုတော့ အပိုင်း (၂၅) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးတစ်ယောက် တောင်ပေါ်မှာ နေထိုင်ရင်း မတော်တဆ တောင်နံရံကို ဖြိုခွင်းမိသွားကာ တောင်အတွင်းမှာရှိနေတဲ့ လျှို့ဝှက် လှိုဏ်ဂူကြီးတစ်ခုထဲကို ရောက်သွားပြီး ဟွာဆန်းဂိုဏ်းရဲ့ ထိပ်တန်းသိုင်းပညာများကို ပြန်လည်ချေပနိုင်တဲ့ အထူးသိုင်းပညာများကို တွေ့လိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အပိုင်း (၂၆) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ဆရာဖြစ်သူ ယွဲ့ဂိုဏ်းချုပ်က လင့်ဟူချုံးရဲ့ သိုင်းပညာကို ပိုမိုတိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်မှာ တစ်ကိုယ်တည်း သီးသန့်နေထိုင်စေခဲ့သော်လည်း လင့်ဟူချုံးကတော့ နှလုံးသားဝေဒနာကြောင့် သိုင်းပညာတိုးတက်မလာသည့်အပြင် နာမကျန်းဖြစ်သည်အထိ စိတ်ထိခိုက်ရပုံများကို အပိုင်း (၂၇) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ထျန်းပေါ်ကွမ်း တစ်ယောက် ဟွာဆန်းဂိုဏ်းကို စိန်ခေါ်ပုံ၊ လင့်ဟူချုံးဟာလည်း တောင်ပေါ်မှာနေစဉ်ကာလတစ်လျှောက်လုံးမှာ ဟွာဆန်းဂိုဏ်းရဲ့ ထိပ်သီးသိုင်းပညာတွေကို လွယ်လင့်တကူချေဖျက်နိုင်တဲ့ သိုင်းပညာကို တွေ့ရှိခဲ့ရတာကြောင့် ယွဲ့ကတော်ရဲ့ မြားပစ်ဓားကွက်ကို မလေ့လာလိုတော့ပုံ၊ ဒီလိုနဲ့ပဲ ယွဲ့ကတော်နဲ့ သိုင်းပညာထပ်မံ ဖလှယ်ကျရင်း လင့်ဟူချုံးက မထင်မှတ်ဘဲ ဂူအတွင်းမှာ တွေ့ရှိခဲ့တဲ့ သိုင်းကွက်တွေကို ထုတ်သုံးမိလိုက်ရာမှာတော့ ယွဲ့ ဂိုဏ်းချုပ်က ဟွာဆန်းဂိုဏ်းရဲ့ ဖုံးကွယ်ထားတဲ့ အတိတ်ကဖြစ်ရပ်တွေအကြောင်းကို ထုတ်ပြောလာပုံတို့ကို အပိုင်း(၂၈) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၂၉) မှာဆိုရင်တော့ ထျန်းပေါ်ကွမ်းတစ်ယောက် ယွဲ့ဂိုဏ်းချုပ်မောင်နှံကို ဘယ်လို မျှားခေါ်ပြီး လင့်ဟူချုံးထံ အရောက်လာခဲ့သလဲ၊ လင့်ဟူချုံးကို မယ်သီလရှင်လေး ရီလင်ထံ ခေါ်သွားနိုင်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတဲ့ ဇာတ်ကွက်တွေကို နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၃၀) မှာဆိုရင်တော့ ထျန်းပေါ်ကွမ်းတစ်ယောက် ဘာကြောင့် လင့်ဟူချုံးကို မယ်သီလရှင်လေး ရီလင်ထံ ခေါ်သွားချင်တာလဲ၊ လင့်ဟူချုံးကလည်း သူ့ရဲ့ဝသီအတိုင်း ဘယ်လို ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးဉီးမလဲ၊ သူတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ဟွာဆန်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်က သူ့ကို ဘယ်လိုကူညီပေးမလဲ စတဲ့ဇာတ်ကွက်တွေကို နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း(၃၁) မှာဆိုရင်တော့ ထျန်းပေါ်ကွမ်းနဲ့ ယှဉ်တိုက်နိုင်အောင်လို့ ဆရာကြီး ဖုန်းချင်းရန်က လင့်ဟူချုံးကို ဘယ်လို သိုင်းပညာတွေ သင်ယူစေမလဲ၊ လင့်ဟူချုံးကလည်း ဆရာကြီး ဖုန်းချင်းရန်က တစ်ထွာလောက်ပြလိုက်လျှင် တစ်တောင်လောက်မြင်တဲ့ ဉာဏ်ရည်မျိုးနဲ့ ဓားသိုင်းတို့ရဲ့ အဓိကသော့ချက်ကို ဘယ်လို သဘောပေါက်သွားလိမ့်မလဲဆိုတာကို နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးဟာ ဆရာကြီး ဖုန်းချင်းရန်ရဲ့ သင်ကြားပေးမှုကြောင့် ထျန်းပေါ်ကွမ်းကို အနိုင်ရရှိခဲ့ပြီးနောက် ဆရာကြီး ဖုန်းချင်းရန်ကလည်း တူကူးဓားသိုင်းကိုးကွက်ကို လင့်ဟူချုံးအား ဆရာစားမချန်ဘဲ ကုန်စင်အောင် သင်ကြာပေးခဲ့ပါတယ်။ အဲ့နောက် သူအမြဲနေထိုင်ခဲ့ရာ ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး လင့်ဟူချုံးကို ချန်ထားရစ်ခဲ့ပုံ၊ ထိုစဉ် ဟွာဆန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်တို့ ပြန်လည်ရောက်ရှိလာပြီး ဖုန်းပုဖိန်က ဟွာဆန်းဂိုဏ်းချုပ်နေရာကို သူ့ထံ ပြန်ပေးရန် တောင်းဆိုပုံ စတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း(၃၂)မှာ နားသောတဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း(၃၃)မှာဆိုရင်တော့ လင့်ဟူချုံးတစ်ယောက် ထျန်းပေါ်ကွမ်း မအောင်မြင်ခဲ့လို့ သူ့ကို ဖမ်းဖို့ရောက်လာရတဲ့ မက်မွန်ညီနောင် ၆ယောက်ကို ဘယ်လိုလှည့်စားပြီး သူ့ရဲ့ဆရာဖြစ်သူတို့ကို လက်ရှိအခြေအနေကနေ ကယ်တင်ရန် အကူအညီဖြစ်စေဖို့ရာ ခေါ်ဆောင်သွားမလဲဆိုတာကို ရွှင်မြူးဖွယ် နားဆင်ခံစားနိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဖြစ်ပွားခဲ့တဲ့ ဟွာဆန်းဂိုဏ်းရဲ့ အရှုပ်အရှင်းတွေကြောင့် ချန်ပုယိုးနဲ့ ယွဲ့ကတော်တို့ ယှဉ်ပြိုင်တိုက်ခိုက်ရန်အကြောင်းဖန်လာခဲ့ပုံ၊ သို့ပေမဲ့ လင့်ဟူချုံးက ယွဲ့ကတော်အစားဝင်ကာ ချန်ပုယိုးဖြင့် လက်ရည်ယှဉ်ခဲ့ရာ လင့်ဟူချုံးမှ အသာစီးရခဲ့သော်လည်း ချန်ပုယိုးက သူ၏အရှက်တကွဲဖြစ်ရမှုကို မကျေနပ်နိုင်သဖြင့် လျှပ်တပြက်တိုက်ခိုက်ရာဝယ် လင့်ဟူချုံးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ပြီး မက်မွန်ညီနောင် ၆ယောက်က လင့်ဟူချုံးကို ကယ်တင်ဖို့ ကြိုးစားကြပုံများကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း(၃၄)မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

