Skip to content
Podcast
Video
Blog
Event
Our Team
Menu
Podcast
Video
Blog
Event
Our Team
“ဂန္ထဝင်နန်းတော်များ”
တစ်ချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ တခမ်းတနား စံမြန်းအုပ်စိုးခဲ့ကြဖူးတဲ့ နိုင်ငံအသီးသီးမှာ ရှေးခေတ်ဘုရင်တွေ အခိုင်အမာတည်ဆောက်ခဲ့ကြတဲ့ နန်းတော်ကြီးတွေရှိကြပါတယ်။ ဒီနေ့အချိန်ထိ ဘုရင်စနစ်ကိုလက်ခံကျင့်သုံးနေကြတဲ့ တချို့နိုင်ငံတွေမှာဆိုရင် ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုတွေဟာ အဆိုပါနန်းတော်ကြီးတွေမှာနေထိုင်ကြလျက်ရှိပြီး ဘုရင်စနစ်ဖျက်သိမ်းထားတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အဲဒီလိုနန်းတော်ကြီးတွေကို နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂရုတစိုက်ထိန်းသိမ်းထားလျက်ရှိနေတာကိုတွေ့ရပါတယ်။ ကမ္လာတစ်ဝှမ်းမှ ဒီလိုကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်ကြီးတွေရဲ့ အကြောင်းကိုတော့ Z-Lann ကနေတင်ဆက်ပေးထားတဲ့ “ဂန္ထဝင်နန်းတော်များ” ဆိုတဲ့ကဏ္ဍလေးမှာ နားဆင်ခံစားနိုင်ပါတယ်။