မက်မွန်ညီနောင် (၆) ယောက်တို့မှာ လင့်ဟူချုံးကို အချိန်မီကယ်တင်နိုင်ရန်အလို့ငှာ ဟွာဆန်းဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သော်လည်း ယွဲ့ဂိုဏ်းချုပ်နှင့် ယွဲ့ကတော်တို့မှာ အထင်လွဲပြီး ယွဲ့ကတော်မှ
ထောင်စီရှန်းအား ရုတ်တရက်တိုက်ခိုက်လိုက်သဖြင့် ထောင်စီရှန်းတစ်ယောက် သေလုမြောပါးဒဏ်ရာရသွားပုံ၊ မိမိတို့၏ သွေးချင်းမှာ တစ်ပါးသူကြောင့် သေအံ့ဆဲဆဲအခြေအနေရောက်ရှိသွားသောအခါ ကျန်မက်မွန်ညီနောင် ငါးယောက်တို့မှာ ယွဲ့ကတော်ကို တစ်စစီဆုတ်ဖြဲရန် ကြံစည်သော်လည်း လင့်ဟူချုံးက တားမြစ်သဖြင့် ယွဲ့ကတော်ကို မသတ်တော့ဘဲ ထောင်စီရှန်းအား ခေါ်ဆောင်ကာ ထွက်ခွာသွားကြပုံ၊ ယွဲ့ကတော်နှင့် ယွဲ့ဂိုဏ်းချုပ်တို့မှာလည်း မက်မွန်ညီနောင် ငါးယောက်တို့၏ အစွမ်းအစကို ကြောက်ရွံ့သဖြင့် ဂိုဏ်းကို စွန့်ကာ ခရီးထွက်ရန် ကြံစည်ကြပုံများကို သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း (၃၅)မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ယွဲ့ဂိုဏ်းသားများအကုန်လုံး ဂိုဏ်းမှထွက်ခွာသွားကြသော်လည်း လင့်ဟူချုံး၏ အတွင်းဒဏ်အခြေအနေမှာ ဆိုးရွားလွန်းလှသဖြင့် တစ်ပါတည်းခေါ်ဆောင်သွားဖို့ မဖြစ်နိုင်တာမို့ ဟွာစန်းဂိုဏ်းမှာသာ ချန်ထားခဲ့ရာ ယွဲ့လင်စန်းမှ သူ့အစ်ကိုကြီး ပြန်လည်သက်သာလာစေရန် တိမ်လွှာအတွင်းအားသိုင်းကျမ်းကို ဖခင်ထံမှ ခိုးယူလာပြီး လင့်ဟူချုံးကျင့်ကြံနိုင်စေဖို့ ပေးအပ်ခဲ့သော်လည်း လင့်ဟူချုံးမှာ သူရဲကောင်းပီပီ ဆရာ့ခွင့်ပြုချက်မရှိဘဲ ခိုးဝှက်မကျင့်ကြံလိုသောကြောင့် ငြင်းဆိုထွက်ပြေးခဲ့ပြီးနောက် သူ့လိုပင် အခြေအနေမဟန်လှသည့် ထျန်းပေါ်ကွမ်းနှင့် ပြန်လည်တွေ့ဆုံကြပုံများကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း (၃၆) မှာ နားဆင်ခံစားကြရမှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

သေအံ့ဆဲဆဲတွင် မိတ်ဆွေလည်းမဟုတ် ရန်သူလို့လည်းမဆိုနိုင်သည့် ထျန်းပေါ်ကွမ်းနှင့် လင့်ဟူချုံးတို့ နှစ်ယောက်အကြား နားလည်မှုတွေ ရရှိခဲ့ပုံ၊ ထျန်းပေါ်ကွမ်းမှာ လင့်ဟူချုံးနှင့် သေအတူရှင်မကွာ မိတ်ဆွေဖြစ်လိုပုံများကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း (၃၇) မှာ နားဆင်နိုင်ပါပြီ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးနှင့် ထျန်းပေါ်ကွမ်းတို့ သေခါနီး ခင်မင်နေသည့်ပုံစံကို တီရှိုးမှ တွေ့မြင်သွားပြီး ဟွာစန်းဂိုဏ်းသားတစ်ယောက်က လူဆိုးတစ်ယောက်နှင့် ပေါင်းသင်းနေသည်ဟု အရှက်ခွဲရာမှစလို့ လင့်ဟူချုံးတို့ကို သတ်ဖို့ကြိုးစားသော်လည်း လင့်ဟူချုံးနှင့် ထျန်းပေါ်ကွမ်းတို့၏အသက်ကို ဆရာလေးရီလင်၏ ဖခင်ဖြစ်သူ ဘုန်းကြီး ပုကျယ့်မှ ယာယီကယ်တင်ပေးခဲ့ပုံနှင့် ဆရာလေးရီလင််တို့မိသားစု၏ နောက်ခံဇာတ်ကြောင်းတစ်ချို့ကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း (၃၈) မှာ နားဆင်ရမှာပါ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၃၉) မှာဆိုရင်တော့ လင့်ဟူချုံးတို့ရှိရာသို့ ဂိုဏ်းချုပ်ယွဲ့တို့ရောက်လာခဲ့ပြီး လင့်ဟူချုံးကို ထျန်းပေါ်ကွမ်းလို လူယုတ်မာကို သုတ်သင်စေရာ လင့်ဟူချုံးကမူ ထျန်းပေါ်ကွမ်း၏ နောက်ထပ် မဆိုးမမိုက်တော့ကြောင်း ကတိစကားများသာမက နှစ်ဦးကြားက ခင်မင်မှုတွေကြောင့်ပါ ထျန်းပေါ်ကွမ်းကို မထိခိုက်စေဘဲ တစ်ပတ်လှည့်ဖြင့် မိမိကိုယ်ကိုသာထိခိုက်စေလိုက်ကာ ထျန်းပေါ်ကွမ်းကို သတ်ရမည့်အရေးမှ ရှောင်ရှားခဲ့ပုံ၊ တိမ်လွှာအတွင်းအားသိုင်းကျမ်းမှာလည်း ပျောက်ကွယ်သွားသဖြင့် ဆရာဖြစ်သူ ယွဲ့ဂိုဏ်းချုပ်မှ လင့်ဟူချုံးအပေါ် အယုံအကြည်ပျက်လာပုံစတဲ့ဇာတ်ကွက်များကို နားဆင်နိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၄၀)မှာဆိုရင်တော့ လင်းဖိန်ကျစ်က ဟွာဆန်းဂိုဏ်းကို ဝင်ရောက်လိုက်သဖြင့် ဖိရှယ်ဓားသိုင်းစာအုပ်ကို ဟွာဆန်းဂိုဏ်းမှ အပိုင်သိမ်းလိုက်ပြီဟု ထင်နေကြသူတစ်စုမှ လာရောက်တိုက်ခိုက်ကြပုံ၊ လင့်ဟူချုံးမှာ အတွင်းဒဏ်ရာက အရှင်းမပျောက်နိုင်သေးရာ လေသိုင်းကို ထုတ်မသုံးနိုင်သဖြင့် ဆရာကြီး ဖုန်းချင်းရန်သင်ကြားပေးခဲ့သည့် ဓားသိုင်းအနှစ်သာရကို အသုံးချပြီး ဟွာဆန်းဂိုဏ်းသားတို့ကို ကယ်တင်ခဲ့ပုံများကို နားဆင်နိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ရွှေဓားရှင် ဝမ်ရွှယ်ပါ့တို့ မိသားစုမှာ လင့်ဟူချုံးထံတွင် ရှိနေသော သိုင်းလောကရဲ့ စိန်ခေါ်သံ တေးဂီတစာအုပ်ကို ဖိရှယ်ဓားသိုင်းကျမ်းဟု ထင်မှတ်
မှားကာ လင့်ဟူချုံးကို သူခိုးသူဝှက်သဖွယ် မချေမငံဆက်ဆံကြပုံ၊ ဂီတပညာမှာ တစ်ဖက်ကမ်းခတ်တတ်မြောက်သည့် ဘွားဘွားတစ်ယောက်က ယင်းစာအုပ်ကို တေးဂီတစာအုပ်မှန်းထောက်ခံပေးခဲ့ပုံ၊ ဘွားဘွားမှ လင့်ဟူချုံး၏ ဝေဒနာ အလုံးစုံကို သိရှိသွားကာ ကိုယ်စိတ်နှလုံး အေးရိပ်ဖုံးတေးဖြင့် သက်သာလိုသက်သာငြား ကုသပေးခဲ့သော်လည်း အရှင်းမပျောက်ပုံ၊ လင့်ဟူချုံးမှာ ဘွားဘွားထံမှ ထိုတေးသွားကို တီးခတ်တတ်အောင် သင်ယူချင်ခဲ့ပုံစတဲ့ ဇာတ်ကွက်များကိုတော့ သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း(၄၁)မှာ နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးမှာ ဘွားဘွားနှင့် အဘလွီကျူတို့ထံမှ စောင်းပညာရပ်ကိုသင်ယူနေခဲ့သော်လည်း သင်ယူလက်စတေးတစ်ပုဒ် မပြီးဆုံးခင်မှာပင် ယင်းမြို့မှ ထွက်ခွာဖို့ အကြောင်းဖန်လာခဲ့ပုံ၊ အဘလွီကျူမှာ သာမန်တေးဂီတပညာရှင်တစ်ဦးသာ မဟုတ်ဘဲ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးဖြစ်နိုင်ပုံ၊ လင့်ဟူချုံးနှင့် ဟွာဆန်းဂိုဏ်းမှာ ခိုင်းဖုန်းမြို့သို့ရောက်လာခဲ့ကြပုံ၊ ယွဲ့ဂိုဏ်းချုပ်နှင့် ယွဲ့ကတော်တို့မှာ ခိုင်းဖုန်းမြို့တွင် မထင်မှတ်ပဲ မက်မွန်ညီနောင်ထဲမှ ငါးယောက်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်ပြီး နောက်ယောင်ခံလိုက်ကြရာ ခိုင်းဖုန်းမြို့ရှိ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် လူသတ်သမားတော်ကို မြင်တွေ့ခဲ့ရပုံ စသည့် ဇာတ်ကွက်များကို သိုင်းလောကရဲ့ စိန်ခေါ်သံ အပိုင်း(၄၂)မှာ စိတ်လှုပ်ရှားဖွယ် နားဆင်နိုင်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ထောင်စီရှန်းမှာ လူသတ်သမားတော်၏ ကုသပေးမှုကြောင့် သက်သာလာခဲ့ပုံ၊ လူသတ်သမားတော်ကြီး ဖိန်ယိကျစ်မှာ အမြဲအထက်စီးက‌နေသူသာဖြစ်သော်လည်း ယခုအခါတွင်တော့ တစ်စုံတစ်ယောက်၏ တောင်းဆိုမှုကြောင့် လင့်ဟူချုံးထံ ကိုယ်တိုင်လာရောက်ပြီး ကုသပေးလိုပုံ၊ ဖိန်ယိကျစ်မှာ အလွန်အမင်း အစွမ်းထက်သော သမားတော်ပင်ဖြစ်လင့်ကစား လင့်ဟူချုံးကိုတော့ မကယ်တင်နိုင်ပုံ၊ ထို့နောက် လင့်ဟူချုံးတို့ လှေဖြင့်ဆက်လက်ထွက်ခွာကြရာ မက်မွန်ညီနောင်ခြောက်ယောက်ကပါ အတူလိုက်ပါလာခဲ့ပုံစတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း(၄၃)မှာ စိတ်လှုပ်ရှားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးတို့ လှေတစ်ထောက်နားသည်နှင့် ဘယ်ကမှန်းမသိသော သိုင်းသမားများက လာရောက်ပြီး နောင်ကြီး လင့်ဟူချုံးအတွက်ဟုဆိုကာ လက်ဆောင်ပဏ္ဏာများ လာရောက်ဆက်သကြပုံ၊ ကျူချန်းချိုးနှင့် လင့်ဟူချုံးတို့ အရက်ပြိုင်သောက်ကြပုံ၊ ကျူချန်းချိုးမှာ အရက်ခွက်ထဲ ဆေးလုံးများထည့်ထားရာ လင့်ဟူချုံးမှာ အဆိပ်ဟုထင်သော်လည်း မိမိမှာ မည်သို့ပင်ဖြစ်စေ သေရတော့မည်ဖြစ်ရာ မထူးဟုသာ တွေးပုံ၊ တကယ်တမ်းမှာ ကျူချန်းချိုးဟာ လူဝကြီးတစ်ယောက်ဆီမှ ထိုဆေးလုံးများကို ခိုးယူလာခဲ့ပုံစတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း (၄၄)မှာ စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ယွဲ့လင်စန်းနှင့် လင်းဖိန်ကျစ်တို့မှာ ဖိရှယ်ဓားသိုင်းစာအုပ်ကို လင့်ဟူချုံးက ခိုးယူထားသည်ဟု သံသယဝင်နေကြောင်း ပြောဆိုနေကြရာတွင် လင့်ဟူချုံးကို လေးစားသည့် လူ့ဘီလူးကြီးတစ်ယောက်မှ မကျေမနပ်ဖြစ်ကာ ဖမ်းခေါ်သွားပုံ၊ ကျူချန်းချိုးတစ်ယောက် ဆေးခိုးလာခဲ့သည့် လူဝကြီး လောင်ထိုကျီမှာလည်း သူ့သမီးအတွက် ဖော်စပ်ထားသည့်ဆေးမှာ အကုန် လင့်ဟူချုံး၏ အရက်ခွက်ထဲအကုန်ပါသွားပြီဖြစ်ရာ လင့်ဟူချုံး၏သွေးကို သူ့သမီးအားဖောက်တိုက်ရန် ဖမ်းခေါ်လာခဲ့ပုံ၊ ထိုအချိန်တွင် ကျူချန်းချိုးရောက်ရှိလာပြီး လင့်ဟူချုံးမှာ မည်သူမည်ဝါနှင့် ခင်မင်ရင်းနှီးကြောင်း ပြောပြလိုက်ရာ လင့်ဟူချုံးပင် ထိုသူမည်သူမှန်း မသိသော်လည်း လောင်ထိုကျီမှာ လင့်ဟူချုံး အသက်အား မထိပါးရဲတော့ပုံ၊ သို့သော်လည်း ထိုပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်းကို ကျူချန်းချိုးနှင့် လောင်ထိုကျီတို့ နှုတ်မှ လုံးဝမဟကြပုံ စတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း (၄၅)မှာ ရင်တထိပ်ထိပ်နဲ့ နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးမှာ ကျူချန်းချိုးနှင့် လောင်ထိုကျီတို့ကို ချုပ်နှောင်ထားခဲ့ပြီး လောင်ထိုကျီ၏ သမီးဖြစ်သူကို ကယ်တင်ရန် သူ၏ လက်ကောက်ဝတ်သွေးကြောကို ဖောက်ကာ ထိုကောင်မလေးအား အတင်းသောက်စေပြီး သွေးနှစ်ခွက်တိုက်အပြီးမှာတော့ သူကိုယ်တိုင်မခံနိုင်တော့ဘဲ မေ့မြောသွားပုံ၊ လောင်ထိုကျီတို့မှာ ကုသပေးဖို့ရာလည်း မစွမ်းသာသဖြင့် အကောင်းဆုံးသွေးအားတိုးဆေးများကို တိုက်စေကာ ဟွာဆန်းဂိုဏ်းသားများရှိရာသို့ ပြန်ပို့ပေးလိုက်ပုံ၊ လင်းဖိန်ကျစ်နှင့် ယွဲ့လင်စန်းတို့မှာလည်း ပြန်လည်လွတ်မြောက်လာပုံနှင့် လင့်ဟူချုံးကို ဒေဝီဂိုဏ်းချုပ် လန်ဖုန့်ဟွမ်ကိုယ်တိုင် လာရောက်ကုသပေးပုံများကိုတော့ အပိုင်း (၄၆)မှာ စိတ်ဝင်စားဖွယ်နားဆင်ခံစားရမှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၄၇) မှာဆိုရင်တော့ သိုင်းလောကမှ ဂိုဏ်းအဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များက ဝူပါတောင်ထိပ်မှာ လင့်ဟူချုံးကို တွေ့ဖို့ ရောက်နေကြပုံ၊ လင့်ဟူချုံးအဖို့ ဆေးမြစ်ဆေးဉများလည်း စုဆောင်းထားသည်မှာ ရာချီနေပုံ၊ လင့်ဟူချုံးမှာတော့ မိမိမှာ မည်သူနှင့် ခင်မင်ရင်းနှီးခဲ့သဖြင့် လူတိုင်းက ယခုလို တလေးတစားဆက်ဆံနေကြသည်ကို ဝေခွဲမရနိုင်သေးပုံ၊ လင့်ဟူချုံးကို ဝူပါတောင်ထိပ်ကို ကြွရောက်ဖို့ရာ တလေးတစား ဖိတ်ခေါ်ကြပုံ စတဲ့ ဇာတ်လမ်းဇာတ်ကွက်များကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာပဲဖြစ်ပါတယ်။

သိုင်းလောကရဲ့စိန်ခေါ်သံ (ep – 48)

ဝူပါတောင်ထိပ်ကို ရောက်လာသူများထဲတွင် လူသတ်သမားတော် ဖိန့်ကျိယီလည်းပါဝင်လာပြီး လင့်ဟူချုံးကို စွန့်စားရတဲ့ နည်းလမ်းတစ်မျိုးဖြင့် ကုပေးဖို့ ကြံစည်ထားခဲ့သော်လည်း လင့်ဟူချုံးရဲ့ ကိုယ်တွင်းမှ အခြေအနေများမှာ လွန်စွာမှ ထပ်မံပြောင်းလဲသွားပြီဖြစ်ရာ ဖိန့်ကျိယီပင် သူ့ကို ကယ်တင်ဖို့ရာတကယ်မတတ်နိုင်တော့ပုံ၊ ဖိန့်ကျိယီမှာ ပညာဂုဏ်မောက်သူတစ်ဦးဖြစ်ရကား လင့်ဟူချုံးကို ကယ်တင်ဖို့ရာ မဖြစ်နိုင်တော့မှန်း သိလိုက်ရသဖြင့် အလွန်အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင်သွားပုံ၊ ထို့နောက်တွင်တော့ တောင်ထိပ်မှ အောက်လမ်းသိုင်းသမားအားလုံး အကြောင်းတစ်ခုခုကြောင့် လင့်ဟူချုံးကို နှုတ်ဆက်ကာ အကုန်ထွက်ပြေးသွားကြပြီး များမကြာခင်တွင်တော့ ကိုယ်စိတ်နှလုံး အေးရိပ်ဖုံးတေးပိုင်ရှင် ဘွားဘွားဖြစ်သူ ရောက်လာခဲ့ပုံများကိုတော့ အပိုင်း (၄၈)မှာ စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာပဲဖြစ်ပါတယ်။

သိုင်းလောကရဲ့စိန်ခေါ်သံ

အပိုင်း(၄၉)မှာဆိုရင်တော့ လင့်ဟူချုံးဟာ သူ့ရဲ့ ကျေးဇူးရှင်လို့ မှတ်ယူထားမိတဲ့ ဘွားဘွားကို ကာကွယ်ဖို့ အတွက် ရှောင်လင်ဂိုဏ်း၊ ခွန်းလွန်ဂိုဏ်းသားများနှင့် တိုက်ခိုက်ခဲ့ရပုံ၊ ဘွားဘွားနှင့်အတူ ခရီးလမ်းဆက်ဖို့ အကြောင်းဖန်လာခဲ့သော်လည်း ဘွားဘွားမှ သူ၏ မျက်နှာကိုတော့ အကြည့်မခံပုံ၊ ရှောင်လင်ဂိုဏ်းမှ ဖန်းစန်းဆရာတော်၏ စကားများအရ ဘွားဘွားမှာ မဟူရာတောင်ကုန်းမှဖြစ်ပြီး မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း လင့်ဟူချုံးမှ ခန့်မှန်းမိပုံစတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ် နားဆင်ရမှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့စိန်ခေါ်သံ

အပိုင်း (၅၀)မှာဆိုရင်တော့ လင့်ဟူချုံးဟာ မထင်မှတ်ဘဲ ဘွားဘွားရဲ့ မျက်နှာကို မြင်တွေ့လိုက်ရပုံ၊ ဘွားဘွားမှာ အမှန်စင်စစ်တွင်တော့ လင့်ဟူချုံးထက်ပင် အသက်ငယ်ပြီး ချောမောလှပလွန်းသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်နေပုံ၊ လင့်ဟူချုံးမှာလည်း မိမိထက် အသက်ကြီး ဝါကြီးပုဂ္ဂိုလ်မဟုတ်မှန်းသိလိုက်ရသည့်အပြင် သိပ်ကို ချစ်မြတ်နိုးချင်စရာကောင်းလှသည့် မိန်းမငယ်လေးဖြစ်နေတာမို့ ကွဲအက်နေခဲ့သည့် သူ၏ နှလုံးသားမှာ တစ်ဖန်ပြန်လည် အသက်ဝင်လှုပ်ရှားလာပုံစတဲ့ ဇာတ်လမ်းဇာတ်ကွက်များကို ကြည်နူးဖွယ် နားဆင်ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၅၁)မှာဆိုရင်တော့ လောင်ထိုကျီမှာ ရှောင်လင်ဂိုဏ်းရဲ့ အစွမ်းထက် ဒဏ်ကြေဆေးလုံးကို ကောက်ရခဲ့သော်လည်း သမီးဖြစ်သူအတွက် ဂရုမထားဘဲ လင့်ဟူချုံးအတွက်သာ အရင်တွေးတောမိပုံ၊ လင့်ဟူချုံးမှာ လောင်ထိုကျီတို့၏ စကားဝိုင်းမှ တစ်ဆင့် ယန့်ယဉ်ယဉ်ကို နတ်ကလျာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိသွားပုံ၊ လင့်ဟူချုံးတစ်ယောက် ယန့်ယဉ်ယဉ်က မိမိအပေါ်ထားရှိသည့် ခံစားချက်များကို သိရှိသွားပုံ၊ ရှောင်လင်ဂိုဏ်းမှ ဆရာတော်တစ်ပါးက သူ၏အသက်ကို ကယ်လိုက်နိုင်သော်လည်း သူ၏ အတွင်းဒဏ်ရကိုမူ အရှင်းမကုသနိုင်ပုံနှင့် ဟွာဆန်းဂိုဏ်းချုပ်မှ လင့်ဟူချုံးအား ဂိုဏ်းသားအဖြစ်မှ စွန့်ပစ်လိုက်ပုံ စတဲ့ ဇာတ်ကွက်တွေကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း(၅၂)မှာဆိုရင်တော့ ရှောင်လင်ဂိုဏ်းမှာ တပည့်ခံဖို့ စိတ်ကူးမရှိတဲ့ လင့်ဟူချုံးတစ်ယောက် ရှောင်လင်ကျောင်းနဲ့ ဝေးသထက်ဝေးအောင် လျှောက်သွားရင်း အမှတ်မထင်ဘဲ မဟူရာတောင်ကုန်းမှ သစ္စာဖောက်ဟု သတ်မှတ်ထားသည့် အဘိုးအိုတစ်ယောက်ကို သူတော်ကောင်းဂိုဏ်းသားများသာမက မဟူရာတောင်ကုန်းမှ လူများပါ လိုက်လံတိုက်ခိုက်နေကြသည်ကို မြင်ပြီး လင့်ဟူချုံးမှာ အားနွဲ့သူကို အများက ဝိုင်းအနိုင်ကျင့်နေကြသည်ကို မခံရပ်နိုင်တတ်သူဖြစ်ရကား ဝင်ရောက်ကူညီသည့်အခါ ရှန့်ဝင့်ထျန်းမှာလည်း လင့်ဟူချုံးအပေါ် သံယောဇဉ်ဖြစ်ကာ သူ့အတွင်းဒဏ်ရာများကို ပျောက်ကင်းအောင်ကုသပေးနိုင်မည့်သူကို ရအောင်ရှာဖွေပေးဖို့ ဆုံးဖြတ်လိုက်ပုံ စသည့် ဇာတ်လမ်းဇာတ်ကွက်များကို စိတ်ဝင်စားဖွယ် နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ရှန့်ဝင့်ထျန်းတစ်ယောက် လင့်ဟူချုံးကို ခေါ်ဆောင်ကာ မေဟွားစံအိမ်သို့ ရောက်လာခဲ့ပုံ၊ မေဟွားစံအိမ်မှ ကျန်းနန်လေးဖော်တို့ကို သူတို့အား အထင်ကြီး လေးစားလာအောင် သေချာအကွက်ကျကျစီစဉ်လာခဲ့ပုံတို့နှင့်တကွ လင့်ဟူချုံးကို အမှီပြုပြီး ကျန်းနန်လေးဖော်နှင့် မည်သို့မည်ပုံ အလောင်းအစားလုပ်ရန် စီစဉ်ပုံစတဲ့ ဇာတ်ကွက်တွေကိုတော့ အပိုင်း (၅၃)မှာ စိတ်လှုပ်ရှားဖွယ် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၅၄)မှာဆိုရင်တော့ ရှန့်ဝင့်ထျန်းတစ်ယောက် ကျန်းနန်လေးဖော်တို့ အကြိုက်တွေ့လောက်မည့် ပစ္စည်းများဖြင့် အလောင်းအစားလုပ်ရန် ကြံစည်ပုံ၊ ထိုအလောင်းအစားမှာ ကျန်းနန်လေးဖော်မှ လင့်ဟူချုံးနှင့် ဓားသိုင်းချင်းပြိုင်၍ အနိုင်ရရှိပါက ထိုပစ္စည်းများကို ပေးအပ်ခဲ့မည်ဖြစ်ကြောင်း၊ လင့်ဟူချုံးက နိုင်လျှင်တော့ သူ၏ဓားသိုင်းပညာရပ်ကို မှတ်ကျောက်တင်ရန်သာဖြစ်ပြီး သိုင်းလောကသားတို့ မသိစေရဟု ကတိထားကာ ဓားသိုင်းပြိုင်ကျပုံ၊ လင့်ဟူချုံးမှာ ကျန်းနန်လေးဖော်ကို အနိုင်ရရှိခဲ့ပုံစတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်လှုပ်ရှားဖွယ် နားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

ရှန့်ဝင့်ထျန်းနဲ့ လင့်ဟူချုံးတို့ မေဟွားစံအိမ်မှ ထွက်လာပြီးနောက် ကျန်းနန်လေးဖော်မှ လိုက်လံကာ လင့်ဟူချုံးနဲ့ ဓားသိုင်းယှဉ်ပြိုင်ဖို့ မေဟွားစံအိမ်တွင် တစ်စုံတစ်ယောက် ရှိနေသေးကြောင်း ပြောပြကာ လင့်ဟူချုံးကို ထိုသူနှင့် ဓားသိုင်းပြိုင်ရန် ခေါ်ဆောင်လာခဲ့ပုံ၊ ရှန့်ဝင့်ထျန်းမှာ ထိုသူနှင့်တွေ့လျှင် ပေးဖို့ လင့်ဟူချုံးကို တိုးတိုးတိတ်တိတ် စာတစ်စောင်ထည့်ပေးလိုက်ပုံ၊ ထိုသူမှာ မြေအောက်ခန်းထဲတွင် ချုပ်နှောင်ထားခံရသည့် ယန့်ဝေါ်ရှင်ဖြစ်ပုံ၊ အစက ယန့်ဝေါ်ရှင်မှာ လင့်ဟူချုံးနှင့် သိုင်းပြိုင်ဖို့ကို စိတ်မဝင်စားသော်လည်း ဖုန်းချင်းရန်၏ တပည့်ဖြစ်ကြောင်း သိရှိသွားသည့်အပြင် လင့်ဟူချုံး၏ စကားတချို့ကြောင့် ဓားသိုင်းပြိုင်ရန် လက်ခံလိုက်ပုံ စသည့် ဇာတ်လမ်းဇာတ်ကွက်များကို အပိုင်း (၅၅) မှာ စိတ်ဝင်စားဖွယ် နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်‌ခေါ်သံ

လင့်ဟူချုံးနှင့် ယန့်ဝေါ်ရှင်တို့၏ ထိပ်တန်းဓားသိုင်းသမားများ တိုက်ပွဲမှာ နှစ်ဘောက်လုံး လက်ရည်ကောင်းလှသဖြင့် တော်တော်နှင့် အနိုင်အရှုံး မပေါ်ခဲ့ပုံ၊ လင့်ဟူချုံးတစ်ယောက် ယန့်ဝေါ်ရှင်နှင့် တိုက်ခိုက်နေစဉ် ယန့်ဝေါ်ရှင်၏ အော်သံကြောင့် လန့်ဖြန့်ကာ သတိမေ့လဲသွားခဲ့ပုံ၊ လင့်ဟူချုံးနိုးလာသည့်အခါ ယန့်ဝေါ်ရှင် မူလအဖမ်းခံထားရသည့်အတိုင်း သူလည်း အဖမ်းခံထားရပုံ၊ ထိုအခန်းထဲတွင် မထင်မှတ်ဘဲ ယန့်ဝေါ်ရှင်၏ဩ အတွင်းအားဖျက်သိုင်းကို တွေ့ရှိသွားရာ လင့်ဟူချုံး၏ ဒဏ်ရာပျောက်ကင်းနိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်လာပုံ စသည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းဇာတ်ကွက်များကို အပိုင်း (၅၆) မှာ နားဆင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၅၇) မှာဆိုရင်တော့ လင့်ဟူချုံးတစ်ယောက် ယန့်ဝေါ်ရှင်၏ အတွင်းအားစုပ်သိုင်းကို အတွင်းအားဖျက်သိုင်းဟု ထင်ကာ လေ့ကျင့်ခဲ့ပုံ၊ မြေအောက်ခန်းမှ ထွက်ပြေးရန်ကြံစည်ရာမှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဟေးပိုင်ကျီ၏ အတွင်းအားကို စုပ်ယူမိသွားပုံ၊ လင့်ဟူချုံးမှာ အတွင်းအားစုပ်သိုင်းကြောင့် ဒဏ်ရာမဖြစ်ခင်ကထက်ပင် အတွင်းအားများ ပိုမိုကောင်းမွန်လာပုံ၊ သူကိုယ်တိုင်လွတ်မြောက်သွားပေမဲ့ ယန်ဝေါ်ရှင် အဖမ်းခံထားရဆဲဟုထင်ကာ ကယ်တင်ရန် ပြန်လာခဲ့ပေမဲ့ ယန့်ဝေါ်ရှင်မှာ အစတည်းက လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီး ကျန်းနန်လေးဖော်က သူ့အား ယန့်ဝေါ်ရှင်နှင့် ထင်မှတ်မှားနေကြောင်း သိလိုက်ရပုံ စသည့် ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်လှုပ်ရှားဖွယ် နားဆင်ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၅၈) မှာဆိုရင်တော့ ယန့်ဝေါ်ရှင်ဟာ နေလဂိုဏ်းခေါ် မကောင်းဆိုးဝါးဂိုဏ်း၏ မူလဂိုဏ်းချုပ်ကြီးမှန်း လင့်ဟူချုံးက သိရှိသွားပုံ၊ လက်ရှိ နေလဂိုဏ်းချုပ် တုန်းဖန်းပုပိုက်မှာ ယန့်ဝေါ်ရှင်၏ ယုံကြည်မှုကို သစ္စာဖောက်ကာ ဂိုဏ်းချုပ်နေရာကို သိမ်းပိုက်ခဲ့ပုံ၊ ယန့်ဝေါ်ရှင် နှင့် ရှန့်ဝင့်ထျန်းတို့မှာ လင့်ဟူချုံးအား နေလဂိုဏ်းသို့ ဝင်ရန် တိုက်တွန်းခြိမ်းခြောက်ကြပုံ စတဲ့ ဇာတ်လမ်းဇာတ်ကွက်နေကို နားဆင်ခံစားနိုင်မှာပါ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးဟာ ယန့်ဝေါ်ရှင်တို့ရဲ့ ခြိမ်း‌ခြောက်မှုကို လက်မခံဘဲ ထွက်ပြေးလာခဲ့ပြီး လမ်းတစ်လျှောက် တပ်မှူးအသွင်ရုပ်ဖျက်ကာ လာခဲ့ရာ ဟိန်ဆန်းဂိုဏ်းနှင့် တွေ့ဆုံခဲ့ပုံ၊ ဟိန်ဆန်းဂိုဏ်းမှာ အန္တရာယ်ဖြင့် ရင်ဆုံကြုံတွေ့ရတော့မည်ဖြစ်၍ လင့်ဟူချုံးက ဆက်မသွားရန် ဝင်ရောက်တားမြစ်ပုံ၊ ဟိန်ဆန်းဂိုဏ်းနှင့် ချုံခိုသမားများ တိုက်ပွဲဖြစ်ကြသည့်အခါ ဝင်ရောက်ကူညီပုံ စသည့် ဇာတ်ကွက်များကိုတော့ အပိုင်း (၅၉) မှာ နားဆင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၀)မှာဆိုရင်တော့ ဟိန်ဆန်းဂိုဏ်းမှ ဆရာမကြီး တိန့်ကျင့်သည် သူတို့ကို ဝင်ရောက်ကူညီသည့် လင့်ဟူချုံးမှာ သာမန်တပ်မှူးမဟုတ်မှန်း သိသော်လည်း ကျေးဇူးစကားသာဆိုပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတင်း မမေးမြန်းပုံ၊ လင့်ဟူချုံးမှာ ဟိန်ဆန်းဂိုဏ်းနှင့် ဝေးရာသို့ ထွက်ခွာသွားဟန်ရှိသော်လည်း တကယ်တမ်းတွင်မူ သူတို့နောက်မှ လိုက်ကာ တိတ်တိတ်ကလေး စောင့်ရှောက်ပေးနေပုံ၊ ဆရာမကြီး တိန့်ကျင့်သည် မကောင်းဆိုးဝါးဂိုဏ်း၏ ထောင်ချောက်အတွင်းသို့ ညွတ်ဆင်းမိရာ ဆယ်ယောက်ထက်မနည်းသည့် ဟိန်ဆန်းဂိုဏ်းသားများ ပျောက်ကွယ်သွားပုံ စသည့် ဇာတ်လမ်းဇာတ်ကွက်များကို‌ စိတ်လှုပ်ရှားဖွယ် နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၁) မှာဆိုရင်တော့ လင့်ဟူချုံးက ဟိန်ဆန်းဂိုဏ်းသားများကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပုံ၊ မယ်သီလရှင်ကြီး တိန့်ကျင့်မှ လင့်ဟူချုံးကို အလွန်အမင်း လေးစားပုံ၊ တိန့်ကျင့်၏ နောက်ဆုံးထွက်သက်တွင် လင့်ဟူချုံး၏ သရုပ်မှန်ကို သိရှိလိုပုံ၊ လင့်ဟူချုံးမှလည်း ထိန်ချန်မနေတော့ဘဲ မည်သူမည်ဝါဖြစ်ကြောင်းကို အကုန်အစင်ပြောပြခဲ့ပုံ စတဲ့ ဇာတ်ကွက်များကို စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်၊ ဝမ်းနည်းဖွယ် စတဲ့ ရသစုံလင်စွာဖြင့် နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၃) မှာဆိုရင်တော့ ဆုန်းဆန်းဂိုဏ်းမှ ကျုံးကျန်းတို့ သုံးယောက်က လင့်ဟူချုံးကို အလစ်တိုက်ရန် ကြံစည်သော်လည်း ရီဟော်ခေါင်းဆောင်သည့် ဟိန်ဆန်းဂိုဏ်းအဖွဲ့မှ ဝင်ရောက်ကူညီခဲ့ပုံ၊ အခြေအနေမဟန်သဖြင့် ကျုံးကျန်းတို့မှ လက်နက်ချဟန်ဆောင်ပြီး ရီဟော်ကို အလစ်တိုက်ခိုက်ခဲ့သဖြင့် ကျုံးကျန်းတစ်ယောက် လင့်ဟူချုံး၏ ဓားချက်တို့ကို သိမ်းကြုံးခံလိုက်ရပုံ၊ ယွဲ့လင်စန်းက လောင်သယ်နော့သေဆုံးရခြင်း၏ တရားခံမှာ လင့်ဟူချုံးဖြစ်သည်ဟု အထင်လွဲနေပုံ စတဲ့ ဇာတ်ကွက်များကို ရင်မောဖွယ် နားဆင်ခံစားရမှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၂) မှာဆိုရင်တော့ လင့်ဟူချုံးက ဖူဝေးအာမခံဌာနသို့ရောက်လာခဲ့ရာ ညီမလေး ယွဲ့လင်စန်းနှင့် လင်းဖိန်ကျစ်တို့ နှစ်ဦးသား ကြည်နူးနေကြပုံကို အောင့်အည်းသည်းခံရင်း စောင့်ကြည့်နေခဲ့ရပုံ၊ လင်းဖိန်ကျစ်က ဖိရှယ်ဓားသိုင်းကျမ်း စာအုပ်ကို ရှာဖွေနေပုံ၊ ယွဲ့ဂိုဏ်းချုပ်နှင့် ယွဲ့ကတော်တို့မှာ လင့်ဟူချုံး၏ လုပ်ရပ်များအပေါ် ဆက်လက်အထင်လွဲနေပုံ၊ ယွဲ့ကတော်၏ ပြောကြားချက်အရ လင့်ဟူချုံးမှာ ယဉ်ယဉ်ကို မကောင်းဆိုးဝါးဂိုဏ်းချုပ်၏ သမီးဖြစ်ကြောင်း သိလိုက်ရပုံ စတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ် နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၄)မှာဆိုရင်တော့ ယွဲ့လင်စန်းက လင်းဖိန်ကျစ်ကို နောက်မှ ချုံခိုတိုက်သည့် တရားခံမှာ လင့်ဟူချုံးဖြစ်ကြောင်း စွပ်စွဲပုံ၊ လင့်ဟူချုံးမှ လင်းဖိန်ကျစ်ကို ကယ်တင်နိုင်ဖို့ ဆေးသွားပို့ပေးရန် ရီကျန်းကို အကူအညီတောင်းခဲ့ပုံ၊ ရီကျန်းက လင့်ဟူချုံးက သူတို့နဲ့ တစ်ချိန်လုံးရှိနေတာမို့ ဒီကိစ္စတွေကို လင့်ဟူချုံး ကျူးလွန်တာ မဟုတ်ကြောင်း ရှင်းပြပေးမယ်လို့ ကတိပေးခဲ့ပုံ၊ လင့်ဟူချုံးက ဆရာမကြီး တိန့်ရှန့်နဲ့ တိန့်ရိတို့ကို ကယ်တင်ခဲ့ပုံ စတဲ့ ဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံး၏ ရှောင်လင်ကျောင်းမှ ယဉ်ယဉ်ကို သွားရောက်ကယ်တင်မည့်အစီအစဉ်ကို ဟိန်ဆန်းဂိုဏ်းမှလည်း အထောက်အပံ့ပေးမည်ဟု ကတိပေးလိုက်ပုံ၊ လမ်းတစ်လျှောက်မှ လင့်ဟူချုံးမှ အကြိမ်ကြိမ် အကူအညီပေးခဲ့သဖြင့် ဟိန်ဆန်းဂိုဏ်းသားများက လင့်ဟူချုံးကို တလေးတစား ဆက်ဆံကြပုံ၊ လမ်းတစ်လျှောက်မှာ နတ်ကလျာဟု တင်စားခေါ်ဝေါ်ခြင်းခံရသူ ယဉ်ယဉ်ကို ကယ်တင်ဖို့အတွက် လူအတော်လေးစုမိခဲ့ပုံ၊ နတ်ကလျာကို ရှောင်လင်ကျောင်းကနေ ကယ်တင်ဖို့အတွက် တပ်ပေါင်းစုကြီး အောင်စည်အောင်မောင်းတီး၍ ချီတက်ခဲ့ကြပုံများကို အပိုင်း (၆၅)မှာ စိတ်တက်ကြွဖွယ် နားဆင်ခံစားရမှာပါ။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၆)မှာဆိုရင်တော့ လင့်ဟူချုံးတို့ ခရီးနှင်လာရင်းနဲ့ ဝူတန်းတောင်ခြေသို့ ရောက်လာခဲ့ပုံ၊ ဝူတန်းတောင်ခြေမှာ ဓားသိုင်းပညာ ဟာကွက်မရှိလောက်အောင် ထက်မြက်သည့် ဆရာကြီးနှစ်ယောက်နှင့်‌ တွေ့ဆုံခဲ့ရကာ လင့်ဟူချုံးမှ အထင်ကြီးလေးစားခဲ့ရပုံ၊ ထိုဆရာကြီးနှစ်ယောက်နှင့် ဓားသိုင်းပညာဖလှယ်ခဲ့ရာ လင့်ဟူချုံးမှ အနိုင်ရခဲ့ပုံ၊ ထိုဆရာကြီးနှစ်ယောက်မှ လင့်ဟူချုံး၏ ဆရာဖိုးဖိုး ချင်းဖုန်းရန်ဆီမှ သင်ကြားလာခဲ့သော ဓားသိုင်းပညာကို ချီးကျူးခဲ့ကြပြီး တစ်ဆက်တည်းမှာလည်း အတွင်းအားစုပ်သိုင်းနဲ့ ပတ်သက်ပြီး အကြံပေးခဲ့ပုံ၊ လင့်ဟူချုံးတို့ ခရီးဆက်ကြပြီး ရှောင်လင်ကျောင်းသို့ ရောက်လာခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှောင်လင်ကျောင်းတွင် မတွေ့ရပုံ စတဲ့ ဇာတ်ကွက်တွေကို ခံစားနားဆင်နိုင်မှာပဲ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၇) မှာဆိုရင်တော့ ဘယ်သူမှ မရှိတဲ့ ရှောင်လင်ကျောင်းတော်ကြီးထဲမှာ လင့်ဟူချုံးတို့ထက် အရင်သွားနှင့်ကြတဲ့ ဟိန်ဆန်းဂိုဏ်းရဲ့ ဆရာမကြီး တိန့်ရှန့်နဲ့ တိန့်ရိတို့ နောက်ဆုံးထွက်သက်သို့ ရောက်ရှိနေကြပုံ၊ ဆရာမကြီး တိန့်ရှန့်က ဟိန်ဆန်းဂိုဏ်းချုပ်ရာထူးကို လင့်ဟူချုံးကို လွှဲပေးခဲ့ပြီး အသေဖြောင့်သွားပုံ၊ လင့်ဟူချုံးမှာ မိမိကြောင့် ဟိန်ဆန်းဂိုဏ်းမှ ဆရာမကြီးနှစ်ယောက် ဆုံးပါးသွားရသဖြင့် ယူကျုံးမရ ဖြစ်ရပုံ၊ ရှောင်လင်ကျောင်းကို ပိုက်စိပ်တိုက်ရှာဖွေနေစဉ် တောင်ခြေကို ရှောင်လင်ဂိုဏ်းသားများက ပတ်လည်ဝိုင်းလိုက်သဖြင့် လင့်ဟူချုံးတို့ ပိတ်မိသွားပုံ၊ လင့်ဟူချုံးတို့ လွတ်မြောက်ခဲ့သော်လည်း ယန့်ယဉ်ယဉ်ကို ကယ်လိုသဖြင့် လင့်ဟူချုံးတစ်ယောက် ရှောင်လင်ကျောင်းမှ ထွက်ခွာမသွားသေးပုံ စတဲ့ ဇာတ်ကွက်များကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၈) မှာဆိုရင်တော့ ယန့်ယဉ်ယဉ်ကို ဆရာမကြီး တိန့်ရှန့်နှင့် တိန့်ရိတို့က ကယ်တင်ပေးခဲ့ပုံ၊ ယန့်ယဉ်ယဉ်မည်သို့ လွတ်မြောက်ခဲ့ပုံ၊ ဆရာမကြီးနှစ်ယောက်၏ ဆုံးပါးမှုကို ယန့်ယဉ်ယဉ် မသိလိုက်ရပုံ၊ လင့်ဟူချုံးတို့ ရှောင်လင်ကျောင်းထဲရောက်နေမှန်း သိလိုက်ရသဖြင့် ရှောင်လင်ကျောင်းထဲသို့ ပြန်လာခဲ့ပုံနှင့် သိုင်းလောက ဂိုဏ်းများ၏ အရှုပ်အထွေးများကို နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၆၉) မှာဆိုရင်တော့ သူတော်ကောင်း ဂိုဏ်းများမှ ကိုယ်စားပြု သုံးယောက်နှင့် ယန့်ဝေါ်ရှင်တို့ဘက်က သုံးယောက် ယှဉ်ပြိုင်တိုက်ကြရန် ဖြစ်လာပုံ၊ ထိုအထဲတွင်မှ လင့်ဟူချုံးလည်း ယွဲ့ပုချွင်နှင့် ယှဉ်တိုက်ရန် အကြောင်းဖန်လာပုံ၊ ယွဲ့ပုချွင်မှ သားမိုက်အိမ်ပြန် ဓားကွက်နှင့် သားမက် နဂါးစီးသိုင်းကွက်တို့ကို အသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် လင့်ဟူချုံးမှာ သူ့ကို ဂိုဏ်းသို့ ပြန်လာပြီး ယွဲ့လင်စန်းနှင့် လက်ထပ်ရန် အချက်ပြနေသည်ဟု ထင်မြင်သွားကာ အတွေးများနေပုံ၊ အတွေးများနေရင်းနဲ့ ယွဲ့ပုချွင်ရဲ့ တိုက်ကွက်တွေကြောင့် သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ သွေးဆူလာပြီး ဓားဖြင့်ထိုးမိသွားပုံစတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို စိတ်ဝင်စားဖွယ် နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၀) မှာဆိုရင်တော့ ယွဲ့ပုချွင်ရဲ့ ကန်ချက်ကြောင့် သတိမေ့မြောသွားတဲ့ လင့်ဟူချုံးကို ယန့်ယဉ်ယဉ်တို့က ကယ်တင်လာခဲ့ပုံ၊ ယန့်ယဉ်ယဉ်ကို သိုင်းသမားများက ဘာကြောင့် ကြောက်ရွံ့ရိုသေတယ်ဆိုတာကို လင့်ဟူချုံးတစ်ယောက် သိခဲ့ရပုံ၊ ဆရာမကြီး တိန့်ရှန့်နဲ့ တိန့်ယိတို့က ယန့်ယဉ်ယဉ်ကို ခေါ်ထုတ်ပြီး လာရာလမ်းတွင် ထျန်းပေါ်ကွမ်းနှင့်‌ တွေ့ဆုံပြီး လင့်ဟူချုံးတို့၏ အစီအစဉ်ကို သိလိုက်ရသဖြင့် ရှောင်လင်ကျောင်းသို့ ပြန်လာခဲ့ရာ အပ်ချောင်းများဖြင့် အသတ်ခံရပုံ စတဲ့ ဇာတ်လမ်းဇာတ်ကွက်များကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၁) မှာဆိုရင်တော့ လင့်ဟူချုံးတစ်ယောက် ဟိန်ဆန်းဂိုဏ်းချုပ်ဖြစ်လာပုံ၊ လင့်ဟူချုံး၏ ဂိုဏ်းချုပ်ဆက်ခံပွဲကို အသိအကျွမ်းတော်တော်များများက တက်ရောက်ခဲ့ကြပုံ၊ နေလ ဂိုဏ်းချုပ်ကြီး တုန်းဖန်းပုပိုက်က မျက်နှာဝါဂုဏ်ထူးရှင် ကြာပု နဲ့ သိမ်းငှက်သူရဲကောင်း စန့်ကွမ်းယွင်တို့ကို စေလွှတ်ကာ လင့်ဟူချုံး၏ ဂိုဏ်းချုပ်ရာထူးဆက်ခံခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် လက်ဆောင်ပဏ္ဏာများ ပေးပို့ခဲ့ပုံစသည့် ဇာတ်လမ်းဇာတ်ကွက်များကို နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

လင့်ဟူချုံးရဲ့ ဟိန်ဆန်းဂိုဏ်းချုပ်ရာထူးဆက်ခံပွဲကို ဝူတန်းဂိုဏ်းချုပ်ကြီး ရသေ့ ချုံးရွှီးမှလည်း နောက်လိုက်ရှစ်ယောက်နဲ့ အတူ တက်ရောက်ခဲ့ပုံ၊ လင့်ဟူချုံး ဟိန်ဆန်းဂိုဏ်းချုပ်တစ်ယောက် လုပ်ရမည့် တာဝန်ဝတ္တရားတို့ကို ကတိသစ္စာ ခံယူနေစဉ် ဂိုဏ်းကြီးငါးဂိုဏ်း မဟာမိတ်အဖွဲ့ခေါင်းဆောင် ကျော်ချန်လန်၏ အမိန့်ဟုဆိုကာ လင့်ဟူချုံး ဂိုဏ်းချုပ်ဆက်ခံခြင်းကို တားမြစ်ရန် ရောက်လာကြပုံစသည့် ဇာတ်လမ်းဇာတ်ကွက်များကိုတော့ အပိုင်း (၇၂)မှာ စိတ်လှုပ်ရှားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၃) မှာဆိုရင်တော့ ဝူတန်းဂိုဏ်းချုပ်ကြီး ရသေ့ချုံးရွှီးမှ ကျော်လန်ချန် ကန့်ကွက်ရခြင်း၏ အကြောင်းအရင်းတို့ကို လင့်ဟူချုံးအားရှင်းပြပုံ၊ သိုင်းလောက၏ ရှုပ်ထွေးပွေလီလှသည့် ဇာတ်ထုပ်ကြီးအား ဖြည်ချကာ နေလဂိုဏ်းရှိ နေကြာပန်းသိုင်းပေါင်းချုပ်မှာလည်း တစ်ဝက်သာဖြစ်ပြီး အပြည့်အစုံမှာ ဖိရှယ်ဓားသိုင်းဟု ပြောင်းလဲခေါ်တွင်ခဲ့ပြီး ဟွားဆန်းဂိုဏ်းတွင် လေသိုင်းနှင့် ဓားသိုင်းအဖွဲ့ဟု နှစ်ဖွဲ့ကွဲသွားခြင်းမှာလည်း နေကြာပန်းသိုင်းပေါင်းချုပ်ကြောင့်ပင်ဖြစ်ကြောင်း ရှင်းပြခဲ့ပုံတို့ကို စိတ်ဝင်စားဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၄) မှာဆိုရင်တော့ ရသေ့ကြီး ချုံးရွှီးရဲ့ ထောက်ပြမှုတို့ကြောင့် လင့်ဟူချုံးတစ်ယောက် ဆရာဖြစ်သူ ယွဲ့ပုချွင်၏ ဖိရှယ်ဓားသိုင်းကို တပ်မက်သဖြင့် အကွက်ကျကျ ဉာဏ်ဆင်ခြင်းကို နားလည်သဘောပေါက်သွားပုံ၊ ရသေ့ကြီးက လင့်ဟူချုံးကို ဟိန်ဆန်းဂိုဏ်းချုပ်အဖြစ်သာမကဘဲ ဂိုဏ်းကြီးငါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်စေလိုပုံတို့ကို စိတ်ဝင်စားဖွယ်နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၅) မှာ ဆိုရင်တော့ ယန့်ဝေါ်ရှင်က တုန်းဖန်းပုပိုက်လက်အောက်မှ လူတော်တော်များများကို ပြန်လည်သိမ်းသွင်းထားပြီး ဖြစ်ပုံ၊ သစ္စာရှိလှသည့် ထုံပိုင်ရှုံကို ယန့်ဝေါ်ရှင်တို့ သိမ်းသွင်း၍မရနိုင်ပုံ၊ တုန်းဖန်းပုပိုက်မှာ သူ့အပေါ် သစ္စာရှိလှသည့် ထုံပိုင်ရှုံကို ဖမ်းဆီးထားပုံ၊ နေလဂိုဏ်းတွင်း အခြေအနေများရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူကာ မဟူရာတောင်ကုန်းသို့ ဝင်တိုက်ရန်အစီအစဉ်ဆွဲကြပုံတို့ကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၆) မှာဆိုရင်တော့ ယန့်ဝေါ်ရှင်ရဲ့ ဂိုဏ်းချုပ်နေရာကို မသမာတဲ့နည်းနဲ့ လုယူထားခဲ့တဲ့ နေလဂိုဏ်းချုပ် တုန်းဖန်းပုပိုက်ဟာ နေကြာပန်းသိုင်းပေါင်းချုပ်ကို တတ်မြောက်အောင်မြင်ပြီးကာမှ ယောကျ်ားစင်စင်မှ မိန်းမလျာအဖြစ်သို့ ရောက်ရှိနေခဲ့ပုံ၊ တုန်းဖန်းပုပိုက်မှာ သူချစ်ရသူ ရန်လျန်ထိန်၏ စကားတစ်ခွန်းဖြင့်ပင် ကျေးဇူးရှင်အား သတ်ပစ်ခဲ့ပုံ၊ တုန်းဖန်းပုပိုက်၏ သိုင်းပညာအလွန်အဆင့်မြင့်မားနှင့် လင့်ဟူချုံး၏ ဓားသိုင်းမှာလည်း လျှော့တွက်၍မရပုံတို့ကို စိတ်လှုပ်ရှားဖွယ် နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၇) မှာဆိုရင်တော့ တုံးဖန်းပုပိုက်က တစ်ဖက်၊ လင့်ဟူချုံး၊ ရှန့်ဝင့်ထျန်းနဲ့ စန့်ကွမ်းယွင်တို့က တစ်ဖက် လေးယောက် တစ်ယောက် တိုက်ခိုက်ကြပုံ၊ အခြေအနေမဟန်သဖြင့် ယန့်ယဉ်ယဉ်မှ ရန်လျန်ထိန်ကို နှိပ်စက်ကာ တုံးဖန်းပုပိုက်အား အာရုံထွေပြားစေပုံ၊ တုံးဖန်းပုပိုက်က နေကြာပန်းသိုင်းပေါင်းချုပ်ကို ကျင့်ကြံဖို့ သင်းကွပ်လိုက်ရကာ သူ၏သဘာဝနှင့် စိတ်တို့မှာလည်း ပြောင်းလဲလာပုံတို့ကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၈) မှာဆိုရင်တော့ ရီလင်ဆီမှ သတင်းပေးမှုကြောင့် ယွဲ့လင်စန်းတစ်ယောက် လက်ဆက်သွားပြီဖြစ်မှန်း လင့်ဟူချုံးကြားသိရပုံ၊ ရီလင်၏ ဖခင်ဖြစ်သူ ပုကျက် ဘုန်းကြီးနှင့်လည်း ပြန်လည်တွေ့ဆုံကာ ထျန်းပေါ်ကွမ်းမှာလည်း ဘုန်းကြီးဝတ်သွားမှန်း သိရပုံ၊ ယွဲ့ပုချွင်မှာ လင့်ဟူချုံးကို အသုံးချရန် အချိုသပ်ပုံစသည့်ဇာတ်ကွက်များကို စိတ်ဝင်စားဖွယ် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၇၉) မှာဆိုရင်တော့ ဂိုဏ်းကြီးငါးဂိုဏ်း ပူးပေါင်းရန် ဆွေးနွေးကြပုံ၊ ဂိုဏ်းတွင်း သဘောထားမတိုက်ဆိုင်မှုများလည်း ပေါ်ပေါက်ကာ ဂိုဏ်းချုပ်ရာထူး လုကြပုံ၊ အရှေ့ပင်လယ်မှ ဘီလူးကြီးကို ခေါ်ယူကာ ဂိုဏ်းချုပ်ကြီး ထျန်းမန်ကို လုပ်ကြံခဲ့ပုံ စသည့် ဇာတ်လမ်းဇာတ်ကွက်များကို စိတ်လှုပ်ရှားဖွယ် နားသောတဆင်နိုင်မှာ ဖြစ်ပါတယ်။

သိုင်းလောကရဲ့ စိန်ခေါ်သံ

အပိုင်း (၈၀)မှာ ဆိုရင်တော့ ကျော်လန်ချန် ဂိုဏ်းကြီးငါးဂိုဏ်း၏ ဂိုဏ်းချုပ်လုပ်မည့် ကိစ္စကို မက်မွန်ညီနောင်များက မြှောက်ပင့်ဟန်ပြုကာ စကားအရာဖြင့် ရိုက်ချကြပုံ၊ ကျော်လန်ချန်၏ ယုတ်မာသည့် အကြံများ ပေါ်လွင်ထင်ရှားလာပုံ၊ ဂိုဏ်းကြီးငါးဂိုဏ်း ပူးပေါင်းမည့်ကိစ္စကို သိပ်မဆွေးနွေးချင်သူများကလည်း မက်မွန်ညီနောင်များ၏ ကျော်လန်ချန်ကို စကားဖြင့် ထိုးနှက်နေခြင်း တပြုံးပြုံးကြည့်ကာ ပွဲကျနေကြပုံ စသည်တို့ကို စိတ်ဝင်စားဖွယ် နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။